နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အထူးတပ်ဖွဲ့စစ်ဆင်ရေးဖြင့် အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာစပိုင်ကို လက်ဘနွန်ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီး

နိုဝင်ဘာလ (၃) ရက်။

အစ္စရေးရေတပ် အထူးတပ်ဖွဲ့ “ရှာရက်တေ ၁၃ (Shayetet 13)” ၏ စစ်ဆင်ရေးတွင် လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့၏ အဆင့်မြင့် စပိုင်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း အစ္စရေး စစ်တပ်က နိုဝင်ဘာလ ၃ ရက်တွင် ကြေညာခဲ့သည်။

လက်ဘနွန်မြောက်ပိုင်း ဘာထရွန် (Batroun) ကို အစ္စရေးတပ်ဖွဲ့ဝင်များ ကမ်းခြေမှ တဆင့် လက်ဘနွန်ပိုင်နက်သို့ ဝင်ရောက်ခဲ့ပြီး ထိုအမျိုးသားကို ဖမ်းဆီးကာ အစ္စရေးပိုင်နက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးစစ်တပ်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ စစ်ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

“ရှာရက်တေ ၁၃ သည် အစ္စရေးမြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ Atrit ရေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်သည့် ထိပ်တန်း အထူးတပ်ဖွဲ့တစ်ခုဖြစ်သည်။ အစ္စရေးစစ်တပ်၏ အဆိုအရ ၎င်းတို့သည် ရန်သူနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းနှင့် အရေးကြီးသော အဆောက်အအုံများ ပျက်စီးခြင်းစသည့် မဟာဗျူဟာမြောက် ဖျက်ဆီးရေး လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

လက်ဘနွန်နိုင်ငံပိုင်သတင်းအေဂျင်စီ NNA က နိုဝင်ဘာလ (၁) ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ဘာထရွန်ကမ်းရိုးတန်းတွင် အမည်မသိတပ်မျဖွဲ့ဝင်ား ဆင်းသက်သည့် စစ်ဆင်ရေးတစ်ခုကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖော်ပြခဲ့သည်။ တပ်ဖွဲ့ဝင်များသည် ကမ်းရိုးတန်းအနီးရှိ အိမ်တစ်အိမ်မှ အရပ်သားများကို ပြန်ပေးဆွဲကာ မြန်နှုန်းမြင့် စက်လှေများဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

လက်ဘနွန်အစိုးရက ၎င်း၏လုံခြုံရေးဝန်ဆောင်မှုများသည် ဘာထရွန်ဒေသ၌ နံနက်အရုဏ်တက်ချိန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာက အဆိုပါဒေသတွင် အစ္စရေး၏ ရန်လိုသည့် ကျူးကျော်ဝင်ရောက်ခဲ့သည့် လုပ်ရပ်များကို ရည်ညွှန်းပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အစ္စရေး စစ်ဘက်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အစ္စရေးမြောက်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ရှာရက်တေ ၁၃ ဟု ယူဆရသည့် အစ္စရေးရေတပ် အထူးတပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်းတစ်ခုကို ဟစ်ဇ်ဘိုလာက တိုက်ခိုက်ခဲ့ကြောင်း လွန်ခဲ့သော တစ်လခန့်က ကြေညာခဲ့သည်။ ထိုအချိန်တွင် အစ္စရေးစစ်တပ်က “ထိခိုက်ဒဏ်ရာရရှိမှုမရှိ” ဟုသာ ပြောကြားခဲ့သည်။

ဓာတ်ပုံ။

ပင်လယ်ပြင် ကင်းလှည့်နေသည့် လက်ဘနွန်စစ်တပ်/Mohamed Abd El Ghany/Reuters

အစ္စရေးက ဖမ်းဆီးသွားသည့် ဟစ်ဇဘိုလာအရာရှိ Imad Amhaz

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ