နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမားရဲ့ စကားပြန် မိဇူဟာရာကို ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် လေးနှစ်နှင့် ကိုးလ ချမှတ်ခဲ့ပြီး နစ်နာကြေး နစ်နာကြေး ဒေါ်လာ ၁၆.၉၇ သန်း ပေးဆောင်ရန် အမိန့်ချမှတ်

——————————-

ဖေဖော်ဝါရီလ (၇) ရက်။

လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ (Shohei Ohtani) (အသက် ၃၀) ရဲ့ ဘဏ်အကောင့်ကနေ ငွေအမြောက်အမြားကို တရားမ၀င် လွှဲပြောင်းမှုနဲ့ ဘဏ်စာရင်းလိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အိုတာနီရဲ့ စကားပြန်ဖြစ်သူ အစ်ပေ မိဇူဟာရာ (Ippei Mizuhara) ကို (40) ကို ကယ်လီဖိုးနီးယားပြည်နယ် Santa Ana ရှိ ဖက်ဒရယ်ခရိုင်တရားရုံးက ထောင်ဒဏ် လေးနှစ်နဲ့ကိုးလအထိ ချမှတ်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဖက်ဒရယ်တရားရုံးက အိုတာနီကို နစ်နာကြေးဒေါ်လာ ၁၆.၉၇ သန်း ပေးချေရန်လည်း အမိန့်ချမှတ်ခဲ့ပါတယ်။

မိဇူဟာရာဟာ သူ့အပြစ်ကို ဝန်ခံခြင်းအတွက် လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကို လက်ခံဖို့ အသနားခံ ညှိနှိုင်းခဲ့ပါတယ်။ ထောင်ဒဏ် လေးနှစ်နဲ့ကိုးလကနေ ငါးနှစ်နဲ့ ဆယ်တစ်လကြား ချမှတ်ခံရပါက အယူခံမဝင်ဘူးလို့ တရားခံနဲ့ တရားလို အစိုးရရှေ့နေတွေ သဘောတူညီထားပါတယ်။

သူ့ကို ချက်ခြင်းထောင်ကိုမပို့ဘဲ တရားရုံးက မတ်လ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး အဖမ်းခံဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရေးအာဏာပိုင်တွေရဲ့ အဆိုအရ ထောင်ဒဏ်ကျခံပြီးဆုံးသွားပါက ဂျပန်နိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေတွေရဲ့ စီရင်ချက် တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မီဇူဟာရာက “ ပြင်းထန်တဲ့ လောင်းကစားစွဲလမ်းမှုဒဏ်ကို ခံစားနေရပြီး အဲ့ဒီ စွဲလမ်းမှုကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ရှေးကသာဓကတွေကို ကိုးကားကာ ထောင်ဒဏ် တစ်နှစ်နဲ့ ခြောက်လက သင့်လျော်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ် Times ရဲ့ အဆိုအရ တရားသူကြီးက “ ခိုးယူခံရတဲ့ ပမာဏဟာ အံ့အားသင့်စရာပါပဲ၊ သာမန်လူတွေအတွက် ဒီပမာဏဟာ အကြိမ်ပေါင်းများစွာ ဘဝတွေကို ထပ်ပြီး ရှာလို့ရတဲ့ငွေထက် ပိုများပါတယ်” လို့ မှတ်ချက်ပေးခဲ့ပြီး “ မီဇူဟာရအနေနဲ့ (အိုတာနီ) ကို ငွေတွေ ပြန်ဆပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရားရုံးပိတ်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ခံတရားလို အစိုးရရှေ့နေက “ အမှန်တကယ်တော့ မီဇူဟာရဟာ အိုတာနီရဲ့ မန်နေဂျာ ဖြစ်ပြီး စကားပြန်၊ မိတ်ဆွေဆိုတာကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်စကား မပြောတတ်ဘဲ အမေရိကန်ဘေ့စ်ဘောကို လမ်းဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အိုတာနီရဲ့ အားနည်းချက်ကို နင်းခဲ့တာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “ အိုတာနီကို မီဇူဟာရာက အသုံးချခဲ့ပြီး ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ သားကောင်ဖြစ်တယ်” လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။

စွဲချက်တင်ချက်အရ မီဇူဟာရာဟာ တရားမဝင် အားကစား လောင်းကစားလုပ်ရင်း ရှုံးလာကာ တင်လာတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ အိုတာနီရဲ့ ဘဏ်အကောင့်ကနေ ဒေါ်လာ ၁၆.၅၉ သန်းကို လောင်းကစားဒိုင်ကိုင်သူဆီကို အိုတာနီရဲ့ အမည်သုံးပြီး တရားမဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

ငွေလွှဲဖို့ လိုအပ်တဲ့ လျှို့ဝှက်ကုဒ်တွေနဲ့ အခြားအချက်အလက်တွေ ရရှိဖို့ အိုတာနီ ဘဏ်အကောင့်ဖွင့်ဖို့ စကားပြန်အနေနဲ့ ပြုလုပ်ပေးခဲ့တဲ့ သူ့ရဲ့ရာထူးကို အခွင့်ကောင်းယူခဲ့ပါတယ်။

ပြန်လည်ရောင်းချဖို့ ဘေ့စ်ဘောကတ်တွေ ဝယ်ယူတာ အပါအဝင် အိုတာနီရဲ့ ဘဏ်အကောင့်ကနေ တရားမ၀င် ရရှိထားတဲ့ စုစုပေါင်းပမာဏဟာ ဒေါ်လာ ၁၆.၉၇ သန်း ကျော်လွန်သွားတဲ့အတွက် အခွန်ဆောင်ဖို့ အတုအယောင်တွေ တင်ပြမှုနဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

မီဇူဟာရာဟာ လောင်းကစားလုပ်နေတာကို စစ်ဆေးတွေ့ရှိပြီးနောက် Dodgers အသင်းကနေ အလုပ်ထုတ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ စွဲချက်တင်ခံခဲ့ရပါတယ်။ အောက်တိုဘာလမှာ စီရင်ချက်ချဖို့ စီစဉ်ထားပေမဲ့ တရားခံရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စီရင်ချက်ချခဲ့ပါတယ်။

သတင်းရင်းမြစ်။ Mainichi Shimbun

ဓာတ်ပုံ (၁) ရှိုးဟေးအိုတာနီရဲ့ စကားပြန်ဟောင်းဖြစ်သူ မီဇူဟာရာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Santa Ana တရားရုံးတွင် တွေ့ရစဉ်

ဓာတ်ပုံ (၂) ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမား လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်