နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂါဇာတွင် ကွန်ဒုံးများအတွက် ဒေါ်လာ ၇၈ သန်း သုံးစွဲခဲ့သည်ဟု ထရန့် အစိုးရအဖွဲ့၏ ပြောကြားချက်သည် အထောက်အထား မပြနိုင်ကြောင်း CNN ပြော

ဇန်နဝါရီလ (၃၀) ရက်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရကာရိုလိုင်းလီးဗစ်သည် ထရန့်အစိုးရ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရန့်သည် “ အခွန်ငွေတွေ အလွန်အမင်း ဖြုန်းတီးတာကို ပိတ်ဆို့ခဲ့ပါတယ်” ဇန်နဝါရီလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ကွန်ဒုံးများ ဖြန့်ဝေရန် အခွန်ငွေ ဒေါ်လာ သန်း ၅၀ကို အသုံးပြုမည့် အစီအစဉ်ကို ပိတ်ဆို့ရန် ထရန့်အစိုးရက နိုင်ငံခြားအကူအညီပေးငွေ ဆိုင်းငံ့ထားခြင်းနှင့် ပိတ်ပင်ခဲ့ကြောင်း သူမက ပြောကြားခဲ့ပါသည်။

လီးဗစ်၏ ပြောကြားချက်များသည် ကမ္ဘာတစ်ဝှမ်းတွင် ခေါင်းကြီးပိုင်းသတင်း ဖြစ်စေခဲ့ပါသည်။ သို့သော်လည်း ဤပြောကြားချက်သည် မှန်မမှန်ဆိုသည်ကို သံသယဖြစ်စရာ အနည်းဆုံး အကြောင်းရင်းငါးခုရှိသည်။

ပထမအချက်၊ အိမ်ဖြူတော်သည် ဤပြောကြားချက်အတွက် မည်သည့်အထောက်အထားမျှ မပြသခဲ့ပါ။

ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်အစီရင်ခံစာအရ၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် ဘိုင်ဒင်အုပ်ချုပ်မှုအောက်တွင် ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် ကွန်ဒုံးများ ဖြန့်ဖြူးရန်အတွက် ငွေကြေး အသုံးမပြုခဲ့ပေ။

USAID ၏ စုစုပေါင်းအသုံးစရိတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ကွန်ဒုံးဖြန့်ဖြူးခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ အောက်တွင် ရှိနေသည်။ ဖက်ဒရယ်အစီရင်ခံစာတစ်ခုအရ USAID သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသားကွန်ဒုံးဒေါ်လာ 7.1 သန်းနှင့် ဒေါ်လာ 1.1 သန်းတန်ဖိုးရှိ အမျိုးသမီးကွန်ဒုံးများကို ထောက်ပံ့ပေးခဲ့ပြီး အများစုမှာ အာဖရိကနိုင်ငံများဖြစ်သည်။

တစ်နည်းဆိုရသော် လီးဗစ်က ဘိုင်ဒင်အစိုးရက ၎င်း၏ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအသုံးစရိတ်ထက် ခြောက်ဆကျော်ကို လူပေါင်း 2.1 သန်းခန့်ရှိသော ဂါဇာဒေသငယ်တစ်ခုအား အမေရိကန်မှ ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောလိုက်ခြင်းဖြစ်သည်။

ဘိုင်ဒင်အုပ်ချုပ်ရေးတွင် ဂါဇာအကူအညီပေးရေးတွင် လုပ်ဆောင်ခဲ့သော အကြီးတန်းအရာရှိဟောင်းက လီးဗစ် ၏ပြောဆိုချက်သည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနသည် လီးဗစ်၏ ပြောဆိုချက်အား သဘောမတူခဲ့ပါ။ အိမ်ဖြူတော် တာဝန်ရှိသူများသည် နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဘရုစ်၏ ဆိုရှယ်မီဒီယာပို့စ်ကို ကိုးကားခဲ့သည်။ အဆိုပါပို့စ်များတွင်၊ ထရန့်၏ နိုင်ငံခြားအကူအညီဆိုင်းငံ့ထားမှုသည် မလျော်ကန်သော အသုံးစရိတ်ကို တားဆီးနိုင်ပုံကို ဘရုစ်မှ တိကျသောသာဓကများ ပေးခဲ့သည်။

သို့သော်လည်း ဘရုစ်သည် ဂါဇာရှိ ကွန်ဒုံးများအတွက် ဒေါ်လာ သန်း ၅၀ ကို ဖော်ပြထားခြင်းမရှိသလို ကွန်ဒုံးဖြန့်ဖြူးရေး အသုံးစရိတ်ကို မည်မျှအတိုင်းအတာအထိ ပိတ်ဆို့ထားသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။

တနင်္လာနေ့က သတင်းထောက်များထံ အီးမေးလ်တစ်စောင်တွင် ဘရုစ်က ဒေါ်လာ ၁၀၂ သန်း ရရှိမည့် အဖွဲ့အစည်းမှာ ဂါဇာကမ်းမြှောင်ရှိ ကွင်းပြင်ဆေးရုံနှစ်ရုံကို လည်ပတ်သည့် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော International Medical Corps ဖြစ်သည်ဟု ဆိုသည်။

ဂါဇာတွင် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို ကြီးကြီးမားမား တိုက်ခိုက်မှု စတင်ခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ USAID ထံမှ အမေရိကန်ဒေါ်လာ ၆၈ သန်းခန့် ရရှိထားကြောင်း အဆိုပါ အဖွဲ့မှ CNN သို့ ဖေဖော်ဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

ဆေးရုံနှစ်ရုံတွင် တစ်လလျှင် အရပ်သား ၃၃,၀၀၀ ခန့်အား “ အသက်ကယ်ဆေးကုသမှု” ပေးရန်အတွက် အမေရိကန်ရန်ပုံငွေများကို အသုံးပြုနေပြီး ကွန်ဒုံးများဝယ်ယူရန် သို့မဟုတ် ဖြန့်ဝေရန်အသုံးမပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရန့်မှဆိုင်းငံ့ထားသည့်အဖွဲ့အစည်းအတွက် ရန်ပုံငွေထောက်ပံ့မှုသည် “ မိသားစုစီမံကိန်း၊ အရေးပေါ် သန္ဓေတားဆေးနှင့်လိင်မှတဆင့်ကူးစက်သောရောဂါများအတွက်ရန်ပုံငွေများပါ၀င်သည်” ဟု နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦး က CNN သို့အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပညာရှင်အချို့က လီးဗစ် ပြောဆိုချက်နှင့် ပတ်သက်၍ သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုကြပြီး အချို့က ၎င်းသည် မှားယွင်းနေသည်ဟု ဆိုကြသည်။ အမေရိကန်၏ ဂါဇာကမ်းမြောင်ဒေသအကူအညီပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကူအညီဆိုင်ရာ ကျွမ်းကျင်သူများက ဂါဇာကမ်းမြောင်ဒေသတွင် ကွန်ဒုံးများ ဝေငှရာတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ သုံးစွဲဖို့ စီစဉ်ထားသည်ဟု ပြောဆိုမှုများကြောင့် ရှုပ်ထွေးကုန်ကြသည်။

USAID နှင့် ပူးပေါင်းဆောင်ရွက်သည့် အကျိုးအမြတ်မယူသော အကူအညီပေးရေး အဖွဲ့ဖြစ်သည့် Anera ၏ ပြောရေးဆိုခွင့်ရှိသူ စတီ(ဗ) ဖိတ်(ခ) (Steve Fake) က “ ကျွန်တော်တို့ အနီးအနားကသူတွေကို မေးပြီးပြီ၊ ဒါက ဘာကို ရည်ညွှန်းတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး”။ ဟု ဆိုခဲ့သည်။

Anera ၏ကြိုးပမ်းအားထုတ်မှုများသည် ယေဘုယျအားဖြင့် ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိပြီး ဂါဇာသို့ အမေရိကန်အကူအညီစုစုပေါင်း၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖိတ်(ခ) က ပြောကြားခဲ့သည်။ သို့သော် ယင်းကြိုးပမ်းမှုများတွင် ကွန်ဒုံးဝယ်ယူခြင်း လုံးဝမပါဝင်ကြောင်း ၎င်းတို့က ပြောသည်။

ဂျော့ဂျ်တောင်း တက္ကသိုလ်မှ ကမ္ဘာ့ကျန်းမာရေးပေါ်လစီနှင့် နိုင်ငံရေးဌာန (Global Health Policy and Politics) ၏ ဒါရိုက်တာ Matthew Kavanagh က လီးဗစ်၏ ပြောဆိုချက်များကို ကြည့်ရှုပြီး “ ဂါဇာကိုကူညီဖို့ ကွန်ဒုံးအတွက် ဒေါ်လာ သန်း ၅၀ ဆိုတာ စိတ်ကူးယဉ်လို့ မရတဲ့ စိတ်ကူးတစ်ခုပါ။ ဒါဟာ အဖြစ်မှန်ကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်တာပါ” ဟု ပြောကြားခဲ့သည်။

“ ဒါဟာ လုံးဝ လိမ်ညာမှုပါ။ သူတို့ လုပ်ကြံဖန်တီးတာပဲဖြစ်ဖြစ်၊ စာရင်းဇယားကို ဘယ်လိုဖတ်ရမှန်း မသိတာပဲဖြစ်ဖြစ် တခုခုပဲ” ဟု ဘိုင်ဒင်နှင့် အိုဘားမားအစိုးရလက်ထက်ရှိ USAID အရာရှိဟောင်း ဂျယ်ရမီ ကောနင်ဒက် (Jeremy Konyndyk) က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရကာရိုလိုင်းလီးဗစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး