နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

အမေရိကန်

အမေရိကန်

အမေရိကန်မှ ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည်များ ပို့ပေးရန် အတည်ပြု

ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည်များ ပို့ပေးရန် အမေရိကန်က အတည်ပြုရန် အဆင်သင့်ရှိနေပြီး ယူကရိန်းနိုင်ငံတွင်းသို့ ပစ်လွှတ်လိုက်သော ရုရှားဒုံးကျည်များကို ပစ်ချရန် ပိုမိုအားကောင်းသည့် လက်နက်များ ရရှိရန်အတွက် ယူကရိန်း ခေါင်းဆောင်များထံမှ အရေးပေါ် တောင်းဆိုထားကြောင်း အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အတည်ပြုချက်ကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရောက်ရှိလာဖွယ်ရှိပြီး ကြာသပတေးနေ့ အစောပိုင်းတွင်မှ ထုတ်ပြန် ကြေညာနိုင်လိမ့်မည်ဟု အမည်မဖော်လိုသူ အရာရှိ (၃) ဦးက ပြောသည်။ Patriot သည် ပင်တဂွန်စတော့များမှ လာမည်ဖြစ်ပြီး ပင်လယ်ရပ်ခြားရှိ အခြားနိုင်ငံမှ ပြောင်းရွှေ့သယ်ယူမည်ဟု အရာရှိနှစ်ဦးက ပြောသည်။


ယူကရိန်းသမ္မတဗလိုဒီမီယာဇီလန်စကီက ရုရှားကျူးကျော်စစ်ပွဲအတွင်း ၎င်း၏ နိုင်ငံကို ပိုမိုအဆင့်မြင့်သော လက်နက်များ ပံ့ပိုးကူညီရန် တနင်္လာနေ့တွင် အနောက်နိုင်ငံခေါင်းဆောင်များကို မကြာသေးမီက ဖိအားပေးပြောကြားခဲ့သည်။ Patriot သည် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကို ချေမှုန်းရန် အနောက်အုပ်စုမှ ပံ့ပိုးပေးထားသည့် အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ဖြစ်သည်။


တနင်္လာနေ့က ဗီဒီယိုကွန်ဖရင့်တစ်ခုအတွင်း၊ သမ္မတဇီလန်စကီက ရုရှား၏ တိုက်ခိုက်မှုကို တန်ပြန်ရန် ၎င်း၏နိုင်ငံသည် တာဝေးပစ်ဒုံးကျည်များ၊ ခေတ်မီတင့်ကားများ၊ အမြောက်များ၊ ဒုံးကျည်ဘက္ထရီများနှင့် အခြားနည်းပညာမြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လိုအပ်ကြောင်း အိမ်ရှင်ဂျာမဏီနှင့် စက်မှုအင်အားကြီးခုနစ်နိုင်ငံမှ အခြားခေါင်းဆောင်များအား ပြောကြားခဲ့ပါသည်။

ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးရုံများကို ဒုံးကျဉ်များဖြင့် ရုရှားက အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာ လျှပ်စစ်နှင့် ရေ ပြတ်တောက်ခဲ့ရသည်။
Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 45 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)