နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုင်းကိုင်မြို့ရှိ SSPP တပ်စခန်းကို RCSS ဝင်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် (၈)ဦးကို ဖမ်းဆီးသွားခဲ့

နိုဝင်ဘာလ (၂၆)ရက်။

မနေ့က နံနက် (၅)နာရီခွဲအချိန်က မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စုရှိ ပန်ပွဲကျေးရွာအနီးက SSPP ရဲ့ တပ်စခန်းငယ် (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ RCSS က စစ်ကြောင်း (၂)ကြောင်းနဲ့ ပန်ပွဲရွာနားက စခန်းငယ် (၂)ခုကို ဝင်တိုက်တာ။ အဲ့ဒီလိုတိုက်ခိုက်ပြီး တပ်သား (၄)ဦးကို ဖမ်းသွားတယ်။ နောက်ပြီး စခန်းသုံး ဆိုင်ကယ် (၃)စီး၊ ကားတစ်စီးနဲ့ စခန်းတွေကိုလဲ မီးရှို့ဖျက်ဆီးသွားတယ်” လို့ SSPP က ဆိုပါတယ်။

ပန်ပွဲရွာအနီးက တပ်စခန်းငယ် (၂)ခုကို RCSS က စစ်ကြောင်း (၂)ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး SSPP တပ်သား (၄)ဦးကို ဖမ်းဆီးခဲ့သလို စခန်းအပါအဝင် ဆိုင်ကယ် (၂)စီးနဲ့ ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး RCSS စစ်ကြောင်းတစ်ခုဟာ ပန်ပွဲကျေးရွာက ကျေးရွာကော်မတီဝင် ဦးကန်ခမ်းရဲ့နေအိမ်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ရွှေ၊ ငွေတွေကို မွှေနှောင်ယူသွားသလို နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ဦးကန်ခမ်းကိုလဲ သတ်ဖြတ်သွားတယ်လို့ ‌ပြောဆိုထားပါတယ်။

အဲ့ဒီနောက် ရွာထဲက SSPP တပ်သား (၄)ဦးနဲ့ ဒေသခံတစ်ဦးကို ထပ်မံဖမ်းဆီးသွားပြီး ရွာအနောက်ဘက်က ဒေသခံ ဒေါ်ရွှေယိင်းရဲ့ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်‌တွေက မွှေနှောက်ဖျက်ဆီးပြီး ကုန်ပစ္စည်းနဲ့ ရွှေ၊ငွေတွေကို ယူဆောင်သွားခဲ့တယ်လို့လဲ သိရပါတယ်။

အခုကာလဟာ ရှမ်းပြည်သူတစ်ရပ်က ရှမ်းတပ် (၂)ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ဖို့ နှစ်ဖက်တပ်နဲ့ တွေ့ဆုံညှိနှိုင်းရေးလုပ်နေချိန်ဖြစ်တာကြောင့် SSPP ဘက်က တိုက်ပွဲမဖြစ်စေဖို့ ထိန်းသိမ်းခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒီလို ရှမ်းတပ် (၂)ဖွဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ရှေးရှုပြီး တိုက်ပွဲမဖြစ်စေဖို့ ထိန်းသိမ်းခဲ့တာကို RCSS ဘက်က အခွင့်ကောင်းယူပြီး အခုလို SSPP ရဲ့ တပ်စခန်းတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို SSPP/SSA ရဲ့ တပ်စခန်းငယ်တွေကို ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးပြီး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ ဒေသခံ‌တွေကို သတ်ဖြတ်ခဲ့တဲ့အပေါ် RCSS ဘက်ကတော့ တစ်စုံတစ်ရာ ပြောဆိုလာတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 5 Views
ဇွန်လ (၆)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၅)နာရီကျော်အချိန်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်အထိုင်စခန်းကို တိုက်ခိုက်ခဲ့တယ်လို Naypyitaw-PDF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

(၅)လထဲ စစ်အုပ်စုကြောင့် ပြည်သူ (၅၀)ဦး သေဆုံးခဲ့တယ်လို AAPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 5 Views
ဇွန်လ (၆)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စစ်အုပ်စုကြောင့် ပြည်သူ (၅၀)ဦးအထိ သေဆုံးခဲ့တယ်လို AAPP ရဲ့ မနေ့က
မြန်မာသတင်း

နတ်မောက်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးတွေ ဖမ်းဆီးခံရ၊ သေနတ်(၁၉)လက်ကိုပါရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 5 Views
ဇွန်လ (၆)ရက်။ ဇွန်လ (၁)ရက်နေ့ ည (၇)နာရီ (၄၀)မိနစ်အချိန်က နတ်မောက်မြို ကမ်ပြားလမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို Aung San’s Land Natmauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုစစ်ဆေးချိန်
မြန်မာသတင်း

ရမ်းဗြဲနယ်ထဲ စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတာအပြင် ရေတပ်ကနေ ဆက်တိုက်ပစ်ခတ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၆)ရက်။ မနေ့က ညနေပိုင်းအချိန်က ရမ်းဗြဲမြို လေးတောင်မြိုကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတွေအပြင် ရေတပ်ကနေ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေတယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေးတောင်ဘက်မှာ ဗုံးတွေနဲ့ တော်တော်လေးကို ကြဲနေတာ။ လေကြောင်းရော၊
မြန်မာသတင်း

ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျုရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 36 Views
ဇွန်လ (၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်မှာ ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲတွေဟာ ဇွန်လ (၂)ရက်နေ့ နံနက်(၄)နာရီအချိန်ကစပြီး ပေါက်နယ်အရှေ့ခြမ်းရှိ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုရွာရှိ ပျူစောထီးစခန်းကို
မြန်မာသတင်း

ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွဂ့်ဒေသရဖို စစ်အုပ်စုဆီကနေ SNA တောင်း

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 30 Views
‌ဇွန်လ (၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ(SNA)တို တွေ့ဆုံခဲ့တယ်လို သိရပါတယ်။ ရှမ်းနီတပ်ဖွဲဟာ မင်းအောင်လှိင်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တာမှာ ပူးပေါင်းပါဝင်လိုတာကြောင့်ဆိုပြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို ဆိုပါတယ်။ တွေ့ဆုံပွဲမှာ SNA
မြန်မာသတင်း

ရခိုင်ရိုးမပေါ် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိတွေအပါအဝင် (၇၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 27 Views
‌ဇွန်လ (၅)ရက်။ ဂွမြိုကို စစ်ကြောင်းထိုးဖိုလာတဲ့ စစ်တပ်စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂွဘက်ကို စစ်ကြောင်းထိုးဖို ရိုးမပေါ်တက်တဲ့အချိန် လမ်းခရီးမှာ မိုင်းဆွဲခံရတာနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ ဗိုလ်အဆင့် (၂)ဦးအပါအဝင် (၇၀)လောက်
မြန်မာသတင်း

စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 30 Views
ဇွန်လ (၅)ရက်။ ဒီကနေ့ နံနက်(၁၀)နညရီခွဲအချိန်က စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဖြစ်တာက လဝကရုံး ဝင်ပေါက်ဘေးမှာ ပေါက်ကွဲတာ။ ဝန်ထမ်းတွေကော မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားလာလုပ်တဲ့သူတွေ တော်တော်များများ ထိကြတယ်၊