နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး ဓားစာခံ သုံးဦးကို လွှတ်ပေးမည်ဟု ဟားမတ်စ်ပြော

ဖေဖော်ဝါရီလ (၈) ရက်။

အစ္စရေး ဓားစာခံသုံးဦးကို ယနေ့ လွှတ်ပေးမည်ဟု ဟားမတ်စ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ကဆမ် တပ်မဟာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဘူအိုဘီဒါ (Abu Obeida) က တယ်လီဂရမ်တွင် အီလီရှာရာဘီ(Eli Sharabi) ၅၂နှစ်၊ အော်လဲဗီ (Or Levy) အသက် ၃၄ နှစ်နှင့် အိုဟက်ဘင်အမီ (Ohad Ben Ami) အသက် ၅၆ နှစ်တို့ကို ပါလက်စတိုင်းအကျဉ်းသားများနှင့် လဲလှယ်ရန် လွှတ်ပေးမည်ဟု ‌ပြောကြား ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား ဟားမတ်စ် တိုက်ခိုက်မှုအတွင်း စိတ်နှလုံးခြောက်ခြားစရာ အပျက်အစီးများအကြား ဘင်အမီနှင့် ရှာရာဘီတို့ကို ဂါဇာနယ်စပ်အနီးရှိ ကီဘွတ်ဇ် ဘီအီရီ (Kibbutz Be’eri) အရပ်မှ ဖမ်းဆီးယူခဲ့ပြီး အော်လဲဗီသည် အစ္စရေးတောင်ပိုင်းရှိ နိုဗာ (Nova) ဂီတပွဲတော်တွင် ထိုနေ့တွင်ပင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့သည် ကြက်ခြေနီလက်ထဲသို့ ရောက်ရှိနေပြီး အစ္စရေးသို့ ပို့ဆောင်တော့မည်ဖြစ်သည်။

ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် ဓားစာခံသုံးဦးသည် ယခုအခါ ကြက်ခြေနီစောင့်ကြပ်မှုအောက်တွင် ရှိနေပြီး အစ္စရေးနိုင်ငံသို့ သွားနေကြပြီဖြစ်သည်။

စာရင်းကိုင်ဖြစ်သူ ကလေး ၃ ယောက် ၏ဖခင် အိုဟက်ဘင်အမီ ၊ အသက် ၅၆ နှစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် ဟားမတ်စ်ဦးဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကီဘွတ်ဇ် ဘီအီရီရှိ ၎င်း၏နေအိမ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

၎င်း၏ဇနီး ရက်ဇ် (Raz) ကိုလည်း ဖမ်းဆီးထားသော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြားအယောက် ၁၀၀ နှင့်အတူ သူမအား ပြန်လွှတ်ပေးခဲ့သည်။

ကီဘွတ်ဇ် ဘီအီရီအရပ် မှ အသက် ၅၂ နှစ်အရွယ် အီလီရှာရာဘီသည် တိုက်ခိုက်မှုတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော်လည်း ၎င်း၏ဇနီးနှင့် သမီးနှစ်ဦးတို့သည် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်။ ၎င်း၏အစ်ကို ယော့ဆီ (Yossi) သည်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော်လည်း ဟားမတ်စ်က ၎င်း၏သေဆုံးမှုကို ယမန်နှစ်တွင် ကြေညာခဲ့သည်။

ဓားစာခံသေဆုံးမှုနှင့်ပတ်သက်ပြီး IDF ၏ စုံစမ်းစစ်ဆေးမှုအရ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ရစ်ဟွန် လီဇီယွန် (Rishon LeZion) အရပ်မှ အသက် ၃၄ နှစ်အရွယ် ပရိုဂရမ်မာ အော်လဲဗီသည် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း နိုဗာဂီတပွဲတော်မှ ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်း၏ဇနီး အီနာ့ဗ် အယ်ကာယမ် လဲဗီ (Einav Elkayam Levy) အပါအဝင် လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။

လေးပတ်ကြာ အပြန်အလှန်လဲလှယ်မှုအတွင်းအစ္စရေး ဓားစာခံ ၁၈ ဦး လွတ်မြောက်လာပြီး ပါလက်စတိုင်း အကျဉ်းသား ၅၈၃ ဦး လွတ်မြောက်ခဲ့သည်။

ယခုအချိန်အထိ ဓားစာခံနှင့် အကျဉ်းသား လဲလှယ်ရေး လေးခုတွင် ဟားမတ်စ် အဖွဲ့က ဓားစာခံ ၁၈ ဦး လွှတ်ပေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆင့် ၁ အရ ပါလက်စတိုင်း ထိန်းသိမ်းရေး စခန်းမှ ပါလက်စတိုင်း အကျဉ်းသား ၅၈၃ ဦးကို အစ္စရေးက လွှတ်ပေးခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် အမျိုးသား ၃ ဦးကို ပြန်လည်လွှတ်ပေးမည့် လဲလှယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယနေ့တွင် နောက်ထပ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးက လွှတ်ပေးမည်ဟု မျှော်လင့်ရသည်။

လွတ်မြောက်လာသူ ပါလက်စတိုင်းအကျဉ်းသားအချို့မှာ ကျန်းမာရေးအခြေအနေ ညံ့ဖျင်းသည်ဟု လခြမ်းနီအဖွဲ့က ဆိုသည်။

ယနေ့ အစ္စရေးထောင်မှ လွတ်မြောက်လာသည့် ပါလက်စတိုင်း အကျဉ်းသား ခုနစ်ဦးကို “သူတို့၏ ကျန်းမာရေး အခြေအနေဆိုးဝါးနေမှု” ကြောင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း လခြမ်းနီအဖွဲ့ထံမှ သိရသည်။

“ ၁၈၃ ယောက်ကို ဒီနေ့ လွတ်မြောက်လာမယ်” ဟု ဟားမတ်စ်က ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) က ပြောပါသည်။ ယနေ့အစောပိုင်းက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ရာမာလာမြို့သို့ လူတစ်စုကို ခေါ်ဆောင်သွားခဲ့သည်။ သို့သော် မည်မျှ လွတ်မြောက်လာသည်ကိုမူ မသိရပေ။

ဓာတ်ပုံ။

ဘယ်ဖက်မှ အော်လဲဗီ (Or Levy), အီလီရှာရာဘီ (Eli Sharabi), အဘူအိုဘီဒါ (Ohad Ben Ami)

လွတ်လာသည့် ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 11 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး
နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 18 Views
ဇွန်လ (၆) ရက်။ မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။ ဇွန်လ (၄) ရက်နေ့
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 20 Views
ဇွန်လ (၅) ရက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ
နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 27 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 50 Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 23 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို
ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 25 Views
ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ကာကွယ်ရေး သုတေသနစင်တာ (ဖောင်ဒေးရှင်း) တွင် သုတေသန ကော်မတီဝင် ယိုကိုဟားမား၏ ဆောင်းပါးကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 20 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း” ပြီး “အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကို အပြင်းအထန် ချိုးဖောက်ပြီး