နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲဆောက်မြိုမှာ သက်ငယ်မုဒိန်းမှု ကျူးလွန်တဲ့သူ‌ကို အမြန်ဆုံးအရေးယူပြီး ကျူးလွန်ခံရတဲ့ ကလေးငယ်နဲ့ မိသားစုကို အကာအကွယ်ပေးဖို လူပေါင်း (၁၆၀၀) ကျော်က NUG ထံ လက်မှတ်ရေးထိုးတောင်းဆို

စက်တင်ဘာလ (၁၃)ရက်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုမှာ CDM တက္ကသိုလ်ဆရာမတစ်ဦးရဲ့ ကလေးကို သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူကို အမြန်ဆုံးအရေးယူဖို့ လူဦးရေ (၁၆၇၉) ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး NUG ကို အိတ်ဖွင့်ပေးစာ ပေးပိုတောင်းဆိုခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအမှုမှာ ကျူးလွန်သူ အသက် (၆၀) နှစ်အရွယ်ရှိ ဦးအောင်မင်းဆိုသူကို NUG ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်၀န်ကြီးဌာနနဲ့ ကလေးမြိုနယ် ပြည်သူ့ရဲတပ်ဖွဲတောင်ပိုင်းက ပုဒ်မ-၃၇၇နဲ့ အမှုဖွင့်ထားပေမယ့် ထိရောက်တဲ့ အရေးယူတာမျိုး မရှိသေးဘူးလို ဆိုပါတယ်။

နောက်ပြီး ကျူးလွန်ခံရသူတွေကို နှုတ်ပိတ်ဖို့ ကြိုးစားတာ၊ ကလေးငယ်ကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာနဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်စေဖို သင့်တော်မှန်ကန်တဲ့ ပံ့ပိုးကူညီတာတွေ မရှိတာ စတာတွေကို တွေ့ရှိရတယ်လို ဖော်ပြထားပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုတာတွေ အရှိန်မြှင့်ပြီး တရားမျှတမှု ရရှိစေဖို့ အလျင်အမြန်ဆောင်ရွက်ပေးဖို့နဲ့ အမှုကိစ္စ နှောင့်နှေးတာဟာ လက်ခံနိုင်ဖွယ်မရှိသလို လူအများရဲ့ ယုံကြည်ချက်ကိုပါ ပျက်ပြားစေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကလေးငယ်နဲ့ မိသားစုကို ချက်ခြင်းကာကွယ်ပေးဖို့ အပါအ၀င် သူတိုကို ခြိမ်းခြောက် အန္တရာယ်ပြု ထိခိုက်တာတွေကနေ အကာအကွယ်ပေးရမှာဖြစ်ပြီး ဘေးကင်းလုံခြုံရာကို ပိုဆောင်ထားကာ ကလေးငယ်ကို ဆေးကုသတာနဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်တာတို့ကို အရေးပေါ်စီစဉ်ပေးဖို တောင်းဆိုထားပါတယ်။

ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ ခိုင်မာအားကောင်းဖို အခုဖြစ်ရပ်လိုမျိုး ရာဇ၀တ်မှုတွေကို တားဆီးဖိုနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို ခိုင်မာတဲ့ အစီအမံတွေကို အကောင်အထည်ဖော်ရာမှာ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အခုဖြစ်ရပ်ဟာ ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေအပေါ် အကာအကွယ်ပေးဖို့ ပျက်ကွက်တာကို မီးမောင်းထိုးဖော်ပြနေပြီး ကျူးလွန်သူကို တာ၀န်ခံစေဖို့နဲ့ ကလေးငယ်နဲ့ မိသားစုအတွက် လိုအပ်တဲ့ အကာအကွယ်တွေ ရရှိဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ NUG ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 9 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 12 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 12 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 10 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 10 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 33 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 27 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို