မတ်လ (၃)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် စစ်တပ်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီခရီးစဉ်ထဲ ရဲဝင်းဦးအပြင် ညိုစော၊ မိုးအောင်နဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ပဲခူးဝန်ကြီးချုပ်နဲ့ စစ်တပ်တာဝန်ရှိသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်က ဖိတ်ကြားတာကြောင့် သွားရောက်တာဖြစ်ပြီး ခရီးစဉ်ထဲ ပူတင်အပါအဝင် ရုရှားဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး ခရီးစဉ်ထဲ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့ဆိုင်ရာကိစ္စတွေ ပိုမိုတိုးမြှင့်ဖို့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနဲ့ လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ပေါ်ပေါက်လာတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို (၄)ကြိမ်မြောက် သွားရောက်ခဲ့ပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလက ရုရှားခရီးစဉ်မှာ ပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
