နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ရုပ်ပိုင်းဆိုင်ရာနှင့် စမတ်ကျသော နယ်စပ်စည်းရိုး ကာရံခြင်းသည် မကြာမီ မြန်မာနယ်စပ်တွင် ပေါ်လာမည်ဖြစ်သည်။

စက်တင်ဘာလ (၂၅) ရက်။

လက်ရှိအင်ဒို-မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းမရှိသေးဘဲ အာသံရိုင်ဖယ် (Assam Rifles)တပ်ဖွဲ့ သည် တပ်ဖွဲ့စစ်ရေးအခြေခံ စခန်းများဟု ခေါ်တွင်ပြီး ၎င်း၏အမှုထမ်းများ ဖြန့်ကျက်ထားရာ နယ်စပ်ဒေသ နေရာဖြစ်သည်။

အိန္ဒိယနှင့် မြန်မာကြား အဆိုပြုထားသည့် ၁၆၄၃ ကီလိုမီတာ ရှည်လျားသော နယ်စပ်ခြံစည်းရိုးသည် ရုပ်ပိုင်းဆိုင်ရာနှင့် ခေတ်မီစမတ်ကျသော ကာရံခြင်းတို့ကို ပေါင်းစပ်ကာ အာသံရိုင်ဖယ် (AR) နယ်ခြားစောင့်တပ်မှ ခြံစည်းရိုးခတ်ပြီးသည်နှင့် အနီးနားရှိ လွင်ပြင်များတွင် နယ်ခြားစောင့်စခန်းများ စိုက်ထူနိုင်ဖွယ်ရှိကြောင်း ထိုကိစ္စကို သိသည့် တာဝန်ရှိသူများက ဆိုပါသည်။

ကင်းစခန်းများအသုံးပြုခြင်းသည် အနောက်ဘက်နယ်စပ်ရှိ အင်ဒို-ပါကစ္စတန်နယ်စပ်နှင့် အရှေ့ဘက်ရှိ အင်ဒို-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) မှ ချမှတ်ထားသော အယူအဆဖြစ်သည်။ နယ်စပ်ကင်းစခန်းများရှိ ဝန်ထမ်းများသည် နယ်စပ်တလျှောက်ရှိ ကျယ်ပြန့်သော နေရာဒေသကြီးများကို စောင့်ကြည့်နေသည့်နေရာတွင် အားသာချက်များရှိသည်။ လက်ရှိ အင်ဒို-မြန်မာ နယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းမရှိသေးဘဲ အာသံရိုင်ဖယ်သည် တပ်ဖွဲ့၏ လုပ်ငန်းလည်ပတ်ရေး အခြေစိုက်စခန်းဟု ခေါ်တွင်ပြီး ၎င်း၏အမှုထမ်းများကိုဖြန့်ကျက်ချထားခြင်းပြုထားသည်။ တောင်ကုန်းနှင့် တောတောင်များတွင် ကင်းစခန်းများထားရှိခြင်းသည် ကောင်းသောအကြံမဟုတ်ကြောင်း မြေပြင်ရှိ တာဝန်ယူထားသော အာသံရိုင်ဖယ် တပ်သားများက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြစ်ချောင်းများသည် အကွေ့အကောက်များဖြင့် ဖြတ်သန်းသွားလာနေမှုကြောင့် ၁၆၄၃ ကီလိုမီတာ ပတ်လည်ကို ခြံစည်းရိုးခတ်ခြင်း မပြုနိုင်သော်လည်း တပ်ဖွဲ့ဝင်များသည် CCTV ကင်မရာများနှင့် လှုပ်ရှားမှု အာရုံခံကိရိယာများဖြင့် စမတ်ကျကျစောင့်ကြည့်သည့် ကာရံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိန္ဒူတိုင်းသတင်းမှ တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

“ခြံစည်းရိုးက မြေနယ်နိမိတ်ရှိတဲ့ နေရာတွေမှာ ဖြစ်မယ်။ နယ်စပ်က ချောင်းငယ်တွေ၊ မြစ်တွေ ဖြတ်သွားတဲ့ နေရာတွေရှိတယ်။”

ချောင်းများသည် လမ်းကြောင်းပြောင်းကာ မုတ်သုံရာသီတွင် ရေစီးသန်သည့်အင်အား ဖြစ်လာသည်။ ထိုသို့သောနေရာများတွင် အာသံရိုင်ဖယ်များသည် ရုပ်ပိုင်းဆိုင်ရာစည်းရိုးမဟုတ်သည့် စမတ်ကာရံခြင်းကို အသုံးပြုမည်ဖြစ်သည်။ စိမ့်ဝင်မှုကို စစ်ဆေးရန် မြေအောက်အာရုံခံကိရိယာများနှင့် လှုပ်ရှားမှုကို ထောက်လှမ်းသည့် ကင်မရာများ ပါရှိမည်ဖြစ်သည်။ ဒီနည်းပညာနှစ်ခုကို အင်ဒို-ပါကစ္စတန်နယ်စပ် တလျှောက်မှာ အသုံးပြုနေပါတယ်” ဟု အမည်မဖော်လိုသည့် အာသံရိုင်ဖယ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ခြံစည်းရိုးကို နယ်စပ်မျဉ်းတည့်တည့်တွင် မဟုတ်ဘဲ နယ်စပ်မျဉ်းမှ မီတာ ၁၅၀ အကွာတွင် ပုံမှန်အတိုင်း ဆောက်လုပ်မည်ဖြစ်သည်။

နယ်စပ်တလျှောက်မှာ ရွာပေါင်း ၇၆၂ ရွာရှိတယ်လို့ အရာရှိက ပြောပါတယ်။ “အများစုက နယ်စပ်ရဲ့ မီတာ ၁၅၀ အကွာမှာ ရှိမယ်။ ဆိုလိုတာက ခြံစည်းရိုးဆောက်တဲ့အခါ ရွာတွေက ခြံစည်းရိုးနဲ့ နယ်နိမိတ်မှတ်တိုင်ကြားမှာရှိမယ်။”

ဆိုလိုသည်မှာ ထိုကျေးရွာများနှင့် ၎င်း၏နေထိုင်သူများအတွက် အဝင်အထွက်ဂိတ်ကို စည်းကမ်းသတ်မှတ်ထားရှိခြင်းကို ဆိုလိုသည်။ ရွာသူရွာသားများ မှောင်ခို လုပ်ငန်းများတွင် မပါဝင်စေရန် CCTV ကင်မရာများ နှင့် တံခါးဘောင်တပ်ထားသည့် သတ္တုရှာဖွေစက်များ ဖြင့်လည်း နာရီမလပ်စောင့်ကြည့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ နယ်မြေ အပေါ်မူတည်ပြီး ခြံစည်းရိုးခတ်ပြီးတာနဲ့ ဒီလို မှောင်ခိုလုပ်ငန်းရှိတဲ့ ကျေးရွာတွေမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ကို ချထား စောင့်ကြည့် သွားမှာဖြစ်တယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။

၄၀၉၅.၇ ကီလိုမီတာ အကွာအဝေးရှိ အင်ဒို-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင်လည်း ခြံစည်းရိုးနှင့် နယ်စပ်ကြားတွင် ရွာအချို့ရှိသည်။ ထိုနေရာများတွင် နယ်စပ်ခြံစည်းရိုးတွင် ဂိတ်များ တပ်ဆင်ထားသည်။

“ဧပြီလက MHA နဲ့ ပြုလုပ်ခဲ့တဲ့ နယ်ခြားစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ခြံစည်းရိုး ဆောက်ပြီးတာနဲ့ အနည်းဆုံး လွင်ပြင်မှာလည်း နယ်ခြားစောင့်စခန်းတွေရဲ့ ဗျူဟာကို လိုက်နာဖို့ အကြံပြုခဲ့ပါတယ်။”

အင်ဒို-မြန်မာ နယ်စပ်ရှိ နေရာတိုင်းတွင် နယ်စပ်စခန်းများထားရှိခြင်းသည် အကျိုးမရှိပေ။ Rajasthan ရှိ Indo-Pak နယ်စပ် သို့မဟုတ် အနောက်ဘင်္ဂလားရှိ အင်ဒို-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်၊ မျှော်စင်တစ်ခုမှတခုသို့ ၅-၁၀ ကီလိုမီတာအကွာရှိ နယ်ခြားစောင့်ကင်းစခန်းတွင် နယ်ခြားစောင့်အဖွဲ့ တစ်ဖွဲ့ထားရှိခြင်းသည် အကျိုးရှိမည်ဖြစ်သည်။

အင်ဒို-မြန်မာနယ်စပ် တောင်ကုန်းမြင့်ပိုင်းတွေမှာ ခြံစည်းရိုး ခတ်ထားရင်တောင် အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခြံစည်းရိုးခတ်မယ်ဆိုရင် လွင်ပြင်မှာသာ လုပ်ဆောင်လက်ခံနိုင်ဖွယ်ရှိပါတယ်” ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ သိရှိနားလည်သည့် အမည်မဖော်လိုသူ ဒုတိယအကြီးတန်း အစိုးရအရာရှိတစ်ဦးက ပြောသည်။

Source: Hindustan Times news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 17 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး