နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမားရဲ့ စကားပြန် မိဇူဟာရာကို ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် လေးနှစ်နှင့် ကိုးလ ချမှတ်ခဲ့ပြီး နစ်နာကြေး နစ်နာကြေး ဒေါ်လာ ၁၆.၉၇ သန်း ပေးဆောင်ရန် အမိန့်ချမှတ်

——————————-

ဖေဖော်ဝါရီလ (၇) ရက်။

လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ (Shohei Ohtani) (အသက် ၃၀) ရဲ့ ဘဏ်အကောင့်ကနေ ငွေအမြောက်အမြားကို တရားမ၀င် လွှဲပြောင်းမှုနဲ့ ဘဏ်စာရင်းလိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အိုတာနီရဲ့ စကားပြန်ဖြစ်သူ အစ်ပေ မိဇူဟာရာ (Ippei Mizuhara) ကို (40) ကို ကယ်လီဖိုးနီးယားပြည်နယ် Santa Ana ရှိ ဖက်ဒရယ်ခရိုင်တရားရုံးက ထောင်ဒဏ် လေးနှစ်နဲ့ကိုးလအထိ ချမှတ်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဖက်ဒရယ်တရားရုံးက အိုတာနီကို နစ်နာကြေးဒေါ်လာ ၁၆.၉၇ သန်း ပေးချေရန်လည်း အမိန့်ချမှတ်ခဲ့ပါတယ်။

မိဇူဟာရာဟာ သူ့အပြစ်ကို ဝန်ခံခြင်းအတွက် လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကို လက်ခံဖို့ အသနားခံ ညှိနှိုင်းခဲ့ပါတယ်။ ထောင်ဒဏ် လေးနှစ်နဲ့ကိုးလကနေ ငါးနှစ်နဲ့ ဆယ်တစ်လကြား ချမှတ်ခံရပါက အယူခံမဝင်ဘူးလို့ တရားခံနဲ့ တရားလို အစိုးရရှေ့နေတွေ သဘောတူညီထားပါတယ်။

သူ့ကို ချက်ခြင်းထောင်ကိုမပို့ဘဲ တရားရုံးက မတ်လ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး အဖမ်းခံဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရေးအာဏာပိုင်တွေရဲ့ အဆိုအရ ထောင်ဒဏ်ကျခံပြီးဆုံးသွားပါက ဂျပန်နိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေတွေရဲ့ စီရင်ချက် တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မီဇူဟာရာက “ပြင်းထန်တဲ့ လောင်းကစားစွဲလမ်းမှုဒဏ်ကို ခံစားနေရပြီး အဲ့ဒီ စွဲလမ်းမှုကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ရှေးကသာဓကတွေကို ကိုးကားကာ ထောင်ဒဏ် တစ်နှစ်နဲ့ ခြောက်လက သင့်လျော်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ် Times ရဲ့ အဆိုအရ တရားသူကြီးက “ခိုးယူခံရတဲ့ ပမာဏဟာ အံ့အားသင့်စရာပါပဲ၊ သာမန်လူတွေအတွက် ဒီပမာဏဟာ အကြိမ်ပေါင်းများစွာ ဘဝတွေကို ထပ်ပြီး ရှာလို့ရတဲ့ငွေထက် ပိုများပါတယ်” လို့ မှတ်ချက်ပေးခဲ့ပြီး “မီဇူဟာရအနေနဲ့ (အိုတာနီ) ကို ငွေတွေ ပြန်ဆပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရားရုံးပိတ်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ခံတရားလို အစိုးရရှေ့နေက “အမှန်တကယ်တော့ မီဇူဟာရဟာ အိုတာနီရဲ့ မန်နေဂျာ ဖြစ်ပြီး စကားပြန်၊ မိတ်ဆွေဆိုတာကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်စကား မပြောတတ်ဘဲ အမေရိကန်ဘေ့စ်ဘောကို လမ်းဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အိုတာနီရဲ့ အားနည်းချက်ကို နင်းခဲ့တာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “အိုတာနီကို မီဇူဟာရာက အသုံးချခဲ့ပြီး ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ သားကောင်ဖြစ်တယ်” လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။

စွဲချက်တင်ချက်အရ မီဇူဟာရာဟာ တရားမဝင် အားကစား လောင်းကစားလုပ်ရင်း ရှုံးလာကာ တင်လာတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ အိုတာနီရဲ့ ဘဏ်အကောင့်ကနေ ဒေါ်လာ ၁၆.၅၉ သန်းကို လောင်းကစားဒိုင်ကိုင်သူဆီကို အိုတာနီရဲ့ အမည်သုံးပြီး တရားမဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

ငွေလွှဲဖို့ လိုအပ်တဲ့ လျှို့ဝှက်ကုဒ်တွေနဲ့ အခြားအချက်အလက်တွေ ရရှိဖို့ အိုတာနီ ဘဏ်အကောင့်ဖွင့်ဖို့ စကားပြန်အနေနဲ့ ပြုလုပ်ပေးခဲ့တဲ့ သူ့ရဲ့ရာထူးကို အခွင့်ကောင်းယူခဲ့ပါတယ်။

ပြန်လည်ရောင်းချဖို့ ဘေ့စ်ဘောကတ်တွေ ဝယ်ယူတာ အပါအဝင် အိုတာနီရဲ့ ဘဏ်အကောင့်ကနေ တရားမ၀င် ရရှိထားတဲ့ စုစုပေါင်းပမာဏဟာ ဒေါ်လာ ၁၆.၉၇ သန်း ကျော်လွန်သွားတဲ့အတွက် အခွန်ဆောင်ဖို့ အတုအယောင်တွေ တင်ပြမှုနဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

မီဇူဟာရာဟာ လောင်းကစားလုပ်နေတာကို စစ်ဆေးတွေ့ရှိပြီးနောက် Dodgers အသင်းကနေ အလုပ်ထုတ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ စွဲချက်တင်ခံခဲ့ရပါတယ်။ အောက်တိုဘာလမှာ စီရင်ချက်ချဖို့ စီစဉ်ထားပေမဲ့ တရားခံရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စီရင်ချက်ချခဲ့ပါတယ်။

သတင်းရင်းမြစ်။ Mainichi Shimbun

ဓာတ်ပုံ (၁) ရှိုးဟေးအိုတာနီရဲ့ စကားပြန်ဟောင်းဖြစ်သူ မီဇူဟာရာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Santa Ana တရားရုံးတွင် တွေ့ရစဉ်

ဓာတ်ပုံ (၂) ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမား လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော