နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ ခရီးမသွားဖို့ တော်လှန်ရေးတပ်တွေသတိပေး

ဒီဇင်ဘာလ (၂၄)ရက်။

ပြည်သူတွေအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မလိုအပ်ဘဲ ခရီးမသွားဖို့ နွားထိုးကြီး-PDF ရဲ့ မနေ့က ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။

မနေ့က နံနက်(၁၀)နာရီခွဲအချိန် နွားထိုးကြီး-PDF မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတို့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၁၈)မှာ အသိပေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတာတွေ ပြုလုပ်ချိန် ပြည်သူတွေကို အမြန်လမ်းပေါ် မလိုအပ်ဘဲ ခရီးသွားတာ မလုပ်ဖို့နဲ့ ညအချိန်မတော် ခရီးမထွက်ဖို့အပြင် တိုက်ပွဲဖြစ်နေချိန် ရှေ့ဆက်မတိုးဘဲ ကားရပ်ကာ လုံခြုံတဲ့နေရာမှာ နေထိုင်ဖို့ အသိပေးခဲ့တာပါ။

နောက်ပြီး တော်လှန်ရေးကာလ (၄)နှစ်ပြည့်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာကာ တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် နွာထိုးကြီး-PDF တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေကို စစ်ဆေးတာတွေနဲ့ လုံခြုံရေးအခြေအနေ အသိပေးပြောဆိုနေတဲ့ ရုပ်သံဖိုင်ကိုလဲ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၂)ရက်နေ့ကလဲ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်(၃၁၈)နဲ့ (၃၁၉)ကြားက စစ်ကောင်စီရဲကင်းစခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီးသည်အချို့ လမ်းဘေး‌ဆင်းပြေးကာ ပုန်းခိုခဲ့ကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 33 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 28 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 28 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 27 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊