ဇွန်လ (၆)ရက်။
မနေ့က ညနေပိုင်းအချိန်က ရမ်းဗြဲမြို လေးတောင်မြိုကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတွေအပြင် ရေတပ်ကနေ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေတယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လေးတောင်ဘက်မှာ ဗုံးတွေနဲ့ တော်တော်လေးကို ကြဲနေတာ။ လေကြောင်းရော၊ ဒရုန်းတွေနဲ့ရော၊ နေဗီတွေကလဲ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ။ ဘယ်နေရာတွေကျလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်တာ ရှိနိုင်တယ်” လို ရမ်းဗြဲမြိုနေသူတဦးက ဆိုပါတယ်။
လေးတောင်မြိုထဲကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးအလုံးပေါင်း ဒါဇင်နဲ့ချီကာ အများအပြား ကြဲချနေတဲ့အပြင် စစ်ရေယာဉ်တွေကလဲ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဆက်တိုက်ဗုံးကြဲတာတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူထိခိုက်တာတွေရှိပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံး များပြားနေတာကြောင့် ကျောက်ဖြူနဲ့ ရမ်းဗြဲနယ်ရှိ ကျေးရွာတွေနဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ ဇွန်လ (၄)ရက်နေ့ ညနေပိုင်းအချိန်ကလဲ လေးတောင်မြိုပေါ်ရှိ အမှတ်(၄)ရပ်ကွက်ကို အသေခံဒရုန်း (၂)စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်အချို ပျက်စီးကာ ပြည်သူပိုင် ကျွဲ၊နွား တိရိစ္ဆာန်အချို ထိခိုက်သေဆုံးခဲ့တယ်လို သိရပါတယ်။








