နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ရူဘီယိုအား အပြောအဆို ဆင်ခြင်ရန် မသိမသာ တရုတ် သတိပေး

ဇန်နဝါရီလ (၂၇) ရက်။

တရုတ်နိုင်ငံ၏ ဝါရင့်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးသစ်အား အပြောအဆို ဆင်ခြင်ရန် မသိမသာ သတိပေးလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် မာကိုရူဘီယိုအား သမ္မတ‌ဒေါ်နယ်ထရန့်၏ ထိပ်တန်းသံတမန်အဖြစ် မခန့်အပ်မီ လေးရက်အလိုတွင် ၎င်းတို့၏ ပထမဆုံး ဖုန်းဖြင့် စကားပြောဆိုမှုကို သောကြာနေ့က ပြုလုပ်ခဲ့သည်။

“ကျွန်တော်အနေနဲ့ ခင်ဗျားဆင်ဆင်ခြင်ခြင်လုပ်ဆောင်မယ်လို့ မျှော်လင့်တယ်” ဟု ဝမ်ယီက ရူဘီယိုအား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ထိုပြောကြားချက် အသုံးအနှုန်းသည် ဆရာမ သို့မဟုတ် သူဌေးက ကျောင်းသား သို့မဟုတ် ဝန်ထမ်းအား ၎င်းတို့၏ အပြုအမူအတွက် တာဝန်ယူရန် သတိပေးလေ့ရှိသည့် တရုတ်စကားစုကို အသုံးပြုခဲ့သည်။

အဆိုပါ စကားအတိုလေးသည် တရုတ်အပေါ် ရူဘီယို၏ အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်စဥ်အချိန်က တရုတ်၏လူ့အခွင့်အရေး မှတ်တမ်းကို ထုတ်ဖော်‌ပြောကြားဝေဖန်မှုနှင့် ပတ်သက်ပုံရပြီး၂၀၂၀ ခုနှစ်တွင် တရုတ်အစိုးရက ရူဘီယိုကို ဒဏ်ခတ်ပိတ်ဆို့မှု နှစ်ကြိမ် ချမှတ်မှုကို ဖြစ်စေခဲ့သည်။

၎င်းကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ယခင်က နိုင်ငံခြားရေးဌာနသည် “မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ပါ” နှင့် “နှိုင်းနှိုင်းချင့်ချင့်‌ပြောဆိုခြင်း သို့မဟုတ် လုပ်သင့်တယ်” ဆိုတာထက် “ခင်ဗျား ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်” ဟူ၍ အသုံးပြုခဲ့သည်။

မရေရာသောစကားစုသည် မျှော်လင့်ချက်တစ်ခုကို ဖော်ပြရန်အတွက် ဖုံးကွယ်ထားသော သတိပေးချက်ကို ပေးစွမ်းနိုင်ပြီး တချိန်တည်းမှာပင် လာမည့်သံတမန်ဆက်ဆံရေးအတွက် လိုအပ်သော ယဉ်ကျေးပျူငှာမှုကိုလည်း ထိန်းသိမ်းထားနိုင်သည်ဟု တရုတ်တွေးခေါ် ပညာရှင်အုပ်စုမှ တစ်ဦးဖြစ်သည့် တရုတ်ဗဟိုပြုစင်တာနှင့် ဂလိုဘယ်လိုက်ဇေးရှင်းမှ သုတေသနဖော်ဖြစ်သူ ဇီချန်းဝမ် (Zichen Wang) က ပြောကြားခဲ့သည်။

“စိတ်ရှုပ်စရာဖြစ်ပုံရတဲ့အရာက တရုတ်ရိုးရာဉာဏ်ပညာနဲ့ ဂန္ထဝင်အပြောအဆို အလေ့အကျင့်ကနေ ပေါက်ဖွားလာတဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ” ဟု ပရင်စတန်တက္ကသိုလ်တွင် လက်ရှိအသက်မွေးဝမ်းကြောင်းဆိုင်ရာ မဟာတန်းပရိုဂရမ်တစ်ခု၌ လုပ်ဆောင်နေသော ဝမ်က ပြောကြားခဲ့သည်။

ရူဘီယိုသည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်၏စကားကို နားလည်ရန် မူရင်းတရုတ်ကို ရည်ညွှန်းခြင်း၏ အရေးကြီးပုံကို ကိုးကားဖော်ပြခဲ့သည်။
“အင်္ဂလိပ်ဘာသာပြန်တာ မမှန်တဲ့အတွက် သူတို့ထုတ်ထားတဲ့ အင်္ဂလိပ်ဘာသာပြန်တွေကို မဖတ်ပါနဲ့” ဟု ၎င်းက ဆိုသည်။

ဖုန်းခေါ်ဆိုမှုတွင် အမေရိကန်၏ ထုတ်ပြန်ချက်တွင် အဆိုပါ စကားလုံးကို ဖော်ပြထားခြင်း မရှိပေ။ ထရန့်အုပ်ချုပ်ရေးသည် တရုတ်နှင့် ဆက်ဆံရေးတွင် အမေရိကန်၏ အကျိုးစီးပွားကို မြှင့်တင်မည်ဖြစ်ကြောင်း ရူဘီယိုက ဝမ်ယီအား ပြောကြားခဲ့ပြီး “ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အကြပ်ကိုင်သော လုပ်ရပ်များအပေါ် အမေရိကန်၏ အလေးအနက် စိုးရိမ်မှု” ကို ဖော်ပြခဲ့သည်။

ဝမ်သည် ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေချိန်တွင် တရုတ်က ရူဘီယိုအား ဇူလိုင်နှင့်သြဂုတ်လတို့တွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရှင်ကျန်းဒေသရှိ ဝီဂါ (Uyghur) လူနည်းစုများကို တရုတ်အစိုးရအရာရှိများက ဖိနှိပ်ခြင်းနှင့် ဟောင်ကောင်တွင် လူ့အခွင့်အ‌ရေးချိုးဖောက်မှုတို့ကို ရူဘီယိုက ဝေဖန်ခဲ့ပြီး တရုတ်အစိုးရအပေါ် အမေရိကန်က ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ခြင်းအပေါ် မိမိပြည်တွင်းရေးကို ပြင်ပမှ ဝင်ရောက်စွက်ဖက်သည်ဟု ယူဆချက်ဖြင့် တရုတ်က တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများတွင် တရုတ်နိုင်ငံသို့ ခရီးသွားလာမှု ပိတ်ပင်ခြင်း ပါဝင်သည်။ တရုတ်အစိုးရသည် ရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိတွေ့ဆက်ဆံမည်ဟု ညွှန်ပြနေသော်လည်း ဆွေးနွေးပွဲအတွက် ၎င်းနိုင်ငံသို့ လာရောက်ခွင့် ရှိ၊ မရှိ အတိအလင်း ပြောကြားထားခြင်း မရှိပေ။

သတင်းရင်းမြစ်။ AP 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းမှာ နျူလက်နက်သုံးစရာ မလိုဘူးလို့ ရုရှားသမ္မတ ပူတင်ပြော

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 1 Views
မေလ (၆) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို ကျိုးကြောင်းဆီလျော်စွာ နိဂုံးချုပ်ရန် လုံလောက်သော အင်အားနှင့် အရင်းအမြစ်များရှိကြောင်း တနင်္ဂနွေနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်အားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့်ပြော

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 9 Views
မေလ (၅) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံရပ်ခြားမှ ထုတ်လုပ်သော ရုပ်ရှင်များအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် စီစဉ်ထားကြောင်း
နိုင်ငံတကာသတင်း ဥရောပ

ဥရောပက သူ့ကိုယ်သူ ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 12 Views
+++++++++++++++++++++ မေလ (၆) ရက်။ ထရန့်အစိုးရသည် ဥရောပသို့ သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။ “ မင်းတို့ဖာသာ မင်းတို့တာဝန်ယူကြတော့” ဟူ၍ ဖြစ်သည်။ ထရန့်တာဝန်ယူသည့် သုံးလတာအတွင်း အိမ်ဖြူတော်သည် ဆယ်စုနှစ်များစွာ တန်ဖိုးရှိသော အမေရိကန် နိုင်ငံခြားရေးမူဝါဒကို
နိုင်ငံတကာသတင်း အာရှ

ဩစတြေးလျ၏ လက်ဝဲယိမ်း အလုပ်သမားပါတီသည် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုအချက်သည် ထရန့် ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်မှုအဖြစ် ရှုမြင်ရသည်။

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 20 Views
မေလ (၃) ရက်။ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် သူ၏ဒုတိယသက်တမ်းအတွက် ထပ်မံ‌ ရွေးချယ်ခံရပြီး ပြိုင်ဖက်ကွန်ဆာဗေးတစ်များအတွက် ဆိုးဝါးသောည ဖြစ်စေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်ဖြစ်စေမှုကို ဆန့်ကျင်ကြသည့် မဲဆန္ဒရှင်များက အပြောင်းအလဲအတွက် တည်ငြိမ်မှုကို
နိုင်ငံတကာသတင်း အမေရိကန်

US က စီးပွားရေးကျဆင်းနေပြီလား။

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 17 Views
*** GDP ကျဆင်းမှုကြောင့် စိုးရိမ်မှုများသည် လက်တွေ့ဖြစ်လာသည် စီးပွားရေး ကျဆင်းမှုသည် နာဇီအိပ်မက်ဆိုးများကို ပြန်လည်ဖြစ်ပေါ်စေသည်။ *** စာရေးသူမိတ်ဆက် *************** ဖူဂျီအိ ကာဇူဟိကို (Kazuhiko Fuji) အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုသုတေသနဌာန
နိုင်ငံတကာသတင်း အမေရိကန်

စီးပွားရေးကျဆင်းမှု စိုးရိမ်မှုများ ရှိနေစဥ် ရေရှည်တွင် အမေရိကန်ဟာ “ အိုကေမှာပါ” ဟု ထရမ့်က ပြောဆိုလိုက်သည်

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 21 Views
NBC သတင်း ၏ “Meet the Press” တွင် ထရမ့်က အမေရိကန်သည် “အကူးအပြောင်း ကာလ” ကဏ္ဍတွင် ရှိနေသော်လည်း ရေရှည်တွင် “အံ့ဖွယ်ကောင်းအောင် လုပ်ဆောင်မယ်” ဟု ပြောကြားခဲ့သည်။ NBC သတင်း
နိုင်ငံတကာသတင်း

ဒရိတ် (ခ) ပက်ဆေချ်တွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ချီလီတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
မေ ၃ ရက်။ တောင်အမေရိကနှင့် အန္တာတိကတိုက်ကြားရှိ ဒရိတ် (ခ) ပက်ဆေချ် (Drake Passage) တွင် မေ ၂ ရက်က ရစ်ခ်ျတာစကေး ၇.၅ အဆင့်ရှိသော ငလျင် လှုပ်ခတ်ခဲ့ကြောင်း ချီလီတက္ကသိုလ်၏
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 34 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော