နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမားရဲ့ စကားပြန် မိဇူဟာရာကို ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် လေးနှစ်နှင့် ကိုးလ ချမှတ်ခဲ့ပြီး နစ်နာကြေး နစ်နာကြေး ဒေါ်လာ ၁၆.၉၇ သန်း ပေးဆောင်ရန် အမိန့်ချမှတ်

——————————-

ဖေဖော်ဝါရီလ (၇) ရက်။

လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ (Shohei Ohtani) (အသက် ၃၀) ရဲ့ ဘဏ်အကောင့်ကနေ ငွေအမြောက်အမြားကို တရားမ၀င် လွှဲပြောင်းမှုနဲ့ ဘဏ်စာရင်းလိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အိုတာနီရဲ့ စကားပြန်ဖြစ်သူ အစ်ပေ မိဇူဟာရာ (Ippei Mizuhara) ကို (40) ကို ကယ်လီဖိုးနီးယားပြည်နယ် Santa Ana ရှိ ဖက်ဒရယ်ခရိုင်တရားရုံးက ထောင်ဒဏ် လေးနှစ်နဲ့ကိုးလအထိ ချမှတ်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဖက်ဒရယ်တရားရုံးက အိုတာနီကို နစ်နာကြေးဒေါ်လာ ၁၆.၉၇ သန်း ပေးချေရန်လည်း အမိန့်ချမှတ်ခဲ့ပါတယ်။

မိဇူဟာရာဟာ သူ့အပြစ်ကို ဝန်ခံခြင်းအတွက် လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကို လက်ခံဖို့ အသနားခံ ညှိနှိုင်းခဲ့ပါတယ်။ ထောင်ဒဏ် လေးနှစ်နဲ့ကိုးလကနေ ငါးနှစ်နဲ့ ဆယ်တစ်လကြား ချမှတ်ခံရပါက အယူခံမဝင်ဘူးလို့ တရားခံနဲ့ တရားလို အစိုးရရှေ့နေတွေ သဘောတူညီထားပါတယ်။

သူ့ကို ချက်ခြင်းထောင်ကိုမပို့ဘဲ တရားရုံးက မတ်လ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး အဖမ်းခံဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရေးအာဏာပိုင်တွေရဲ့ အဆိုအရ ထောင်ဒဏ်ကျခံပြီးဆုံးသွားပါက ဂျပန်နိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေတွေရဲ့ စီရင်ချက် တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မီဇူဟာရာက “ ပြင်းထန်တဲ့ လောင်းကစားစွဲလမ်းမှုဒဏ်ကို ခံစားနေရပြီး အဲ့ဒီ စွဲလမ်းမှုကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ရှေးကသာဓကတွေကို ကိုးကားကာ ထောင်ဒဏ် တစ်နှစ်နဲ့ ခြောက်လက သင့်လျော်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ် Times ရဲ့ အဆိုအရ တရားသူကြီးက “ ခိုးယူခံရတဲ့ ပမာဏဟာ အံ့အားသင့်စရာပါပဲ၊ သာမန်လူတွေအတွက် ဒီပမာဏဟာ အကြိမ်ပေါင်းများစွာ ဘဝတွေကို ထပ်ပြီး ရှာလို့ရတဲ့ငွေထက် ပိုများပါတယ်” လို့ မှတ်ချက်ပေးခဲ့ပြီး “ မီဇူဟာရအနေနဲ့ (အိုတာနီ) ကို ငွေတွေ ပြန်ဆပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရားရုံးပိတ်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ခံတရားလို အစိုးရရှေ့နေက “ အမှန်တကယ်တော့ မီဇူဟာရဟာ အိုတာနီရဲ့ မန်နေဂျာ ဖြစ်ပြီး စကားပြန်၊ မိတ်ဆွေဆိုတာကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်စကား မပြောတတ်ဘဲ အမေရိကန်ဘေ့စ်ဘောကို လမ်းဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အိုတာနီရဲ့ အားနည်းချက်ကို နင်းခဲ့တာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “ အိုတာနီကို မီဇူဟာရာက အသုံးချခဲ့ပြီး ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ သားကောင်ဖြစ်တယ်” လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။

စွဲချက်တင်ချက်အရ မီဇူဟာရာဟာ တရားမဝင် အားကစား လောင်းကစားလုပ်ရင်း ရှုံးလာကာ တင်လာတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ အိုတာနီရဲ့ ဘဏ်အကောင့်ကနေ ဒေါ်လာ ၁၆.၅၉ သန်းကို လောင်းကစားဒိုင်ကိုင်သူဆီကို အိုတာနီရဲ့ အမည်သုံးပြီး တရားမဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

ငွေလွှဲဖို့ လိုအပ်တဲ့ လျှို့ဝှက်ကုဒ်တွေနဲ့ အခြားအချက်အလက်တွေ ရရှိဖို့ အိုတာနီ ဘဏ်အကောင့်ဖွင့်ဖို့ စကားပြန်အနေနဲ့ ပြုလုပ်ပေးခဲ့တဲ့ သူ့ရဲ့ရာထူးကို အခွင့်ကောင်းယူခဲ့ပါတယ်။

ပြန်လည်ရောင်းချဖို့ ဘေ့စ်ဘောကတ်တွေ ဝယ်ယူတာ အပါအဝင် အိုတာနီရဲ့ ဘဏ်အကောင့်ကနေ တရားမ၀င် ရရှိထားတဲ့ စုစုပေါင်းပမာဏဟာ ဒေါ်လာ ၁၆.၉၇ သန်း ကျော်လွန်သွားတဲ့အတွက် အခွန်ဆောင်ဖို့ အတုအယောင်တွေ တင်ပြမှုနဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

မီဇူဟာရာဟာ လောင်းကစားလုပ်နေတာကို စစ်ဆေးတွေ့ရှိပြီးနောက် Dodgers အသင်းကနေ အလုပ်ထုတ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ စွဲချက်တင်ခံခဲ့ရပါတယ်။ အောက်တိုဘာလမှာ စီရင်ချက်ချဖို့ စီစဉ်ထားပေမဲ့ တရားခံရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စီရင်ချက်ချခဲ့ပါတယ်။

သတင်းရင်းမြစ်။ Mainichi Shimbun

ဓာတ်ပုံ (၁) ရှိုးဟေးအိုတာနီရဲ့ စကားပြန်ဟောင်းဖြစ်သူ မီဇူဟာရာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Santa Ana တရားရုံးတွင် တွေ့ရစဉ်

ဓာတ်ပုံ (၂) ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမား လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 16 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကို ဟူသီသူပုန်များက ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်က ယီမင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 6 Views
မတ်လ (၁၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟူသီသူပုန်များအပေါ် “ ငရဲမိုးရွာလိမ့်မယ်” ဟု ယီမင်ကို သတိပေးပြီးနောက် အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က ကနေဒါကို စည်းလုံးစေပြီး ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 9 Views
မတ်လ (၁၆) ရက်။ ထရန့်အပေါ် ခါးသီးသောခံစားချက်သည် ကနေဒါနိုင်ငံသားများကြားတွင် မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့ပြီး ထရန့်နှင့်သဘောထား အကိုက်ညီဆုံး ကနေဒါနိုင်ငံရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ အလားအလာများကို ထိခိုက်စေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အမေရိကန် နိုင်ငံသားများကို ပိုမိုကွဲပြားစေရန် တွန်းအားပေးနေသော်လည်း ထိုအချက်သည်ကနေဒါနိုင်ငံသားများကို
နိုင်ငံတကာသတင်း အာရှ

တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ထရန့် တွန်းအားပေးနေချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးနေကြသည်။

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 11 Views
မတ်လ (၁၄) ရက်။ တရုတ်နိုင်ငံသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်နေသည့် ပြဿနာတစ်ရပ်အတွက် ဘေဂျင်းသည် ပါဝါပွဲစားအဖြစ် ရပ်တည်ရန်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို ဝီလီယံအလ်ဆပ် (William Alsup) အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄) ရက်။ ကယ်လီဖိုးနီးယား တရားသူကြီးက ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို အမိန့်ထုတ် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖက်ဒရယ်တရားသူကြီး ဝီလီယံအလ်ဆပ်သည် ဖက်ဒရယ်ဝန်ထမ်းအင်အားကို လျော့ချရန် ပြီးခဲ့သည့်လက သမ္မတ‌ဒေါ်နယ်ထရန့်၏ လုပ်ဆောင်မှုအောက်တွင် အလုပ်ထုတ်ခံရသော
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 13 Views
မတ်လ (၁၄) ရက်။ ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄) ရက်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 10 Views
မတ်လ (၁၃) ရက်။ ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈