နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်နဲ့ မောင်တောမှာ မူဆလင်လက်နက်ကိုင်တွေနဲ့ AA တိူ့ တိုက်ပွဲဖြစ်ပွားခဲ့၊ မူဆလင်လက်နက်ကိုင်တပ်စခန်းတစ်ခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆာ်းရမိခဲ့တယ်လို့ AA ထုတ်ပြန်

အောက်တိုဘာလ (၈)ရက်။

အောက်တိုဘာလ (၆)ရက်နေ့က ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ARSA နဲ့ RSO မူဆလင်လက်နက်ကိုင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘူးသီးတောင်မြို့၊ ရွှေထား(မူဆလင်)ရွာရဲ့ အနောက်ဘက် (၄.၉)ကီလိုမီတာအကွာမှာ ARSA မူဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းကို AA က တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့အပါအဝင် သူတို့ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မောင်တောမြို့နယ်မှာ နယ်မြေလုံခြုံရေးကင်းလှည့်နေတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ RSO မူဆလင်လက်နက်ကိုင်အဖွဲ့တို့ လိပ်ရစခန်းအနီးမှာ မိနစ်အနည်းငယ်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာလဲ RSO မူဆလင်လက်နက်ကိုင်အဖွဲ့ထံက MA-2 တစ်လက်၊ G-3 (၂)လက်၊ ကျောပိုးအိတ် (၁၂)လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ARSA နဲ့ RSO တို့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းအများစုဟာ စစ်ကောင်စီရဲ့ ကပစစက်ရုံထုတ် လက်နက်တွေဖြစ်ပြီး စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ လက်နက်၊ နင်းမိုင်း၊ မြေမြုပ်မိုင်းနဲ့ စွန့်လွှတ်မိုင်းတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းထဲ အကြမ်းဖက်လုပ်ရပ်တွေကို ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိနဲ့နေထိုင်ပြီး သတိပြုစောင့်ကြည့်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 30 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 27 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 29 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 26 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 35 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 31 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 31 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 23 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို