နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွတ်လပ်ရေးနေ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုန်း (၁၀)လုံးနဲ့ ပစ်ခတ်ခံရ

ဇန်နဝါရီလ (၄)ရက်။

ဒီကနေ့ လွတ်လပ်ရေးနေ့ နံနက် (၁၂)နာရီ (၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ လွတ်လပ်ရေးနေ့ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူ ကေတုမတီ လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တာမှာ (၁၀)လုံး အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ဆိုပေမယ့် စစ်အာဏာရှင်အောက်က မလွတ်မြောက်သေးဘဲ ပြည်သူတွေ လွတ်မြောက်ဖို့ကို မျှော်မှန်းပြီး စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာ” လို့ ဆိုပါတယ်။

တောင်ငူလေတပ်စခန်းဟာ နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲတာအပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ လေတပ်တွေထဲက အရေးပါတဲ့ လေတပ်စခန်းလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလေတပ်စခန်းဟာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာမှာ အဓိကအသုံးပြုတဲ့ MiG-29 Jet Fighter နဲ့ Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေတဲ့ လေတပ်စခန်းတစ်ခုလဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် လေတပ်ပြိုရင် မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုတွေ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ်အာဏာရှင်လက်အောက်ကနေ အမှန်တကယ် လွတ်မြောက်နိုင်ပြီလို့ ယုံကြည်တာကြောင့် စစ်ဆင်ရေး(၂၈)အနေနဲ့ ဖော်ဆောင်တာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး လေတပ်စခန်းကို တိုက်ခိုက်ခဲ့တာဟာ အခုဆိုရင် (၆)ကြိမ်အထိရှိပြီလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 2 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 0 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 30 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို
မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 35 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်အိုစစ်ဆေးရေးဂိတ်က ပြည်သူကို
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကမ္ဘာ့အလုပ်သမားနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်တာကြောင့်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ