နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုကို ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့က လက်တုံ့ပြန်မည်ဟုဆို

++++++++++++++++++

ဖေဖော်ဝါရီလ (၂) ရက်။

အမေရိကန်၏မဟာမိတ် ကနေဒါနှင့် မက္ကဆီကိုတို့ကလည်း အမေရိကန်အပေါ် လက်တုံ့ပြန်ရန် တန်ပြန်အခွန်စည်းကြပ်မှုကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့သည်။ ရင်းနှီးသောကုန်သွယ်ဖက်များအကြားတွင် နောက်ထပ် စီးပွားရေးအ‌ခြေအတင်ဖြစ်မှုကို အချက်ပြသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ခြင်းဆိုင်ရာ သမတအမိန့်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးပြီး နာရီအနည်းငယ်အကြာတွင် သုံးနိုင်ငံသည် အဆိုပါ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး လက်တုံ့ပြန်သည့် အစီအမံများကိုတန်ပြန်ချမှတ်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။

ရင်းနှီးသောကုန်သွယ်ဖက်များကြားတွင် နောက်ထပ်စီးပွားရေး အခြေအတင်ဖြစ်မှုကို အချက်ပြသည့် ထရန့်၏အပြုအမူကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အခွန် စည်းကြပ်မှုကို အကောင်အထည်ဖော်မည်ဟု အမေရိကန် မဟာမိတ်ကနေဒါနှင့် မက္ကဆီကိုတို့က ပြောကြားခဲ့သည်။

အမေရိကန်၏ ပြိုင်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် လက်တုံ့ပြန် စည်းကြပ်ခွန်များ သို့မဟုတ် အခြားသော သီးခြားအစီအမံများကို ဖော်ပြထားခြင်း မရှိသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားစွဲကာ လိုအပ်သော တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သို့ ဖန်းတနယ်လ်မူးယစ်ဆေးနှင့် အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူများ စီးဆင်းမှုတွင် ၎င်းနိုင်ငံတို့၏ အခန်းကဏ္ဍပါဝင်မှုနှင့်ပတ်သက်၍ ထရန့်သည် မက္ကဆီကိုနှင့် ကနေဒါမှ သွင်းကုန်များအပေါ် အခွန် ၂၅% တိုးကောက်မည်ဖြစ်ပြီး ကနေဒါစွမ်းအင်ထုတ်ကုန်များမှအပ ၁၀% အခွန်စည်းကြပ်ရမည့်အပြင်၊ အလားတူအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုး၍ကောက်ခံမည်ဖြစ်သည်။

အချို့ကို ခြွင်းချက်ပေးပြီး အမေရိကန်သည် အင်္ဂါနေ့တွင် အခွန်အများစုကို စတင်ကောက်ခံမည် ဖြစ်သည်။ အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိဘဲ အကျပ်အတည်း ကျော်လွှားသည်အထိ အခွန်ကောက်ခံမှုသည် ဆက်လက်တည်ရှိနေမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

မက္ကဆီကို၊ ကနေဒါနှင့် တရုတ်တို့သည် ယမန်နှစ်က အမေရိကန်သို့ သွင်းကုန်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။ ပါးကိုက်လျှင် နားကိုက်မည်ဆိုသည့် နိုင်ငံတို့၏ခေါင်းဆောင်များထံမှ သူတို့က တန်ပြန်အခွန်စည်းကြပ်မည့် ကြေညာချက်များသည် အမေရိကန်နှင့် ပြည်ပရှိ စားသုံးသူများအတွက် ကုန်စျေးနှုန်းများ မြင့်တက်စေပြီး အစားအသောက်၊ အီလက်ထရွန်းနစ်နှင့် ကားများကဲ့သို့သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မြင့်တက်လာစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံမီဒီယာများ၏ အဆိုအရ ကနေဒါရှိ ဂျပန်ကုမ္ပဏီများလည်း အကျိုးသက်ရောက်မည်ဖြစ်သည်ဟု သိရသည်။ ဂျပန်ကားပစ္စည်းထုတ်ကုမ္ပဏီအများစုသည် ကနေဒါနိုင်ငံတွင် စက်ရုံများတည်ဆောက်၍ ပစ္စည်းများထုတ်ပြီး အမေရိကန်သို့ တင်ပို့ကြသည်ဟု သိရသည်။

ယခုအချိန်အထိ ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုး( Justin Trudeau) သည် နိုင်ငံ၏ တုံ့ပြန်မှုက မည်သို့မည်ပုံမည်ပုံ ရှိမည်ကို အသေးစိတ်ဖော်ပြသည့် တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်နေခဲ့သည်။ ကနေဒါသည် အမေရိကန် ကုန်ပစ္စည်း ၁၅၅ ဘီလီယံ ဒေါ်လာ အပေါ် တွင် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းဖြင့် ကနေဒါ တင်ပို့မှုအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ထရမ့်၏ဆုံးဖြတ်ချက်ကို ကနေဒါမှ တုံ့ပြန်မည်ဟု စနေနေ့ညက ကြေညာခဲ့သည်။

ထရူးဒိုးသည် အမေရိကန် ကုန်ပစ္စည်းများမှ ဒေါ်လာ ၁၅၅ ဘီလီယံသည် ကနေဒါဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာ ဖြင့် သတ်မှတ်မည်ကိုမပြောခဲ့ပေ။ ကနေဒါဒေါ်လာ ၁၅၅ဘီလီယံသည် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံခန့် ရှိမည်ဖြစ်သည်။ အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုတွင် “အင်္ဂါနေ့တွင် ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် ချက်ချင်း အခွန်ကောက်ခြင်းများ” ပါ၀င်ကြောင်း စနေနေ့ညနေခင်း သတင်းစာရှင်းလင်းပွဲတွင် ထရူးဒိုးက ပြောကြားခဲ့သည်။ ထရန့်က ကနေဒါကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ စတင်ကောက်ခံမှုနှင့်တချိန်တည်း အင်္ဂါနေ့တွင် ကောက်မည်ဖြစ်သည်။

ကနေဒါကုမ္ပဏီများနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် အခြားရွေးချယ်စရာများကို ရှာဖွေ ကြိုးပမ်းနိုင်ရန် ကျန်အကောက်ခွန်များကို သုံးပတ်ခန့်အကြာမှ စတင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုလိုပဲ၊ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အလှမ်းဝေးပြီး အမေရိကန် ဘီယာ၊ ဝိုင်နဲ့ ဘာဘွန် (အရက်)၊ လိမ္မော်ရည်အပါအဝင် သစ်သီးဖျော်ရည်တွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ ရေမွှေးတွေ၊ အဝတ်အစားတွေနဲ့ ဖိနပ်တွေလိုမျိုး နေ့စဉ်သုံး ပစ္စည်းတွေ ပါမှာပါ” ဟု ထရူးဒိုးက ပြောကြားခဲ့သည်။

“အိမ်သုံးအသုံးအဆောင်တွေ၊ ပရိဘောဂနဲ့ အားကစားသုံးပစ္စည်းတွေ၊ သစ်သားနဲ့ ပလတ်စတစ်လိုမျိုး ပစ္စည်းတွေအပါအဝင် အဓိက လူသုံးကုန်ပစ္စည်းတွေ အပါအဝင်၊ အများကြီးပါပါတယ်။”

ထရူးဒိုးသည် အမေရိကန်-ကနေဒါ မဟာမိတ်အဖွဲ့၏ ရှည်လျားသောသမိုင်းကြောင်းကို အလေးပေးပြောကြားခဲ့ပြီး “သမ္မတ ထရန့်ဟာ အမေရိကန်ပြည်ထောင်စုအတွက် ‘ရွှေခေတ်’ သစ်ကို ဦးတည်လိုပါက၊ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းဟာ ကျွန်တော်တို့ကို အပြစ်ပေးခြင်း မဟုတ်ဘဲ ကနေဒါနဲ့ ပူးပေါင်းရန်သာဖြစ်တယ်” ဟု စောဒကတက်ခဲ့သည်။

ဝန်ကြီးချုပ်သည် ထရန့်၏လှုပ်ရှားမှုသည် “အမေရိကန်ပြည်သူတွေအတွက် အမှန်တကယ် အကျိုးဆက်တွေ ရှိလာလိမ့်မယ်” ဟု အမေရိကန်လူမျိုးများကို တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့သည်။

စတိုးဆိုင်များတွင် အမေရိကန်လုပ်ထုတ်ကုန်များထက် ကနေဒါထုတ်ကုန်များကို သုံးစွဲရန်နှင့် နွေရာသီအားလပ်ရက်အစီအစဉ်များကို ပြောင်းလဲပြီး ကနေဒါတွင် နေထိုင်ရန်စသည့် “သင်တို့အတွက်” လုပ်ရန် နည်းလမ်းများ စဉ်းစားရန် ကနေဒါနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ထရုးဒိုး ၏ ကြေညာချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်း (Claudia Sheinbaum) က “မက္ကဆီကို အကျိုးစီးပွားကာကွယ်ရေးအတွက် အကောက်ခွန်မဲ့ အစီအမံတွေ ပါ၀င်တဲ့ ကျွန်မတို့ လုပ်ဆောင်နေတဲ့ Plan B ကို အကောင်အထည်ဖော်ဖို့ စီးပွားရေးအတွင်းရေးမှူးအား ညွှန်ကြားထားကြောင်း လူမှုကွန်ရက်စာမျက်နှာ X ၏ ပို့စ်တွင် စနေနေ့၌ စပိန်ဘာသာဖြင့် ပြောကြားခဲ့သည်။

သို့ရာတွင် ဒီအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကိုတော့ ကြေညာထားခြင်း မရှိသေးပါ။

ရှိန်းဘန်းက X ပို့စ်တွင် စည်းကြပ်ခွန်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး “ကျွန်မတို့ကို ရာဇ၀တ်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့တယ်လို့ စွပ်စွဲပြီး မက္ကဆီကိုအစိုးရကို အိမ်ဖြူတော်က ဆဲဆိုကြိမ်းမောင်းတာကို ပြတ်ပြတ်သားသား ပယ်ချပြီး ကျွန်မတို့ရဲ့နယ်မြေအတွင်း ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်ထားနေတာကို ရှုံချတယ်” ဟု အပစ်တင်ခဲ့သည်။

“မက္ကဆီကိုက ဖန်းတနယ်လ်မူးယစ်ဆေးကို အမေရိကန်ကို မရောက်ရှိစေချင်ရုံသာမက ဘယ်နေရာကိုမဆို မရောက်စေချင်ပါဘူး” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

“ဒါကြောင့် အမေရိကန်အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းချင်တယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပေမယ့် တာဝန်ခွဲဝေမှု၊ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တဦးရဲ့အချုပ်အခြာအာဏာကို တဦးက လေးစားလိုက်နာဖို့လိုပါတယ်။ ဒါက ညှိနှိုင်းလို့ မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ ပူးပေါင်းဆောင်ရွက်တာကတော့ ရတယ်၊ လက်အောက်ငယ်သားအဖြစ်ကတော့ လက်မခံဘူး” ဟု သူမက ပြောခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက