နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး ဓားစာခံ သုံးဦးကို လွှတ်ပေးမည်ဟု ဟားမတ်စ်ပြော

ဖေဖော်ဝါရီလ (၈) ရက်။

အစ္စရေး ဓားစာခံသုံးဦးကို ယနေ့ လွှတ်ပေးမည်ဟု ဟားမတ်စ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ကဆမ် တပ်မဟာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဘူအိုဘီဒါ (Abu Obeida) က တယ်လီဂရမ်တွင် အီလီရှာရာဘီ(Eli Sharabi) ၅၂နှစ်၊ အော်လဲဗီ (Or Levy) အသက် ၃၄ နှစ်နှင့် အိုဟက်ဘင်အမီ (Ohad Ben Ami) အသက် ၅၆ နှစ်တို့ကို ပါလက်စတိုင်းအကျဉ်းသားများနှင့် လဲလှယ်ရန် လွှတ်ပေးမည်ဟု ‌ပြောကြား ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား ဟားမတ်စ် တိုက်ခိုက်မှုအတွင်း စိတ်နှလုံးခြောက်ခြားစရာ အပျက်အစီးများအကြား ဘင်အမီနှင့် ရှာရာဘီတို့ကို ဂါဇာနယ်စပ်အနီးရှိ ကီဘွတ်ဇ် ဘီအီရီ (Kibbutz Be’eri) အရပ်မှ ဖမ်းဆီးယူခဲ့ပြီး အော်လဲဗီသည် အစ္စရေးတောင်ပိုင်းရှိ နိုဗာ (Nova) ဂီတပွဲတော်တွင် ထိုနေ့တွင်ပင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့သည် ကြက်ခြေနီလက်ထဲသို့ ရောက်ရှိနေပြီး အစ္စရေးသို့ ပို့ဆောင်တော့မည်ဖြစ်သည်။

ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် ဓားစာခံသုံးဦးသည် ယခုအခါ ကြက်ခြေနီစောင့်ကြပ်မှုအောက်တွင် ရှိနေပြီး အစ္စရေးနိုင်ငံသို့ သွားနေကြပြီဖြစ်သည်။

စာရင်းကိုင်ဖြစ်သူ ကလေး ၃ ယောက် ၏ဖခင် အိုဟက်ဘင်အမီ ၊ အသက် ၅၆ နှစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် ဟားမတ်စ်ဦးဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကီဘွတ်ဇ် ဘီအီရီရှိ ၎င်း၏နေအိမ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

၎င်း၏ဇနီး ရက်ဇ် (Raz) ကိုလည်း ဖမ်းဆီးထားသော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြားအယောက် ၁၀၀ နှင့်အတူ သူမအား ပြန်လွှတ်ပေးခဲ့သည်။

ကီဘွတ်ဇ် ဘီအီရီအရပ် မှ အသက် ၅၂ နှစ်အရွယ် အီလီရှာရာဘီသည် တိုက်ခိုက်မှုတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော်လည်း ၎င်း၏ဇနီးနှင့် သမီးနှစ်ဦးတို့သည် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်။ ၎င်း၏အစ်ကို ယော့ဆီ (Yossi) သည်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော်လည်း ဟားမတ်စ်က ၎င်း၏သေဆုံးမှုကို ယမန်နှစ်တွင် ကြေညာခဲ့သည်။

ဓားစာခံသေဆုံးမှုနှင့်ပတ်သက်ပြီး IDF ၏ စုံစမ်းစစ်ဆေးမှုအရ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ရစ်ဟွန် လီဇီယွန် (Rishon LeZion) အရပ်မှ အသက် ၃၄ နှစ်အရွယ် ပရိုဂရမ်မာ အော်လဲဗီသည် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း နိုဗာဂီတပွဲတော်မှ ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်း၏ဇနီး အီနာ့ဗ် အယ်ကာယမ် လဲဗီ (Einav Elkayam Levy) အပါအဝင် လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။

လေးပတ်ကြာ အပြန်အလှန်လဲလှယ်မှုအတွင်းအစ္စရေး ဓားစာခံ ၁၈ ဦး လွတ်မြောက်လာပြီး ပါလက်စတိုင်း အကျဉ်းသား ၅၈၃ ဦး လွတ်မြောက်ခဲ့သည်။

ယခုအချိန်အထိ ဓားစာခံနှင့် အကျဉ်းသား လဲလှယ်ရေး လေးခုတွင် ဟားမတ်စ် အဖွဲ့က ဓားစာခံ ၁၈ ဦး လွှတ်ပေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆင့် ၁ အရ ပါလက်စတိုင်း ထိန်းသိမ်းရေး စခန်းမှ ပါလက်စတိုင်း အကျဉ်းသား ၅၈၃ ဦးကို အစ္စရေးက လွှတ်ပေးခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် အမျိုးသား ၃ ဦးကို ပြန်လည်လွှတ်ပေးမည့် လဲလှယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယနေ့တွင် နောက်ထပ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးက လွှတ်ပေးမည်ဟု မျှော်လင့်ရသည်။

လွတ်မြောက်လာသူ ပါလက်စတိုင်းအကျဉ်းသားအချို့မှာ ကျန်းမာရေးအခြေအနေ ညံ့ဖျင်းသည်ဟု လခြမ်းနီအဖွဲ့က ဆိုသည်။

ယနေ့ အစ္စရေးထောင်မှ လွတ်မြောက်လာသည့် ပါလက်စတိုင်း အကျဉ်းသား ခုနစ်ဦးကို “သူတို့၏ ကျန်းမာရေး အခြေအနေဆိုးဝါးနေမှု” ကြောင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း လခြမ်းနီအဖွဲ့ထံမှ သိရသည်။

“ ၁၈၃ ယောက်ကို ဒီနေ့ လွတ်မြောက်လာမယ်” ဟု ဟားမတ်စ်က ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) က ပြောပါသည်။ ယနေ့အစောပိုင်းက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ရာမာလာမြို့သို့ လူတစ်စုကို ခေါ်ဆောင်သွားခဲ့သည်။ သို့သော် မည်မျှ လွတ်မြောက်လာသည်ကိုမူ မသိရပေ။

ဓာတ်ပုံ။

ဘယ်ဖက်မှ အော်လဲဗီ (Or Levy), အီလီရှာရာဘီ (Eli Sharabi), အဘူအိုဘီဒါ (Ohad Ben Ami)

လွတ်လာသည့် ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်