နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ဂွမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

ဒီဇင်ဘာလ (၂၉)ရက်။

မနေ့က ညနေပိုင်းအချိန်မှာ ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကနဦးစစ်ရေးသတင်းတွေအရ သိရပါတယ်။

ဂွမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခမရ(၅၆၂)တပ်စခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဂွမြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဂွမြို့ကို ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခမရ(၅၆၂)စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆၀)ကျော်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့ကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး AA ဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘဲ စစ်ကောင်စီဘက်က မနေ့က တနေကုန် လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

ဂွမြို့ကို AA အနေနဲ့ သိမ်းပိုက်ရရှိပါက ရခိုင်ပြည်နယ်မှာ (၁၇)မြို့နယ်ရှိတဲ့အထဲ မြို့နယ်ပေါင်း (၁၄)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA ကို ကန့်ကွက်တယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေ YMBA အပါအဝင် အဖွဲ့ (၁၅)ခုကျော် စာတွေထုတ်လာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 26 Views
ဒီဇင်ဘာလ (၃၁)ရက်။ ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA)ကို ကန့်ကွက်တယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေ YMBA အပါအဝင် ဂီတအစည်းအရုံးနဲ့ သဘင်အစည်းအရုံးတွေအပြင် အဖွဲ့ (၁၅)ခုကျော်က
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဂွမြို့ကို (၂)ပတ်ကြာ ထိုးစစ်အပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 25 Views
ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ကစပြီး ဂွမြို့ကို ထိုးစစ်ဆင်ခဲ့ရာ (၂)ပတ်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ဒေသထဲ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ AA ဖိတ်ခေါ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 28 Views
ဒီဇင်ဘာလ (၂၉)ရက်။ ရခိုင်ပြည်နယ်အတွက် အ‌ထောက်အကူပြုတဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေမဆို ကြိုဆိုပြီး လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်ပြည်နယ်ထဲ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်း‌တွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်တို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး AA ထံ လက်နက်ချ အလင်းဝင်ဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး ခေါင်းဆောင်ကောင်းမပီသသူတွေရဲ့အောက်မှာ တာဝန်မထမ်းဆောင်တော့ဘဲ AA ထံ လက်နက်ချအလင်းဝင်ဖို့ နပခတိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လုပ်ဖော်ကိုင်ဖက် တပ်မှူး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမှာ ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်၊ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဒီဇင်ဘာလ (၂၄)ရက် ညနေ (၄)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်ဘက်ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်တောမှာ ကြိမ်ချောင်းကနေ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်တပြည်လုံး လွတ်မြောက်တော့မယ့်အောင်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက AA ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 48 Views
ဒီဇင်ဘာလ (၂၅)ရက်။ AA အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်တပြည်လုံး လွတ်မြောက်တော့မယ့် အောင်ပွဲအတွက် PNLO၊ PNFC၊ NMSP-AD နဲ့ MSFC တို့က ဒီကနေ့မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ
၁၁၁၃ ရခိုင်စစ်ပွဲ

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများ AA ထုတ်ပြန်လာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 50 Views
ဒီဇင်ဘာလ (၂၂) ရက်။ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ (၁၄) ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ