နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ

မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ

+++++++++++++++++++++++

အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲကာလအတွင်း မဲပေးသူတွေအတွက် တစ်ရက် ဒေါ်လာတစ်သန်း မဲဖောက်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်အနေနဲ့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ပန်ဆီဗေးနီးယားပြည်နယ် တရားသူကြီးက စီရင်ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီစီရင်ချက်ကို အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ 5 ရက်နေ့မတိုင်မီတစ်ရက်မှာ ချမှတ်ခဲ့တာပါ။ အီလွန်မက်စ် မဲဖောက်ပေးမယ့်  ဒေါ်လာတစ်သန်းအစီအစဉ်ကို တားမြစ်ပေးဖို့ ဖီလာဒယ်ဖီယာခရိုင်ရှေ့နေ လယ်ရီ ခရက်စ်နာ တင်ပြတောင်းဆိုမှုအပေါ် တရားသူကြီး အိန်ဂျယ်လိုဖိုဂလီတာက ငြင်းဆိုခဲ့ပါတယ်။

ခရိုင်ရှေ့နေ ခရက်စ်နာဟာ အီလွန်မက်စ်မဲဖောက်ရွေးချယ်ပေးတဲ့ ဒေါ်လာ တစ်သန်းမှာ တရားမဝင် ထီစည်းမျဉ်းစည်းကမ်းတွေပါဝင်နေပြီး ဒါဟာ ပြည်နယ်ရဲ့ စားသုံးသူဘက်က ကာကွယ်ရေးဥပဒေနဲ့ ငြိစွန်းနေတယ်လို့ တင်ပြတောင်းဆိုခဲ့တာပါ။

ဘီလျံနာအီလွန်မက်စ်ရဲ့ ဒေါ်နယ်ထရန့်ကို လိုလားတဲ့ နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီ(PAC)အကြံပေး ရှေ့နေကတော့ ဒေါ်လာတစ်သန်းကံထူးရှင်တွေကို လက်နဲ့ မဲနှိုက်ရွေးချယ်ခြင်းသာဖြစ်ပြီး ရမ်ဒန်(ကျပန်း)ရွေးချယ်တာမဟုတ်ဘူးလို့ စီရင်ချက်မချခင် တရားရုံးမှာ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ကံထူးရှင်ဟာ ဆုကြေးရရှိတာမျိုးမဟုတ်ဘဲ အီလွန်မက်စ်ရဲ့ အမေရိက နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီ အတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ်ရွေးချယ်ခံရမှုကို လျော်ကြေးပေးခြင်းသာဖြစ်တယ်လို့လည်း ရှေ့နေခရစ္စဂိုဘာက ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ အမှုသည်အနေနဲ့ မဲဖောက်ပေးမယ့်အစီအစဉ် တားမြစ်ခံရရင်လည်း ဘယ်သူ့ကိုမှ အပြစ်တင်မှာမဟုတ်ဘူးလို့ စီရင်ချက်မချခင်မှာ ပြောခဲ့ပါတယ်။

အီလွန်မက်စ်ဟာ လက်ရှိမှာ Swing State ပြည်နယ်တွေက မဲပေးခွင့်ရှိသူတွေကို ဒေါ်လာ ၁၆ သန်း မဲဖောက်ရွေးချယ်ပေးထားပြီးဖြစ်ပါတယ်။ အီလွန်မက်စ်ရဲ့ ဒေါ်လာ တစ်သန်း မဲဖောက်ပေးတဲ့အစီအစဉ်ဟာ အမေရိကန်သမ္မတသစ်ကို အဆုံးအဖြတ်ပေးမယ့် အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆီဗေးနီးယားနဲ့ ၀စ္စကွန်ဆင်ပြည်နယ် ၇ ခုအတွက်သာဖြစ်ပါတယ်။

နောက်ဆုံးမဲကံထူးရှင်တွေကိုတော့ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ ကြေညာပေးသွားမယ်လို့ အီလွန်မက်စ်က ကြေညာထားတာပါ။  ဒေါ်လာတစ်သန်း မဲဖောက်ပေးတဲ့အစီအစဉ်ဟာ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေပြီး ဖက်ဒရယ်စည်းမျဉ်းတွေ ဖောက်ဖျက်ပြီး မဲဆန္ဒရှင်တွေဆီကို ငွေပေးခိုင်းစေမှုရှိ၊ မရှိကိုလည်း ဥပဒေပညာရှင်တွေကို စောင့်ကြည့်လေ့လာနေကြပါတယ်။

အမေရိကန်တရားရေးဌာနကတော့ အီလွန်မက်စ်ရဲ့ နိုင်ငံရေးဦးဆောင်လှုပ်ရှားမှုကော်မတီရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ ငြိစွန်းနိုင်ကြောင်း သတိပေးထားပေမယ့် အခုချိန်ထိတော့ ဖက်ဒရယ် အစိုးရရှေ့နေတွေက လူသိရှင်ကြားအရေးယူတာမျိုးမရှိသေးပါဘူး။

အီလွန်မက်စ်ဟာ မဲဆန္ဒရှင်စည်းရုံးရေးနဲ့ မဲပေးဖို့ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းတွေအတွက် PAC ကို ဒေါ်လာသန်း 120 ထောက်ပံ့ပေးထားတယ်လို့ ဖက်ဒရယ်ရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 18 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို နယ်မြေများ စွန့်လွှတ်ပေးရမည်၊ ကရင်မလင် မှ အင်အားသုံး သိမ်းပိုက်ထားသော ခရိုင်မီးယား နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 42 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 40 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 46 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 57 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 51 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization