ဇွန်လ (၂၆)ရက်။
လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက် (၄)နာရီအထိ တရက်နီးပါးကြာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေ အများအပြားရှိခဲ့ကာ ဒဏ်ရာရသူတွေနဲ့အတူ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဆီက ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲကို ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း(T1)က ဦးဆောင်ပြီး လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း၊ လောင်းလုံးပကဖ၊ ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်းပကဖ)၊ Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ SRF၊ Dragon Squad(2) TNI နဲ့ အထူးပြောက်ကျားတပ်ဖွဲ့ (SGF)တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။






