နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

မအလတပ်သားတွေ အသက်အာမခံ လျော်ကြေးရပါ့မလား။

***လူဝီဂျီမန်ဂျော်နီအမှုနဲ့ နှိုင်းယှဉ်ကြည့်ခြင်း***

အယ်ဒီတာ့အာဘော်

လူဝီဂျီမန်ဂျော်နီ (Luigi Mangione) သည် အမေရိကန်ဘွား အီတာလီမျိုးရိုးမှ ဆင်းသက် လာသည့်အသက် ၂၇ အရွယ် လူရွယ်တဦးဖြစ်ပြီး သူတက္ကသိုလ်ကျောင်းသားဘဝက အလားအလာရှိသည့် တက်ကြွထက်မြက်သည့် ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မိဘဖြစ်သူများကလည်း စီးပွားရေးပြေလည်သည့် လူလတ်တန်းစားများ ဖြစ်ကြသည်။ သူ့တွင်ခါးဆစ်ဒဏ်ရာ ရရှိခဲ့ပြီး ခါးဆစ်တွင် ခွဲစိပ်ကုသခံခဲ့ရပြီးသော်လည်း ဝေဒနာမှာ မသက်သာခဲ့ဟုဆိုသည်။ င် သူလျှောက်ထားခဲ့သည့် အာမခံကုမ္ပဏီများတွင် ဆေးကုသခွင့်ကိုတောင်းခံခဲ့သော်လည်း မရရှိခဲ့ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် အမေရိကန် အာမခံကုမ္ပဏီ UnitedHealthcare စီအီးအိုဘရိုင်ယန် သွမ်မဆင် (Brian Thompson) သည် မန်ဟက်တန်မြို့လယ်ရှိ နယူးယောက်ဟီလ်လန် ဟော်တယ်သို့ ကုမ္ပဏီ အစုရှယ်ယာ အစည်းအဝေး တက်ရောက်ရန် လမ်းလျှောက်သွားစဉ် လူဝီဂျီမန်ဂျော်နီ က နောက်ကျောမှ သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်လိုက်သည်။

ထိုသတ်ဖြတ်မှုကို လူအများက ရှုံချမည်ဟု ထင်ထားသော်လည်း လူဝီဂျီမန်ဂျော်နီကို ထောက်ခံသည့် ပြည်သူများလည်း ပေါ်ပေါက်လာခဲ့ပြီး အမည်မသိလူတစုက လူဝီဂျီမန်ဂျော်နီအတွက် အစုအဖွဲ့ဖြင့် ရန်ပုံငွေရှာသည့် GiveSendGo ဆိုသည့် အွန်လိုင်းငွေကောက်ခံမှုကို ထူထောင်ပြီး သူ့အမှုရင်ဆိုင်ရန် လိုအပ်သည့် ငွေကြေးကိုထောက်ပံ့ပေးရန် ကောက်ခံခဲ့ရာ ယနေ့အချိန်အထိ အမေရိကန် ဒေါ်လာ၂သိန်းကျော်ကို လက်ခံရရှိထားပြီး ဖြစ်သည်။

အာမခံကုမ္ပဏီအကြီးအကဲတဦးကို သတ်ဖြတ်သည့်ရာဇဝတ်မှုကို ဘာကြောင့်လူတွေက ထောက်ခံလာကြသလဲ။ သူတို့တတွေ ရူးနေကြလို့လားဟု မေးစရာရှိပါသည်။ သူတို့မရူးကြပါ။ အကြောင်းရှိပါသည်။ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ အိမ်ခြံမြေအာမခံ၊ ကားအာမခံ အမျိုးမျိုးကို မိမိငွေပေးနိုင်သလောက် ထားကြသည်မှာ လူတိုင်းလိုလို ဖြစ်သည့်အတွက် အာမခံကုမ္ပဏီများ ကြီးပွားချမ်းသာနေကြသည်မှာမဆန်းဟု မြင်ပါသည်။ သန်းချီရှိသော လူများထံမှ အာမခံငွေများ၊ အိမ်များ၊ ကားများ၊ ပိုင်ဆိုင်မှုများအတွက် ပေးသော အာမခံငွေများသည် ဘာပြဿနာမှမရှိလျှင် ဒိုင်စားရသည့် မျိုးမျိုးမျက်မျက် ရသည့်လုပ်ငန်း ဖြစ်သည်။ သို့သော် တဦးတယောက်ရောဂါရလျှင်ဖြစ်စေ၊ ယဥ်တိုက်မှုဖြစ်လျှင်ဖြစ်စေ သဘာဝဘေးရန်ထိလျှင်ဖြစ်စေ အာမခံကုမ္ပဏီမှ လျော်ပေးရသည်။

အာမခံကုမ္ပဏီများသည် လူ့အသက်ကယ်တင်ရန် လူသားများကို ကူညီရန် တည်ထောင်ထားကြသည်ထက် မိမိတို့ကုမ္ပဏီအမြတ်အစွန်းများများရပြီး လျော်ကြေးငွေအနည်းငယ်ပေးရန်သာ ဇောက်ချလုပ်ဆောင်ကြသည်သူများက ဦးစီးထားကြသည်။ မိမိအာမခံကုမ္ပဏီ ဝန်ထမ်းများထဲမှ လျော်ကြေးငွေအနည်းဆုံး ပေးရအောင် စွမ်းဆောင်နိုင်သည့်ဝန်ထမ်းများကို ရာထူးတိုးပေးခြင်း၊ ဘောနပ်ဆုကြေးပေးခြင်းကို နှစ်စဥ်လုပ်လေ့ရှိသည်။ အာမခံထားစဥ် မည်မျှအထိ အခွင့်ရေးရရှိနိုင်သည်ကို အာဘောင်အာရင်းသန်သန်ဖြင့် ဆွယ်တရားဟောကြားလေ့ရှိပြီး အာမခံကုမ္ပဏီမှ လျော်ပေးရမည့်အချိန်တွင် ဘာကြောင့် အကျုံးမဝင်ကြောင်း အကြောင်းပြငြင်းဆိုလေ့ရှိကြပြီး အာမခံထားသူများ ရသင့်သည့်လျော်ကြေးငွေကို ညစ်ထားကြလေ့ရှိပြီး တချို့မခံမရပ်နိုင်သူများက တရားစွဲဆိုပြီး တရားရင်ဆိုင်ရမှုများလည်း ရှိခဲ့သည်။

ထို့ကြောင့်မိမိတို့အမေရိကန်များကို အမြတ်ထုတ်နေသော အာမခံကုမ္ပဏီများအပေါ် ပညာတတ်တဦးဖြစ်သည် လူဝီဂျီမန်ဂျော်နီက အညှိုးထားခဲ့ပြီး အစိုးရအဆက်ဆက် ပစ်ပယ်ထားသည့် မတရားမှုများကိုလူအများ သတိပြုမိလာအောင် အမေရိကန်အာမခံကုမ္ပဏီ ကြီး ၄ခုထဲမှ တခုဖြစ်သည့် UnitedHealthcare ၏ စီအီးအို ဘရိုင်ယန် သွမ်မဆင်ကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

စားသုံးသူအခွင့်အရေးနှင့် အာမခံဥပဒေတွင် အထူးပြုထားသော ဥပဒေပါမောက္ခ ဖိုင်မင် (Feinman) က အာမခံလုပ်ငန်းသည် အာမခံဝယ်ထားသူများ၏ လိုအပ်ချက်ထက် မိမိတို့အမြတ်အစွန်းကို ရလိုမှုကို ဦးစားပေးသည်ဟု မကြာခဏ ငြင်းခုံကာ တရားဝင်တောင်းဆိုမှုများကို ပေးအပ်ရန် နှောင့်နှေးစေခြင်း (Delay) သို့မဟုတ် ငြင်းပယ်ခြင်း (Deny) ကဲ့သို့ နည်းဗျူဟာများကို အသုံးပြုလေ့ရှိသည်ဟု ဝေဖန်ရေးသားခဲ့သည်။

အာမခံကုမ္ပဏီများက မိမိတို့တရားဝင်ရပိုင်ခွင့်ရှိသည်များကို မပေးဘဲ အချိန်ဆွဲထားခြင်း (Delay) ၊ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်ခြင်း (Deny)၊ ဘောင်မဝင်ဟု ပယ်ချခြင်းတို့ကို လူပေါင်းများစွာသည် ခံစားနေခဲ့ရပြီး မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုမသိဘဲ ငွေးကြေးတောင့်တင်းသော အာမခံ ကုမ္ပဏီကြီးများကို အန်တုနိုင်ခြင်း မရှိဘဲ ရသင့်သည်များကို မရဘဲ လက်လျော့လိုက်ရသူများလည်း အများအပြား ရှိနေခဲ့ခြင်းကို လူဝီဂျီမန်ဂျော်နီက ထိုသူများကိုယ်စား လူသိရှင်ကြား ဖြစ်အောင် လုပ်ပြခဲ့သည်။

ယနေ့ မြန်မာနိုင်ငံတွင် ရှိနေသော စစ်သားများအတွက် အသက်အာမခံ မဖြစ်မနေထားရသည့် အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံက အစုရှယ်ယာ အများဆုံးပါဝင်သည့် အာမခံကုမ္ပဏီဖြစ်ပြီး မင်းအောင်လှိုင် တပ်ချုပ် ဖြစ်လာပြီး နောက်တစ်နှစ်အကြာ ၂၀၁၂ နိုဝင်ဘာတွင် မှတ်ပုံတင်ခဲ့ကြောင်း သိရ ပြီး စစ်တပ်ပိုင် MEC လက်အောက်ခံ အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် အသက်အာမခံလုပ်ငန်း အစောဆုံး လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ ၃ ခုအနက် တစ်ခုဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတခုဖြစ်သည့်အမေရိကန်နိုင်ငံတွင်ပင် အာမခံကုမ္ပဏီများသည် လျော်ကြေးပေးရလျှင် ညစ်ပတ်နေသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံကဲ့ စစ်အာဏာရှင်နိုင်ငံတခုတွင် ဖအေက တပ်ချုပ် သားဖြစ်သူက ကုမ္ပဏီပိုင်ရှင် ဖြစ်နေသောနေရာတွင် မတရားမှုသည် ပိုမိုထင်ရှားပြီး ဗြောင်ကျကျ ဖြစ်နေပေလိမ့်မည်။

ယနေ့ပြည်တွင်းစစ်တွင် တပ်မတော်သားများ ထောင်နှင့်ချီကျဆုံးနေပြီ ထောင်သောင်းချီ လက်နက်ချနေရပြီး အရှုံးကြီးရှုံးနေရသဖြင့် ထိုကျဆုံးသွားသည့် စစ်သည်များ၏ မိသားစုများကို အသက်အာမခံ အပြည့်အဝ ပေးမပေးကို လုံးဝမကြားသိရသလို ကျဆုံးစစ်သည် မိသားစုများအနေနှင့် အပြည့်အဝရမရသည်လည်း သဲကွဲစွာ သိရှိနိုင်ခြင်း မရှိဖြစ်နေပေသည်။

အောင်မြင့်မိုရ်မင်းကုမ္ပဏီအနေနှင့် ထောင်သောင်းနှင့်ချီကျဆုံးသွားသော မိမိဖခင်၏လက်အောက်ခံ အရာရှိအရာခံအကြပ်တပ်သားများအတွက် လျော်ကြေးငွေကို အမှန်တကယ် ပေးရမည်ဆိုလျှင် ဒေဝါလီခံရဖို့ပင်ရှိပြီး ထိုသို့ဖြစ်လာပါက အသက်ပေးသွားသော တပ်မတော်သားများ၏ မိသားစုများသည် မိမိတို့ လင်ယောက်ျား၊ သားများအတွက် မည်ကဲ့သို့ တောင်းဆိုမှုကိုမျှ လုပ်နိုင်မည့် အခြေအနေမရှိကြောင်း စိတ်မကောင်းစွာ တွေ့ရှိရပေသည်။

အဖေဖြစ်သူကတပ်ချုပ်လုပ်ပြီးသားဖြစ်သူက အာမခံကုမ္ပဏီကို ကိုင်ထားသည့်အတွက် မိမိတို့ရပိုင်ခွင့်ကိုမည်ကဲ့သို့တောင်းဆိုနိုင်သည် မည်မျှတရားမျှတစွာ ရလိုကြောင်း ငြင်းဆိုခွင့်တရားစွဲဆို ပိုင်ခွင့်ရှိနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မိမိတို့ အသက်ပေးတိုက်နေသော်လည်း မိမိတို့ မိသားစု ခံစားခွင့် မရနိုင်သော တပ်တွင်နေပြီး မိမိပြည်သူများကို စစ်ခင်း တိုက်ခိုက်သတ်ဖြတ်နေရခြင်းကို ရပ်ဆိုင်းပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်သင့်ပြီ ဖြစ်ကြောင်း အသိပေး တပ်လှန့်နှိုးဆော်လိုက်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 34 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ
အယ်ဒီတာ့အာဘော်

ခေတ်မျက်လုံး အယ်ဒီတာ့အာဘော်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 61 Views
ယူကရိန်းနဲ့ မြန်မာ့တော်လှန်ရေးကို ချိန်ထိုးကြည့်ခြင်း။ ယူကရိန်းဟာသူ့ထက်အင်အားလည်းကြီး သူ့ကိုရုရှားနိုင်ငံထဲကိုသွတ်သွင်းထားပြီး ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံ (The Union of Soviet Socialist Republics-
1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 651 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍ နမ့်ခမ်း၊ သိန္နီမြို့ ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး ၊ ပန်ဆိုင်း(ကြူကုတ်)
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 223 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။ ရီပတ်ပလီကင်ပါတီသည် ရှေးရိုးမူဝါဒကို လက်ကိုင်ထားသည့်ပါတီကြီးဖြစ်ပြီး GOP (Grand Old Party) ဟု
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 159 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 238 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 350 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 354 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို