စက်တင်ဘာလ (၄)ရက်။
ရန်ကုန်မြို့ပေါ်ရှိ မြို့နယ် (၄)ခုက နေရာအချို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ ကလောင်နီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပေါ်တာဆွဲတာတွေနဲ့ အင်တိုက်အားတိုက်ပြုလုပ်နေတဲ့ ရန်ကုန်မြို့ပေါ်မှာ AJAY နဲ့ လူငယ်သပိတ်ကော်မတီ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကလောင်နီလှုပ်ရှားမှုထဲ “ တပ်ကိုဖျက်တာ မင်းအောင်လှိုင်” ၊ “ မင်းအောင်လှိုင်သေမှအေးမှာ” ဆိုတဲ့ စာသားတွေအပါအ၀င် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားတွေကို မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာနဲ့ ဝေဇယန္တာလမ်းမကြီး စတဲ့နေရာတွေမှာ ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။
အခုတခေါက် ကလောင်နီလှုပ်ရှားမှုဟာ (၃)ကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ပေါ်ရှိ နေရာအနှံ့အပြားမှာ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကလောင်နီဟာ လူထုရဲ့ အသံ ၊ လူထုရဲ့ ကလောင်ဖြစ်တဲ့အတွက် ပြည်သူတိုင်း ကလောင်နီလှုပ်ရှားမှုထဲ ပူးပေါင်းပါ၀င်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါ၀င်ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။