စက်တင်ဘာလ (၂၆)ရက်။
စက်တင်ဘာလ (၂၃)ရက် နံနက် (၉)နာရီအချိန်က ပုသိမ်ကြီးမြို့နယ်ထဲ စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၂၃)ရက်နေ့ နံနက် (၉)နာရီလောက်မှာ ကံကြီးရွာက ပျူစောထီး နေလင်းဦးနဲ့ စစ်ကောင်စီရဲ့ ဒလန်အကြီးစား ဒေါ်ပိုတို့ကို ဖမ်းဆီးဖို့လုပ်တဲ့အချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့သူတွေဟာ ပုသိမ်ကြီးမြို့ ကံကြီးရွာနေ စစ်ကောင်စီဒေါက်တိုင် ပျူစောထီး နေလင်းဦးနဲ့ သတင်းပေး ဒေါ်ပိုတို့ဖြစ်ကာ ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
သတင်းပေးဒလန်ဖြစ်သူ ဒေါ်ပိုဟာ ထီးတော်မိုးနဲ့ လစရ(၅)တပ်နဲ့ ကံကြီးရွာထဲရှိ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာနဲ့ အသွားအလာတို့ကို သတင်းပေးနေတာလို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဒေါက်တိုင် ပျူစောထီး နေလင်းဦးနဲ့ သတင်းပေးဒလန်အကြီးစား ဒေါ်ပိုတို့ဟာ ပစ်ခတ်ရှင်းလင်းခံရတဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင်တွေကို အလျဉ်းသင့်သလို အပြစ်ပေးရှင်းလင်းသွားမယ်လို့လဲ မြို့နယ်ပကဖရဲ့ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။