နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသသစ်နဲ့ တိုက်ပွဲသစ်တွေအတွက် BPLA က တပ်သားသစ်တွေခေါ်ယူ

မတ်လ (၃)ရက်။

ဒေသသစ်နဲ့ တိုက်ပွဲသစ်တွေအတွက် တပ်သားသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ BPLA စုဆောင်းရေးနဲ့ စိစစ်ရေးဌာနရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရှင်သန်ဖို့အတွက် ပြည်သူတွေကို လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တာနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး စစ်တိုက်ခိုင်းတာတို့ကို ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

“ တပ်သားလိုအပ်ချက်ဟာ နှစ်ဖက်စလုံးမှာရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်က သူတို့ရှင်သန်ဖို့အတွက် ပြည်သူကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေကတော့ စစ်အုပ်စုကို အမြန်ဆုံး တိုက်ထုတ်ပြီး စနစ်သစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ဖို့ ပူးပေါင်းအင်အား လိုအပ်နေတာ” လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲသစ်တွေအတွက် တပ်သား‌သစ်တွေကို လက်ခံခေါ်ယူနေကာ စိတ်ပါဝင်စားသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် BPLA က အညာဒေသကို အခြေချပြီး စစ်ရေးတွေ ဖော်ဆောင်တော့မယ်လို့ အသိပေးထားကာ ရှမ်းမြောက် “ ၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ ပါဝင်ခဲ့ပြီး ပိုမိုအင်အားကြီးထွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကြို့ပင်ကောက်မြို့မှာ စစ်မှုထမ်းကြေးကောက်တဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ (၄)နာရီအချိန်က ကြို့ပင်ကောက်မြို့ ရွှေပန်းတောကျေးရွာနေ ကျွန်းနက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

(၄)ရက်တာ တံတားဦးနဲ့ နွားထိုးကြီးမြို့ တိုက်ပွဲထဲ စစ်ကောင်စီ (၂၀)ထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကနေ မတ်လ (၂)ရက်နေ့အထိ တံတားဦးနဲ့ နွားထိုးကြီးမြို့က တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်း သေဆုံးပြီး
မြန်မာသတင်း

KTV အတူသွားရာက စစ်ကောင်စီအရာရှိ မူးနေချိန် စစ်သားစုဆောင်းခံရသူ (၂)ဦး ခဲယမ်းတွေယူပြီး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 8 Views
‌မတ်လ (၃)ရက်။ ‌ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)က စစ်မှုထမ်းစုဆောင်းခံရသူ (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Rangers ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့
မြန်မာသတင်း

မြိုင်နဲ့ ပေါက်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်တိုက်ခိုက်၊ ပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 9 Views
‌မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့နဲ့ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ မြိုင်အနောက်ပိုင်းက ကျေးရွာတွေနဲ့ ပေါက်မြို့က ကျေးရွာတွေကို စကစက ‌Y-12
မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ဒီကနေ့စတင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 8 Views
မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် စစ်တပ်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးစဉ်ထဲ ရဲဝင်းဦးအပြင် ညိုစော၊ မိုးအောင်နဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ၊ ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 10 Views
‌မတ်လ (၃)ရက်။ မနေ့က ည (၁၂)နာရီခွဲဝန်းကျင်ခန့်က ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ခြမ်း အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစုရွာကို
မြန်မာသတင်း

ယောဒေသတပ်ဖွဲ့(YPDF)ကို အပြီးတိုင်ဖျက်သိမ်းတယ်လို့ ထုတ်ပြန်ကြေညာ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 9 Views
မတ်လ (၃)ရက်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကို အပြီးတိုင် ဖျက်သိမ်းတယ်လို့ မနေ့က ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ YPDF ကို ဖျက်သိမ်းတာဟာ ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲ ကျင်းပခဲ့တဲ့ တပ်ဖွဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖျက်သိမ်းတာလို့ ဆိုပါတယ်။ အခုအခါ
မြန်မာသတင်း

စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းတွေ စတင်ခေါ်ယူ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
မတ်လ (၃)ရက်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ဆိုပြီး အမျိုးသမီးစစ်မှုထမ်းတွေ ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်တပ်အာဘော်သတင်းစာမှာ ‌ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဆောင်ဖို့ အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းတွေ အလိုရှိတယ်ဆိုပြီး ထုတ်ပြန်ထားကာ