မေလ (၇)ရက်။
မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး (၁)ဦးဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာကို ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရကာ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဆီကနေ MA-3 (၁)လက်၊ MA ကျည်ဘောက် (၄)ခုနဲ့ ကျည် (၁၀၀)ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)ရဲ့ ဒူကရစစ်ကြောင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတွေကို အရှိန်မြှင့် ဆောင်ရွက်နေတဲ့အချိန်ဖြစ်ကြောင့် စစ်ရေးသတိပြု သွားလာကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲ စစ်တပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်တာတွေ ရှိနိုင်တာကြောင့် လေကြောင်းရန်ကာကွယ်ဖို့ သတင်းအချက်အလက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အတူ ပြည်သူဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








