နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ မြေပြင်ကြည်းတပ်အင်အား ပြိုကျနေပြီလို့ NUG ယာယီသမ္မတပြော

စက်တင်ဘာလ (၇)ရက်။

အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိပြိုကျနေပြီလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ ဒီကနေ့ ခုခံတော်လှန်စစ် (၃)နှစ်ပြည့် သတင်းစကားမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ပြိုကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အား အဓိကထားကာ သူတို့ရဲ့အရှုံးကို ဖာထေးဖို့ ကြိုးစားနေသလို လူထုရဲ့ အသက်နဲ့ခန္တာကို စတေးပြီး အာဏာအဆောက်အအုံကို မြဲမြံစေဖို့ အသုံးချနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီစနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးယန္တရား၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ဝေခံအသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်အောင်နဲ့ အသက်ရှုပေါက်ချောင်အောင် ဆက်လက်ပံ့ပိုးနေတယ်လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။

တရားတဲ့ခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချအနိုင်ရရှိမှာဖြစ်ပြီး ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ(။) ချပေးနိုင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အရေးတော်ပုံတပ်သားတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ အမည်နာမနဲ့ ကိုက်ညီအောင် တော်လှန်ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ပြည်သူရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းထားပါတယ်။

ခုခံတော်လှန်စစ်မှာ တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးယုံကြည်ချက်ကို မြဲမြံစွာနဲ့ ကျရာအခန်းကဏ္ဍကနေ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီးကနေ ပါ၀င်ထမ်းရွက်နေကြတဲ့ တော်လှန်ရေးတပ်သားအပေါင်းကို လေးမြတ်စွာဦးညွှတ်တယ်လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးဘက်တော်သားတွေဟာ ဘယ်လိုအခြေအနေမှာမဆို လူထုနဲ့ တသားထဲရှိဖို့က တော်လှန်ရေးရဲ့ အခြေခံအမူအကျင့်ဖြစ်ဖို့ အထူးလိုအပ်ပြီး ပြည်သူနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်တောက်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတစ်ကြိမ် အားစိုက်ရုံးထဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ