နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အောက်တိုဘာလ ၁၉ ရက်နေ့ည အစ္စရေးတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၇ ဦးသေဆုံး

အောက်တိုဘာလ (၂၁) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၇ လောင်းကို ရရှိထားပြီး ကျန် ၆၀ ဦးကို အပျက်အစီးများအောက်တွင် မြှုပ်နှံထားကြောင်း သိရသည်။ လူ ၄၀ ကျော် ဒဏ်ရာရခဲ့ပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဖော်ပြထားသည်။

အလွန်ဆိုးရွားသော အခြေအနေကို ပြသသည့် ရုပ်သံဖိုင်၌ သေဆုံးသူများထဲတွင် ကလေးငယ်များစွာ ပါဝင်ပြီး အများအပြားမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြသထားသည်။ အခြားရုပ်သံတွင် ဆေးရုံရှိ အလောင်းအိတ်များနှင့် ဝမ်းနည်းပူဆွေးနေသော ဆွေမျိုးများကို ပြသထားသည်။

အောက်တိုဘာလ (၂၀) ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်ပွားရာနေရာမှ အမည်မသိအမျိုးသားတစ်ဦးက အဆိုပါပျက်စီးသွားသည့် နေအိမ်လေးလုံးတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်နေကြောင်း ပြောပြခဲ့ပြီး ၎င်းတို့သည် အရပ်သားများဖြစ်သည်ဟု ဆိုကာ စစ်ပွဲရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြသည်။

CNN သည် ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စရေးစစ်တပ်ထံမှ မှတ်ချက်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လူ ၇၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များ၏ အစီရင်ခံစာများကို ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် ပုံကြီးချဲ့ပြီး ပြောနေသည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးပစ်မှတ်များကို တိကျစွာ ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။

Kamal Adwan ဆေးရုံမှ ဒါရိုက်တာက လူအများအပြား သေဆုံးဒဏ်ရာရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း ဆေးရုံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း CNN သို့ ပြောကြားခဲ့သည်။ ဆေးရုံညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ ဒဏ်ရာရသူများသည် ကုသမှု မခံယူနိုင်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေများကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်ကြောက်ရွံ့စရာကောင်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂါဇာတွင် အိပ်မက်ဆိုးများ ပိုမိုပြင်းထန်လာနေသည်ဟု ပြောကြားခဲ့သည်။ ပဋိပက္ခများ၊ အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြားတွင် ဂါဇာမြောက်ပိုင်းတွင် ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ်မြင်ကွင်းများကို အထူးသံတမန်က ထောက်ပြခဲ့သည်။ “အရပ်သားတွေကို ဘယ်နေရာပဲရောက်ရောက် မဖြစ်မနေ အကာအကွယ်ပေးရမယ်” ​​ဟု ၎င်းက ဆိုသည်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ် အောက်တိုဘာ ၇ ရက်က အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ ဝင်ရောက် စီးနင်းမှုနောက်ပိုင်း ဂါဇာတွင် လူပေါင်း ၄၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပါလက်စတိုင်းတို့ ကြည့်ရှုနေစဉ်။/အောက်တိုဘာ ၂၀ ရက်/Islam Ahmed/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ