နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကူမင်းမြို့ကို ရောက်ရှိနေ

ဖေဖော်ဝါရီလ (၁၅) ရက်။

တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ TNLA က အသိပေးထုတ်ပြန်လာပါတယ်။

PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကစထ (၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မယ်လို့ ရေးသားထားပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ MNDAA ကိုးကန့်အဖွဲနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေကို ပြေလည်နိုင်ဖို့ မနက်ဖန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တွေ့ဆုံမှုတွေ စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 11 Views
ဧပြီလ (၂၈)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကာ (၁၆)ဦး ဖမ်းမိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 12 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့
မြန်မာသတင်း

စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 19 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် (၃၈၀၂)တပ်ရင်း တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတွေက ပဲခူးရိုးမအစပ်မှာရှိတဲ့
မြန်မာသတင်း

စစ်ကိုင်းငလျင် (၁)လပြည့်တဲ့နေ့ တောင်ငူအနီး အင်အားအသင့်အတင့်ရှိ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 13 Views
ဧပြီလ (၂၈)ရက်။ ဒီကနေ့ စစ်ကိုင်းငလျင် တလပြည့်တဲ့နေ့မှာ တောင်ငူမြို့အနီး အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားစာနာမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်ဟာ ဒီကနေ့ နံနက် (၇)နာရီ (၅၈)မိနစ်ခန့်က ပဲခူးတိုင်း
မြန်မာသတင်း

စစ်ကောင်စီရဲ့ အပစ်ရပ်ကာလထဲ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာ အကြိမ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 12 Views
စစ်ကောင်စီ ကြေညာချက်နဲ့ လက်တွေ့လုပ်ရပ်က “ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သလိုဖြစ်နေတာလို့ KNU ပြော ဧပြီလ (၂၈)ရက်။ ဧပြီလ (၂)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာတဲ့ကာလထဲ ကော်သူးလေနယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာ အကြိမ်
မြန်မာသတင်း

အပစ်ရပ်ကတိပျက်နဲ့ တရုတ်အားကိုးပုဆိန်ရိုးရဲ့ ရွေးကောက်ပွဲခြေလှမ်း

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 28 Views
တနင်္ဂနွေနေ့တိုင်း အပတ်စဥ်တင်ဆက်နေတဲ့  Live ဆွေးနွေးတင်ပြချက်တွေမှာ စစ်ကောင်စီရဲ့ ဧပြီလကုန်အထိ အပစ်ရပ်ကြော်ငြာခဲ့ပေမဲ့ ဗုံးမိုးတွေ ပြည်သူအပေါ်ရွာချနေတာတွေနဲ့ တရုတ်ဖိအားကြောင့်လားရှိုးမြို့ကြီးပြန်ရလာတဲ့ စစ်ကောင်စီရဲ့ နောက်တဆင့် ရွေးကောက်ပွဲခြေလှမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်သလို NUG သမတကြီး ဒူးဝါးလရှီးလရဲ့ ပြည်တွင်းကိုပြန်လာကြဖို့မေတ္တာရပ်ခံတာကို ပြည်ပရောက်နေတဲ့ NUG
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 22 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်
မြန်မာသတင်း

ဆင်ပေါင်ဝဲရှိ စစ်ရှုံးစစ်ကောင်စီရဲ့ ကပစ(၁၃) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရဧပြီလ (၂၆)ရက်။

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 24 Views
မနေ့က ည (၁၂)နာရီအချိန် မကွေးတိုင်း ဆင်ပေါင်ဝဲမြို့ရှိ စစ်ရှုံးစစ်ကောင်စီရဲ့ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၃)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ရှုံးကောင်စီရဲ့ (ကပစ