စက်တင်ဘာလ (၇)ရက်။
မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့် ပြင်းထန်စွာ သတိပေးချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။
လက်နက်ချအညံ့ခံသူတွေကို ဂျနီဗာကွန်ဗန်းရှင်းဥပဒေနဲ့အညီ အကာအကွယ်ပေးသွားမှာဖြစ်ပြီး လက်နက်နဲ့တကွ အညံ့ခံ ဘက်ပြောင်းလာသူတွေကို ဆုငွေနဲ့ အခြားခံစားခွင့်တွေ ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ခုခံသူတွေအနေနဲ့လဲ ရှေ့မှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေအတိုင်း ကြုံတွေ့ရမှာဖြစ်သလို အခုထုတ်ပြန်တဲ့ သတိပေးကြေညာချက်ဟာ ရက်သတ္တပတ် (၄)ပတ်တိတိ အကျုံး၀င်တယ်လို့ ရေးသားထားပါတယ်။
သရက်ကန်ရွာနဲ့ ပျူစောထီးစခန်းတို့မှာ အခြေချပြီး အမှီပြုနေထိုင်နေတဲ့ ရပ်ရွာနေပြည်သူတွေအနေနဲ့ ကျေးရွာထဲကနေ အောက်တိုဘာလ (၆)ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။