နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုကို ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့က လက်တုံ့ပြန်မည်ဟုဆို

++++++++++++++++++

ဖေဖော်ဝါရီလ (၂) ရက်။

အမေရိကန်၏မဟာမိတ် ကနေဒါနှင့် မက္ကဆီကိုတို့ကလည်း အမေရိကန်အပေါ် လက်တုံ့ပြန်ရန် တန်ပြန်အခွန်စည်းကြပ်မှုကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့သည်။ ရင်းနှီးသောကုန်သွယ်ဖက်များအကြားတွင် နောက်ထပ် စီးပွားရေးအ‌ခြေအတင်ဖြစ်မှုကို အချက်ပြသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ခြင်းဆိုင်ရာ သမတအမိန့်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးပြီး နာရီအနည်းငယ်အကြာတွင် သုံးနိုင်ငံသည် အဆိုပါ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး လက်တုံ့ပြန်သည့် အစီအမံများကိုတန်ပြန်ချမှတ်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။

ရင်းနှီးသောကုန်သွယ်ဖက်များကြားတွင် နောက်ထပ်စီးပွားရေး အခြေအတင်ဖြစ်မှုကို အချက်ပြသည့် ထရန့်၏အပြုအမူကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အခွန် စည်းကြပ်မှုကို အကောင်အထည်ဖော်မည်ဟု အမေရိကန် မဟာမိတ်ကနေဒါနှင့် မက္ကဆီကိုတို့က ပြောကြားခဲ့သည်။

အမေရိကန်၏ ပြိုင်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် လက်တုံ့ပြန် စည်းကြပ်ခွန်များ သို့မဟုတ် အခြားသော သီးခြားအစီအမံများကို ဖော်ပြထားခြင်း မရှိသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားစွဲကာ လိုအပ်သော တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သို့ ဖန်းတနယ်လ်မူးယစ်ဆေးနှင့် အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူများ စီးဆင်းမှုတွင် ၎င်းနိုင်ငံတို့၏ အခန်းကဏ္ဍပါဝင်မှုနှင့်ပတ်သက်၍ ထရန့်သည် မက္ကဆီကိုနှင့် ကနေဒါမှ သွင်းကုန်များအပေါ် အခွန် ၂၅% တိုးကောက်မည်ဖြစ်ပြီး ကနေဒါစွမ်းအင်ထုတ်ကုန်များမှအပ ၁၀% အခွန်စည်းကြပ်ရမည့်အပြင်၊ အလားတူအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုး၍ကောက်ခံမည်ဖြစ်သည်။

အချို့ကို ခြွင်းချက်ပေးပြီး အမေရိကန်သည် အင်္ဂါနေ့တွင် အခွန်အများစုကို စတင်ကောက်ခံမည် ဖြစ်သည်။ အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိဘဲ အကျပ်အတည်း ကျော်လွှားသည်အထိ အခွန်ကောက်ခံမှုသည် ဆက်လက်တည်ရှိနေမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

မက္ကဆီကို၊ ကနေဒါနှင့် တရုတ်တို့သည် ယမန်နှစ်က အမေရိကန်သို့ သွင်းကုန်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။ ပါးကိုက်လျှင် နားကိုက်မည်ဆိုသည့် နိုင်ငံတို့၏ခေါင်းဆောင်များထံမှ သူတို့က တန်ပြန်အခွန်စည်းကြပ်မည့် ကြေညာချက်များသည် အမေရိကန်နှင့် ပြည်ပရှိ စားသုံးသူများအတွက် ကုန်စျေးနှုန်းများ မြင့်တက်စေပြီး အစားအသောက်၊ အီလက်ထရွန်းနစ်နှင့် ကားများကဲ့သို့သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မြင့်တက်လာစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံမီဒီယာများ၏ အဆိုအရ ကနေဒါရှိ ဂျပန်ကုမ္ပဏီများလည်း အကျိုးသက်ရောက်မည်ဖြစ်သည်ဟု သိရသည်။ ဂျပန်ကားပစ္စည်းထုတ်ကုမ္ပဏီအများစုသည် ကနေဒါနိုင်ငံတွင် စက်ရုံများတည်ဆောက်၍ ပစ္စည်းများထုတ်ပြီး အမေရိကန်သို့ တင်ပို့ကြသည်ဟု သိရသည်။

ယခုအချိန်အထိ ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုး( Justin Trudeau) သည် နိုင်ငံ၏ တုံ့ပြန်မှုက မည်သို့မည်ပုံမည်ပုံ ရှိမည်ကို အသေးစိတ်ဖော်ပြသည့် တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်နေခဲ့သည်။ ကနေဒါသည် အမေရိကန် ကုန်ပစ္စည်း ၁၅၅ ဘီလီယံ ဒေါ်လာ အပေါ် တွင် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းဖြင့် ကနေဒါ တင်ပို့မှုအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ထရမ့်၏ဆုံးဖြတ်ချက်ကို ကနေဒါမှ တုံ့ပြန်မည်ဟု စနေနေ့ညက ကြေညာခဲ့သည်။

ထရူးဒိုးသည် အမေရိကန် ကုန်ပစ္စည်းများမှ ဒေါ်လာ ၁၅၅ ဘီလီယံသည် ကနေဒါဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာ ဖြင့် သတ်မှတ်မည်ကိုမပြောခဲ့ပေ။ ကနေဒါဒေါ်လာ ၁၅၅ဘီလီယံသည် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံခန့် ရှိမည်ဖြစ်သည်။ အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုတွင် “ အင်္ဂါနေ့တွင် ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် ချက်ချင်း အခွန်ကောက်ခြင်းများ” ပါ၀င်ကြောင်း စနေနေ့ညနေခင်း သတင်းစာရှင်းလင်းပွဲတွင် ထရူးဒိုးက ပြောကြားခဲ့သည်။ ထရန့်က ကနေဒါကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ စတင်ကောက်ခံမှုနှင့်တချိန်တည်း အင်္ဂါနေ့တွင် ကောက်မည်ဖြစ်သည်။

ကနေဒါကုမ္ပဏီများနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် အခြားရွေးချယ်စရာများကို ရှာဖွေ ကြိုးပမ်းနိုင်ရန် ကျန်အကောက်ခွန်များကို သုံးပတ်ခန့်အကြာမှ စတင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုလိုပဲ၊ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အလှမ်းဝေးပြီး အမေရိကန် ဘီယာ၊ ဝိုင်နဲ့ ဘာဘွန် (အရက်)၊ လိမ္မော်ရည်အပါအဝင် သစ်သီးဖျော်ရည်တွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ ရေမွှေးတွေ၊ အဝတ်အစားတွေနဲ့ ဖိနပ်တွေလိုမျိုး နေ့စဉ်သုံး ပစ္စည်းတွေ ပါမှာပါ” ဟု ထရူးဒိုးက ပြောကြားခဲ့သည်။

“ အိမ်သုံးအသုံးအဆောင်တွေ၊ ပရိဘောဂနဲ့ အားကစားသုံးပစ္စည်းတွေ၊ သစ်သားနဲ့ ပလတ်စတစ်လိုမျိုး ပစ္စည်းတွေအပါအဝင် အဓိက လူသုံးကုန်ပစ္စည်းတွေ အပါအဝင်၊ အများကြီးပါပါတယ်။”

ထရူးဒိုးသည် အမေရိကန်-ကနေဒါ မဟာမိတ်အဖွဲ့၏ ရှည်လျားသောသမိုင်းကြောင်းကို အလေးပေးပြောကြားခဲ့ပြီး “ သမ္မတ ထရန့်ဟာ အမေရိကန်ပြည်ထောင်စုအတွက် ‘ရွှေခေတ်’ သစ်ကို ဦးတည်လိုပါက၊ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းဟာ ကျွန်တော်တို့ကို အပြစ်ပေးခြင်း မဟုတ်ဘဲ ကနေဒါနဲ့ ပူးပေါင်းရန်သာဖြစ်တယ်” ဟု စောဒကတက်ခဲ့သည်။

ဝန်ကြီးချုပ်သည် ထရန့်၏လှုပ်ရှားမှုသည် “ အမေရိကန်ပြည်သူတွေအတွက် အမှန်တကယ် အကျိုးဆက်တွေ ရှိလာလိမ့်မယ်” ဟု အမေရိကန်လူမျိုးများကို တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့သည်။

စတိုးဆိုင်များတွင် အမေရိကန်လုပ်ထုတ်ကုန်များထက် ကနေဒါထုတ်ကုန်များကို သုံးစွဲရန်နှင့် နွေရာသီအားလပ်ရက်အစီအစဉ်များကို ပြောင်းလဲပြီး ကနေဒါတွင် နေထိုင်ရန်စသည့် “ သင်တို့အတွက်” လုပ်ရန် နည်းလမ်းများ စဉ်းစားရန် ကနေဒါနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ထရုးဒိုး ၏ ကြေညာချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်း (Claudia Sheinbaum) က “မက္ကဆီကို အကျိုးစီးပွားကာကွယ်ရေးအတွက် အကောက်ခွန်မဲ့ အစီအမံတွေ ပါ၀င်တဲ့ ကျွန်မတို့ လုပ်ဆောင်နေတဲ့ Plan B ကို အကောင်အထည်ဖော်ဖို့ စီးပွားရေးအတွင်းရေးမှူးအား ညွှန်ကြားထားကြောင်း လူမှုကွန်ရက်စာမျက်နှာ X ၏ ပို့စ်တွင် စနေနေ့၌ စပိန်ဘာသာဖြင့် ပြောကြားခဲ့သည်။

သို့ရာတွင် ဒီအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကိုတော့ ကြေညာထားခြင်း မရှိသေးပါ။

ရှိန်းဘန်းက X ပို့စ်တွင် စည်းကြပ်ခွန်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး “ကျွန်မတို့ကို ရာဇ၀တ်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့တယ်လို့ စွပ်စွဲပြီး မက္ကဆီကိုအစိုးရကို အိမ်ဖြူတော်က ဆဲဆိုကြိမ်းမောင်းတာကို ပြတ်ပြတ်သားသား ပယ်ချပြီး ကျွန်မတို့ရဲ့နယ်မြေအတွင်း ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်ထားနေတာကို ရှုံချတယ်” ဟု အပစ်တင်ခဲ့သည်။

“ မက္ကဆီကိုက ဖန်းတနယ်လ်မူးယစ်ဆေးကို အမေရိကန်ကို မရောက်ရှိစေချင်ရုံသာမက ဘယ်နေရာကိုမဆို မရောက်စေချင်ပါဘူး” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

“ဒါကြောင့် အမေရိကန်အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းချင်တယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပေမယ့် တာဝန်ခွဲဝေမှု၊ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တဦးရဲ့အချုပ်အခြာအာဏာကို တဦးက လေးစားလိုက်နာဖို့လိုပါတယ်။ ဒါက ညှိနှိုင်းလို့ မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ ပူးပေါင်းဆောင်ရွက်တာကတော့ ရတယ်၊ လက်အောက်ငယ်သားအဖြစ်ကတော့ လက်မခံဘူး” ဟု သူမက ပြောခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်