နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတက “အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” ကြေညာ

ဒီဇင်ဘာလ (၃) ရက်

တောင်ကိုးရီးယားသမ္မတယွန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညမှာ နိုင်ငံကို မိန့်ခွန်းပြောပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ သမ္မတယွန်က အုပ်ချုပ်ရေး စတင်တာဝန်ယူချိန်က စတင်ပြီး အစိုးရအရာရှိတွေကို စွပ်စွဲထားတဲ့ ၂၂ မှုကို ကိုးကားပြီး အစိုးရယရားက ဘယ်လိုမှ အလုပ်မလုပ်နိုင်တာကို အကြောင်းပြချက် ပေးခဲ့ပါတယ်။ သမ္မတယွန်ရဲ့ ရုတ်တရက် ကြေညာချက်ကြောင့် တောင်ကိုရီးယား မီဒီယာတွေ ရှုပ်ရှက်ခတ်သွားကြပြီး သမ္မတယွန်ရဲ့ ကြေညာချက်ကို ထုတ်လွှင့်ခဲ့ကြပါတယ်။

စွပ်စွဲပြစ်တင်ဖို့ တွန်းအားပေးနေတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကို ယွန်က ဝေဖန်ခဲ့ပါတယ်။ လွှတ်တော်မှာ နေရာအများစုရရှိထားတဲ့ ဒီမိုကရက်တစ်ပါတီက ဘတ်ဂျက် ဥပဒေကြမ်းကို နိုင်ငံရေး အငြင်းပွားမှုနည်းလမ်းအဖြစ် အသုံးပြုနေတယ်လို့ ပြောဆိုလိုက်ပြီး နိုင်ငံတော်အဖွဲ့အစည်းတွေကို နှောက်ယှက်ခြင်းဟာ အစိုးရကို ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်ကြောင်း ၎င်းက စောဒကတက်ခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ တောင်ကိုရီးယားကို ကာကွယ်ရန်နဲ့ လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန်အတွက် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား စစ်အုပ်ချုပ်ရေးအမိန့်ဟာ အမျိုးသားလွှတ်တော်အတွင်း နိုင်ငံရေး ပါတီလှုပ်ရှားမှုတွေနဲ့ လူထုစုဝေးပွဲတွေ အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို တားမြစ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တဖက်မှာလည်း အာဏာရပါတီ People’s Power ရဲ့ ဥက္ကဋ္ဌ Han Dong-hoon က “သမ္မတယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေဟာ မှားယွင်းနေပါတယ်။ အဲဒါတွေကို ရပ်တန့်ဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ကိုးရီးယားလွှတ်တော်ပတ်ပတ်လည်မှာ ရဲတွေ စောင့်ကြပ်နေတယ်လိုး သိရပါတယ်။

သမ္မတယွန်ရဲ့ မိန့်ခွန်းအပြီးမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်အဝင်ပေါက်အနီးမှာ လူများ တဖြည်းဖြည်းစုရုံးလာကာ ရဲတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်လို့ သိရပါတယ်။

နယ်မြေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ တန်းစီထားပြီး စုဝေးနေသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဖက်က ရဟတ်ယာဉ် အများအပြားလည်း မိုးကောင်းကင်မှာ ပျံသန်းနေတာကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ ဂျပန်၊ ကိုရီးယား မီဒီယာ

[ဓာတ်ပုံ] တောင်ကိုရီးယား သမ္မတ ရုပ်မြင်သံကြားမှတဆင့် “အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” ကြေညာနေစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 8 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုးရီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 26 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄