နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

​NUG အစိုးရပြောရေးဆိုခွင့်ရှိသူ တာဝန်ပြောင်းလဲခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီဇင်ဘာ(၁၄) ရက် ဒီကနေ့ ရက်စွဲနဲ့ NUG က ထုတ်ပြန်ကြေညာထားသည်။


အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခံရသည့်သူများမှာ ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နှင့် ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့ ဖြစ်ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ယခင်က ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းတာဝန်တွေများပြားတဲ့အတွက်ကြောင့်ယခုကဲသို့ ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက ၎င်းတို့ ဝန်ကြီးဌာန တွေရဲ့ သက်ဆိုင်တဲ့အကြောင်း အရာများအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် တည်ရှိပြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်ထဲ ဖော်ပြထားသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတ၏ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများ၊ သမ္မတရုံးနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ဦးစားပေး ထုတ်ဖော်ပြောကြားရမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ မူဝါဒများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 22 Views
ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။ ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က
အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 44 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး
အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 38 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက မွတ်ဆလင်တွေ ကို မုန်းတီးကြတယ်။ ရန်သူလို့သတ်မှတ်တယ်။ ဒါကြောင့် အစ္စရေးကို ထောက်ခံကြတယ်။ ပါလက်စတိုင်းတွေကို
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 213 Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 103 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 150 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
အတွေးအမြင်ကဏ္ဍ

လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 119 Views
အတွေးအခေါ်တော်လှန်ရေး အပိုင်း (၂) လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဘဝကနေ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့မှာစစ်အာဏာသိမ်းခံခဲ့ရပြီး ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံဘဝကို ကျ‌ရောက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီတောင်းဆိုတဲ့
အတွေးအမြင်ကဏ္ဍ

“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 135 Views
“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”  ဒီတနင်္ဂနွေ ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောဆိုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်း ကက်ဘိနက်