(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အပါအဝင် သေဆုံးထိခိုက်အများအပြား ရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၃ရက်ည ၈နာရီကျော် အချိန်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်များဖြင့် KIAဖားကန့်မြို့နယ်ရှိ တပ်မဟာ (၉) နယ်မြေရှိ အခမ်းအနားကျင်းပရာနေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ နှင့် KIA စစ်ဘက်မှ ပုဂ္ဂိုလ်များ ထိခိုက်ကျဆုံး အများအပြား ရှိသည်ဟု ကချင်ဒေသခံက ပြောကြားခဲ့ပါသည်။
သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရသေးသော်လည်း သေဆုံးသူ ၅၀ ကျော်ရှိပြီဟု သိရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ယခုလုပ်ရပ်သည် စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်ဖြစ်ကြောင်း KIO တာဝန်ရှိသူတစ်ဦးကပြောကြားကြောင်း လူထုနွေဦးသတင်းတွင် ဖော်ပြထားသည်။