နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား-ယူကရိန်းစစ်ပွဲ

မြောက်ကိုးရီးယားစစ်သား ရုပ်အလောင်းမှ မှတ်ပုံတင်ကတ်အတုကို ယူကရိန်း သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာ

ဒီဇင်ဘာလ (၂၃) ရက်။

ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်နေသော မြောက်ကိုရီးယားစစ်သားများကို ရုရှားအမည်များနှင့် မွေးရပ်မြေများပါသည့် မှတ်ပုံတင်ကတ်အတုများ ပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာလ (၂၂) ရက်တွင် ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရကမူ ရုရှားသည် စစ်မြေပြင်တွင် နိုင်ငံခြားစစ်သည်များ ရှိနေခြင်းကို ဖုံးကွယ်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

ယူကရိန်းစစ်တပ်၏အဆိုအရ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသတွင် မြောက်ကိုရီးယားစစ်သား သုံးဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ သက်သေခံကတ်များကို သိမ်းဆည်းခဲ့သည်။

ယူကရိန်းစစ်တပ်၏အဆိုအရ အဆိုပါ ID ကတ်များတွင် တံဆိပ်ခေါင်းများ သို့မဟုတ် ဓာတ်ပုံများမပါရှိဘဲ ၎င်းတို့၏အမည်များကို ရုရှားပုံစံဖြင့် ရေးသားထားပြီး ၎င်းတို့၏မွေးရပ်နေရာကို ရုရှားနိုင်ငံတောင်ပိုင်းရှိ တူဗာသမ္မတနိုင်ငံအဖြစ် စာရင်းသွင်းထားသည်။ သို့သော် ယူကရိန်းစစ်တပ်က သေဆုံးသူ စစ်သား၏ မူလဇစ်မြစ်ကို ညွှန်ပြသည့် ကိုရီးယားဘာသာဖြင့် လက်မှတ်ကို ရေးထားသည်။

ရုရှားတွင် မြောက်ကိုရီးယား စစ်သား ၁၁၀၀၀ မှ ၁၂၀၀၀ ကြားရှိကြောင်း အမေရိကန်၊ ယူကရိန်းနှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီများက ခန့်မှန်းထားသည်။ အချို့မှာ ရုရှားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့်အတူ တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်နေပြီး Kursk ဒေသရှိ နယ်မြေများကို ပြန်လည်သိမ်းယူရန် ကူညီပေးနေသည်ဟု ယူဆရသည်။

Kursk ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မြောက်ကိုရီးယား စစ်သားများသည် အသေအပျောက်များသည်ဟု အမေရိကန်နှင့် ယူကရိန်းအရာရှိများက ဆိုသည်။

အောက်တိုဘာလကတည်းက Kursk ဒေသတွင် မြောက်ကိုရီးယားစစ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ အရေအတွက်မှာ ရာနှင့်ချီရှိနေသည်ဟု အမေရိကန် အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ Kursk ဒေသတွင် မြောက်ကိုရီးယား စစ်သား ၁၀၀ ခန့် သေဆုံးပြီး ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီမှ အချက်အလက်ကို ကိုးကား၍ တောင်ကိုရီးယား လွှတ်တော် အမတ်တစ်ဦးက ပြောကြားခဲ့သည်။

Kursk ဒေသတွင် ရုရှားတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး သုံးရက်အတွင်း မြောက်ကိုရီးယား စစ်သား ၅၀ သေဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းစစ်တပ်က ယခုလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးသည် ရုရှားနယ်မြေတွင် မြောက်ကိုရီးယားစစ်သားများ ရှိနေကြောင်း အသိအမှတ်မပြုပေ။

ဓာတ်ပုံ။

မြောက်ကိုးရီးယားစစ်သားတွေကို ရုရှားတွင် စစ်ရေးလေ့ကျင့်နေသည့် ဓါတ်ပုံများ အောက်တိုဘာ ၁၈ ရက်နေ့က အွန်လိုင်းတွင် ပျံ့နှံ့လာသည်/EyePress News/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင်မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ထရန့်အဖွဲ့ စီစဥ်ဆောက်ရွက်လျက်ရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၃) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏အဖွဲ့သည် နိုင်ငံတွင်း မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ကတိကဝတ် ပြုထားသည့်အတိုင်း ရွေးစရာ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့် နိုင်ငံရေးတွင် မပါတော့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++ “ကျမ နိုင်ငံရေးလောကကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိဘူး” ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏သမီးအကြီးဆုံး အီဗန်ကာထရန့်သည် အရွယ်ရောက်ပြီး ကတည်းက သူမ၏ဖခင်အတွက်
နိုင်ငံတကာသတင်း အမေရိကန်

ငွေချေးပြီး ကျောင်းတက်သူ ကျောင်းသား ၅၅,၀၀၀ အတွက် ကျောင်းသားချေးငွေကို လျှော်ပေးသည့် သက်သာခွင့်ဒေါ်လာ ၄.၂၈ ဘီလီယံကို ဘိုင်ဒင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၃) ရက်။ သောကြာနေ့က ကြေငြာချက်တွင် ဘိုင်ဒင်သည် လျှော်ပေးသည့် စုစုပေါင်း ချေးငွေ ဒေါ်လာ ၁၈၀ ဘီလီယံအထိ ရှိလာခဲ့သည်။ အစိုးရဌာနများတွင် ၀န်ဆောင်မှုပေးနေသည့် ဝန်ထမ်း ၅၅၀၀၀ နီးပါးအတွက် ကျောင်းသားချေးငွေ သက်သာခွင့်
နိုင်ငံတကာသတင်း အမေရိကန်

ပနားမားတူးမြောင်းကို မကျေနပ်ဘဲ ဖြတ်သန်းခကို “မမျှတ” ဟုဆိုကာ ပြန်ပေးရန် ထရမ့်တောင်းဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၃) ရက်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အရီဇိုးနားပြည်နယ် အနောက်ပိုင်းရှိ ရှေးရိုးစွဲအုပ်စုများစုဝေးပွဲတွင် ပနားမားတူးမြောင်းနှင့်ပတ်သက်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် အဓိက ဖြတ်သန်းသွားလာနေသော အမေရိကန်စစ်သင်္ဘောများနှင့် အရပ်သားသင်္ဘောများ၏ ဖြတ်သန်းခနှုန်းထားများက
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ကိယက်ဗ်မြို့ကို ရုရှားဒုံးကျည် ထိမှန်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့ကြောင်း ယူကရိန်း ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၁) ရက်။ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့သည်။ ကိယက်ဗ်မြို့ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့က တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့ပြီးတဦး သေဆုံး၍ ၁၂
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို အစ္စရေး မကာကွယ်နိုင်ခဲ့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်းသည် စနေနေ့တွင် တဲလ်အဗီးမြို့ကို ညတွင်းချင်း ထိမှန်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ရှားရှားပါးပါး မြို့တော်ကို ဖြတ်ကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးရာမှာ မအောင်မြင်ခဲ့ဟု ပြောကြားခဲ့သည်။ ဒုံးကျည်သည် တဲလ်အဗီးမြို့တောင်ပိုင်း ဂျက်ဖာ (Jaffa) ဧရိယာတွင် ကျရောက်ခဲ့ပြီး ယီမင်မှ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟူသီများက အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် နာရီအတန်အကြာတွင် အစ္စရေး စစ်တပ်က ယီမင်ကို တိုက်ခိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၁) ရက်။ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့က အစ္စရေးအပေါ် နောက်ဆုံး တိုက်ခိုက်မှု အပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့အစောပိုင်းတွင် ယီမင်ရှိ ဟူသီပစ်မှတ်များကို အစ္စရေးစစ်တပ်က အသေအပျောက်များသော တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ မြို့တော် စန်နာ (Sanaa)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 17 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန