နိုဝင်ဘာလ (၄)ရက်။
နိုဝင်ဘာလ (၁)ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆင်ရိုးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၉)အပါအဝင် အမှတ်(၂)စစ်ဒေသခွဲ၊ တပ်ရင်း (၃၇၀၂)နဲ့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး G3 တလက်၊ G3 ကျည် (၁၇၄)တောင့်၊ G3 ကျည်ဘောက် (၃)ခု၊ ကိုးလုံးကျည် (၂၉)တောင့်နဲ့ အခြားလက်လုပ်သေနတ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆင်ရိုးခင်ကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။