နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်

အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး

အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့ တွန်းပို့နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စားသောက်ကုန်စရိတ်များ မြင့်တက်လာပြီး အာရှ-ပစိဖိတ်ဒေသ၏ ထုတ်ကုန် တန်ဖိုး ဒေါ်လာ ၉၇ ဘီလီယံမှ ၂၉၉ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ခန့်မှန်းချက်အရ သိရသည်။

၎င်းပမာဏသည် ဒေသတွင်း ဂျီဒီပီ (GDP) ၏ ၀.၃ ရာခိုင်နှုန်းမှ ၀.၈ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဖြစ်သည်။ စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၃၂ သန်း ဆင်းရဲမွဲတေမှုဒဏ် ကြုံတွေ့ရနိုင်ပြီး ၎င်းတို့အနက် ၈.၈ သန်းမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်နိုင်ကြောင်း UNDP က ဟောကိန်းထုတ်ထားသည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် လွတ်လပ်စွာ ကုန်သွယ်မှု ပြန်လည် စတင်နိုင်ရေးအတွက် အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြား သွားပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက် ရေကြောင်း ကုန်သွယ်မှုကို ခြိမ်းခြောက်နေသည့် ပိတ်ဆို့မှုကို စတင်လိုက်ကြောင်း ပြောကြားခဲ့သည်။

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေနံအကျပ်အတည်းကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်နေပြီး စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်များကိုလည်း ထိခိုက်စေခဲ့သည်။ အာရှသည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်ကို အဓိကတင်သွင်းရသည့် ဒေသဖြစ်သဖြင့် ဤရှားပါးမှု၏ သက်ရောက်မှုကို အပြင်းထန်ဆုံး ခံစားရနိုင်သည်။ စစ်ပွဲ ကြာရှည်မည့်အလားအလာကြောင့် နိုင်ငံများသည် အစားထိုးစွမ်းအင်အရင်းအမြစ်များကို ရှာဖွေရင်း စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား ချွေတာရန် ကြိုးပမ်းနေကြရသော်လည်း ရွေးချယ်စရာ နည်းပါးလှပြီး ကုန်ကျစရိတ်မှာလည်း အလွန်ကြီးမားနေသည်။

“အခု မြင်တွေ့နေရတာက အရာအားလုံး ရပ်တန့်သွားစေတဲ့ ရုတ်တရက် အကြီးအကျယ် တုန်လှုပ်မှုမျိုးပါပဲ။ ဒါကြောင့် အရန်ရိက္ခာတွေ၊ အရင်းအမြစ်တွေကို ထုတ်သုံးနေရပြီ” ဟု UNDP ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောသည်။ “အကယ်၍ နိုင်ငံတွေက အမြန်ဆုံး လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ဒေသတွင်း GDP ဆုံးရှုံးမှုဟာ ဒေါ်လာ ၉၇ ဘီလီယံကနေ ၁၀၀ ဘီလီယံလောက်အထိ ရှိပါလိမ့်မယ်။ အရန်အရင်းအမြစ်တွေ ကုန်သွားပြီး အားကိုးစရာ မရှိတော့တဲ့ အခြေအနေမျိုး ဆိုရင် ဒီဆုံးရှုံးမှုဟာ သုံးဆလောက် ဖြစ်သွားနိုင်ပါတယ်။”

အာရှသည် လူဦးရေအများဆုံး တိုက်ကြီးဖြစ်ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ထက်ဝက်ကျော် တည်ရှိရာနေရာ ဖြစ်သဖြင့် ဤဒေသ၏ စီးပွားရေး ထိခိုက်မှုသည် ကမ္ဘာတစ်ဝန်းအပေါ် သိသာစွာ သက်ရောက်မှုရှိနိုင်သည်။

ထို့အပြင် တောင်ကိုရီးယား၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံများသည်လည်း ၎င်းတို့ မှီခိုနေရသော အရှေ့အလယ်ပိုင်းမှ စွမ်းအင်စီးဆင်းမှု နည်းပါးသွားခြင်းကြောင့် မိမိတို့၏ စီးပွားရေးကို ကယ်တင်ရန် အသည်းအသန် ကြိုးပမ်း နေကြ ရသည်။

ယခင်အခြေအနေသို့ လွယ်လွယ်ကူကူ ပြန်မရောက်နိုင်’

အစိုးရများသည် ရေနံရှားပါးမှုကို ဖြေရှင်းရန်အတွက် ရိက္ခာဖူလုံစေရန်၊ ဝယ်လိုအား လျှော့ချ ရန်နှင့် မြင့်တက်လာသော ကုန်ကျစရိတ်များကို ကာမိစေရန် ငွေကြေးအကူအညီများပေးခြင်း ဖြင့် တုံ့ပြန်နေကြသော်လည်း ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်၊ အိမ်ထောင်စုများနှင့် ကုမ္ပဏီများကို ကာကွယ်ရန် ကြိုးပမ်းမှုများသည် ပိုမိုခက်ခဲလာလိမ့်မည်ဟု UNDP က ဆိုသည်။

အရှေ့အလယ်ပိုင်းမှ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရီးယားနှင့် မြေသြဇာကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများ ပြတ်တောက်သွားခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုသည် ကပ်ဘေး အသွင် ရောက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ သီးခြားအစီရင်ခံစာတစ်ခုက သတိပေးထားသည်။ အကယ်၍ ဟော်မုဇ်ရေလက်ကြားသည် ဆက်လက်ပိတ်နေပါက စိုက်ပျိုးရာသီအတွက် မြေသြဇာများ ဝယ်ယူနိုင်ရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်လွှဲနိုင်ရန် နိုင်ငံများအတွက် ငွေကြေး အကူအညီများ လိုအပ်နိုင်ကြောင်း FAO က ပြောကြားခဲ့သည်။

“စားနပ်ရိက္ခာ ငွေဖောင်းပွမှုပြဿနာကို ရှောင်ရှားဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းထားဖို့နဲ့ သင်္ဘောတွေ ပြန်လည်သွားလာနိုင်ဖို့က အလွန်အရေးကြီးပါတယ်” ဟု FAO ၏ အဓိကစီးပွားရေးပညာရှင် မက်ဆီမိုတိုရီရို (Maximo Torero) က ပြောသည်။

အဖွဲ့အစည်းများစွာက ရေနံအကျပ်အတည်းသည် ကြာရှည်လေ ဆိုးကျိုးပိုကြီးလေ ဖြစ်မည်ဟု ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်ထားသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် အင်္ဂါနေ့တွင် ထုတ်ပြန်မည့် ကမ္ဘာ့စီးပွားရေးအလားအလာ (WEO) တွင် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကို လျှော့ချရန် မျှော်လင့်ရပြီး မြေသြဇာ ဈေးနှုန်း မြင့်တက်မှုကြောင့် လူပေါင်း ၄၅ သန်း စားနပ်ရိက္ခာ မလုံလောက်မှုဒဏ် ကြုံရနိုင် ကြောင်း ပြောကြားထားသည်။

“ဒီရိုက်ခတ်မှုသာ မရှိရင် ကျွန်မတို့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို အဆင့်မြှင့်တင် ပေးမှာပါ” ဟု IMF အုပ်ချုပ်မှုဒါရိုက်တာ ခရစ်စတာလီနာ ဂျော့ဂီဗာ(Kristalina Georgieva) က ပြီးခဲ့သည့်အပတ် ဝါရှင်တန်တွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ အခုတော့ အကောင်းဆုံး အခြေအနေမှာတောင် တိုးတက်မှုနှုန်းကို လျှော့ချဖို့ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေနဲ့ ယုံကြည်မှု ကျဆင်းသွားတာတွေကြောင့်ပါပဲ။”

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း အရှေ့အလယ်ပိုင်းမှ ကုန်စည်များ ပြတ်တောက်မှု ကြောင့် အာရှ-ပစိဖိတ်ဒေသ၏ တိုးတက်မှုနှုန်းသည် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တို့တွင် ၅.၄ ရာခိုင်နှုန်းမှ ၅.၁ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဖြစ်ပြီး၊ ဒေသတွင်း ငွေဖောင်းပွမှုနှုန်းမှာ လည်း ယမန်နှစ် ၃ ရာခိုင်နှုန်းမှ ၂၀၂၆ ခုနှစ်တွင် ၃.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

“အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြာရှည်နေတာဟာ ဒေသတွင်း စီးပွားရေးအလားအလာအတွက် အကြီးမားဆုံး အန္တရာယ်ပါပဲ။ ဒါဟာ စွမ်းအင်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေကို တောက်လျှောက် မြင့်နေစေပြီး ငွေရေးကြေးရေး အခြေအနေတွေကို ပိုမိုတင်းကျပ် စေပါလိမ့်မယ်” ဟု ADB ၏ အဓိကစီးပွားရေးပညာရှင် အယ်ဘတ်ပတ်ခ်(Albert Park) က ဆိုသည်။

အမေရိကန်နှင့် အီရန်တို့သည် စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားထားပြီး အမေရိကန်အရာရှိများသည် ဒုတိယအကြိမ် မြောက် လူကိုယ်တိုင်တွေ့ဆုံပွဲအတွက် ဆွေးနွေးနေကြကြောင်း CNN က သတင်းဖော်ပြ ထားသည်။ သို့သော်လည်း ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးလျှင်တောင်မှ ပုံမှန်ဈေးကွက်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် လပေါင်းများစွာ ကြာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။

“အကောင်းဆုံးအခြေအနေမှာတောင် မူလအခြေအနေ (status quo ante) ဆီကို သပ်သပ်ရပ်ရပ်နဲ့ အမြန်ဆုံး ပြန်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု IMF မှ Georgieva က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ဆင်ခြေဖုံးရှိ နွိုက်ဒါ (Noida) မြို့တွင် မတ်လ ၂၇ ရက်နေ့က အိမ်သုံးဂတ်းအရောင်းဆိုင်တစ်ခု၌ အိန္ဒိယဝယ်ယူသူများ ဟင်းချက်ဂတ်း (LPG) အိုးအလွတ်များကို လဲလှယ်ရန် တန်းစီစောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ – Amarjeet Kumar Singh/Anadolu/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက