နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ

မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ

+++++++++++++++++++++++

အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲကာလအတွင်း မဲပေးသူတွေအတွက် တစ်ရက် ဒေါ်လာတစ်သန်း မဲဖောက်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်အနေနဲ့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ပန်ဆီဗေးနီးယားပြည်နယ် တရားသူကြီးက စီရင်ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီစီရင်ချက်ကို အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ 5 ရက်နေ့မတိုင်မီတစ်ရက်မှာ ချမှတ်ခဲ့တာပါ။ အီလွန်မက်စ် မဲဖောက်ပေးမယ့်  ဒေါ်လာတစ်သန်းအစီအစဉ်ကို တားမြစ်ပေးဖို့ ဖီလာဒယ်ဖီယာခရိုင်ရှေ့နေ လယ်ရီ ခရက်စ်နာ တင်ပြတောင်းဆိုမှုအပေါ် တရားသူကြီး အိန်ဂျယ်လိုဖိုဂလီတာက ငြင်းဆိုခဲ့ပါတယ်။

ခရိုင်ရှေ့နေ ခရက်စ်နာဟာ အီလွန်မက်စ်မဲဖောက်ရွေးချယ်ပေးတဲ့ ဒေါ်လာ တစ်သန်းမှာ တရားမဝင် ထီစည်းမျဉ်းစည်းကမ်းတွေပါဝင်နေပြီး ဒါဟာ ပြည်နယ်ရဲ့ စားသုံးသူဘက်က ကာကွယ်ရေးဥပဒေနဲ့ ငြိစွန်းနေတယ်လို့ တင်ပြတောင်းဆိုခဲ့တာပါ။

ဘီလျံနာအီလွန်မက်စ်ရဲ့ ဒေါ်နယ်ထရန့်ကို လိုလားတဲ့ နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီ(PAC)အကြံပေး ရှေ့နေကတော့ ဒေါ်လာတစ်သန်းကံထူးရှင်တွေကို လက်နဲ့ မဲနှိုက်ရွေးချယ်ခြင်းသာဖြစ်ပြီး ရမ်ဒန်(ကျပန်း)ရွေးချယ်တာမဟုတ်ဘူးလို့ စီရင်ချက်မချခင် တရားရုံးမှာ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ကံထူးရှင်ဟာ ဆုကြေးရရှိတာမျိုးမဟုတ်ဘဲ အီလွန်မက်စ်ရဲ့ အမေရိက နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီ အတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ်ရွေးချယ်ခံရမှုကို လျော်ကြေးပေးခြင်းသာဖြစ်တယ်လို့လည်း ရှေ့နေခရစ္စဂိုဘာက ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ အမှုသည်အနေနဲ့ မဲဖောက်ပေးမယ့်အစီအစဉ် တားမြစ်ခံရရင်လည်း ဘယ်သူ့ကိုမှ အပြစ်တင်မှာမဟုတ်ဘူးလို့ စီရင်ချက်မချခင်မှာ ပြောခဲ့ပါတယ်။

အီလွန်မက်စ်ဟာ လက်ရှိမှာ Swing State ပြည်နယ်တွေက မဲပေးခွင့်ရှိသူတွေကို ဒေါ်လာ ၁၆ သန်း မဲဖောက်ရွေးချယ်ပေးထားပြီးဖြစ်ပါတယ်။ အီလွန်မက်စ်ရဲ့ ဒေါ်လာ တစ်သန်း မဲဖောက်ပေးတဲ့အစီအစဉ်ဟာ အမေရိကန်သမ္မတသစ်ကို အဆုံးအဖြတ်ပေးမယ့် အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆီဗေးနီးယားနဲ့ ၀စ္စကွန်ဆင်ပြည်နယ် ၇ ခုအတွက်သာဖြစ်ပါတယ်။

နောက်ဆုံးမဲကံထူးရှင်တွေကိုတော့ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ ကြေညာပေးသွားမယ်လို့ အီလွန်မက်စ်က ကြေညာထားတာပါ။  ဒေါ်လာတစ်သန်း မဲဖောက်ပေးတဲ့အစီအစဉ်ဟာ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေပြီး ဖက်ဒရယ်စည်းမျဉ်းတွေ ဖောက်ဖျက်ပြီး မဲဆန္ဒရှင်တွေဆီကို ငွေပေးခိုင်းစေမှုရှိ၊ မရှိကိုလည်း ဥပဒေပညာရှင်တွေကို စောင့်ကြည့်လေ့လာနေကြပါတယ်။

အမေရိကန်တရားရေးဌာနကတော့ အီလွန်မက်စ်ရဲ့ နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ ငြိစွန်းနိုင်ကြောင်း သတိပေးထားပေမယ့် အခုချိန်ထိတော့ ဖက်ဒရယ် အစိုးရရှေ့နေတွေက လူသိရှင်ကြားအရေးယူတာမျိုးမရှိသေးပါဘူး။

အီလွန်မက်စ်ဟာ မဲဆန္ဒရှင်စည်းရုံးရေးနဲ့ မဲပေးဖို့ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းတွေအတွက် PAC ကို ဒေါ်လာသန်း 120 ထောက်ပံ့ပေးထားတယ်လို့ ဖက်ဒရယ်ရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက