အောက်တိုဘာလ (၁၆)ရက်။
ပုလောမြို့နယ်ထဲရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းကိုင်းမှာ တော်လှန်ရေးမဟာမိတ်တက်တွေနဲ့ အကြမ်ူဖက်စစ်အုပ်စုတို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ အောက်တိုဘာလ (၁၄)ရက်နေ့ကစပြီး ဖြစ်ပွားနေကာ အခုအချိန်အထိ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုဘက်က လေကြောင်းပစ်ကူတွေပါ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို အသုံးပြုပြီး ခရီးသွားလာတာမပြုဖို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။
နောက်ပြီး သတင်းမီဒီယာတွေအနေနဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ သတင်းရေးသားတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံထားပြီး တိုက်ပွဲသတင်းတွေကို သင့်လျော်တဲ့အချိန်မှာ တရားဝင်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြိတ်မြို့ကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ပုလောမြို့နယ်ထဲရှိ မီးလောင်ချောင်းရွာအပါအဝင် အနီးဝန်းကျင်နေရာတွေကို စစ်ကြောင်းထိုးလာတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနေ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ထိခိုက်တာတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ပြောဆိုချက်တွေအရ သိရပါတယ်။