နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်ရဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုဟာ မိမိတို့ရဲ့ သဘောထားအမြင်နဲ့ ကြီးမားစွာ ကိုက်ညီမှု ရှိတယ်လို့ ရုရှားအစိုးရပြော

မတ်လ (၃) ရက်။

အမေရိကန်ရဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုဟာ မိမိတို့ရဲ့ သဘောထားအမြင်နဲ့ ကြီးမားစွာ ကိုက်ညီမှု ရှိတယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

“အမေရိကန် အစိုးရအဖွဲ့သစ်က နိုင်ငံခြားရေးမူဝါဒတွေကို လျှင်မြန်စွာ ပြောင်းလဲနေပါတယ်။ အဲဒီမူဝါဒ အပြောင်းအလဲဟာ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ကိုက်ညီနေပါတယ်” လို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ရုရှားနိုင်ငံပိုင်ရုပ်သံရဲ့ သတင်းထောက်တစ်ဦးကို ပြောကြားခဲ့ပါတယ်။

“လမ်းရှည်ကြီးပါ လုပ်ရမှာတွေ အများကြီးပါ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရှုပ်ထွေးပြီး အများကြီး ထိခိုက်ထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတပူတင်နဲ့ သမ္မတ ထရမ့်တို့ နိုင်ငံရေး ဆန္ဒရှိမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီး အဲ့ဒီလမ်းကြောင်းကိုလည်း လျင်မြန်စွာနဲ့ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်” လို့ ပက်စ်ကော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလမှာ အာဏာရလာကတည်းက ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်ရိုက်ဆက်သွယ်ကပြီး ယူကရိန်းကို ရုရှားကျူးကျော်မှု တတိယနှစ်မြောက်နေ့မှာ ကုလသမဂ္ဂမှာလည်း မော်စကိုနှင့် ကပ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ ထရမ့်နဲ့ ဒုတိယသမ္မတဗန့်စ်တို့ဟာ သမ္မတရုံးမှာ မီဒီယာတွေရဲ့ အရှေ့မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြပြီး အမေရိကန်နဲ့ ယူကရိန်းကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ပါတယ်။

သတင်းရင်းမြစ်။ The Moscow Times/AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်သို့ ထရန့်၏တောင်းဆိုချက်တစ်ခုကို ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဝေဖန်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
+++++++++++++++++++++++ သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 12 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 12 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က
နိုင်ငံတကာသတင်း အမေရိကန်

ဗဟိုဘဏ်ဥက္ကဋ္ဌကို ထရန့် အလုပ်ဖြုတ်ရန် စဉ်းစားနေ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 4 Views
—————————– အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျေရွန်းပေါဝယ်လ် (Jerome Powell) ကို အလုပ်ဖြုတ်ရန် လအတော်ကြာ သီးသန့်ဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်က ၁၇ ရက်မှာ
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယားသည် အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့်အစိုးရကို တရားစွဲဆိုထား

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 10 Views
++++++++++++++++++++ ထရန့်၏ အခွန်အကောက်အစီအစဉ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးဖြစ်သည့် ၎င်း၏စီးပွားရေးကို ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအမိန့်ကို မြှင့်တင်ရာတွင် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ကာ ကယ်လီဖိုးနီးယား၏ စီးပွားရေးကို ပြင်၍မရနိုင်သောထိခိုက်မှု
နိုင်ငံတကာသတင်း အမေရိကန်

“ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ”

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 11 Views
အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီအဖွဲ့ဝင် ပေါ်လစီ ဒါရိုက်တာနေနာဂုပါ (Nayna Gupa) က အာဘရီဂို ဂါဆီယာ (Abrego Garcia) ကို အယ်ဆာဗေဒိုးနိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့်ထောင်သို့ တရားမဝင် ပို့ဆောင်မှုအပေါ် ဒီမိုကရေစီ (Democracy Today) သတင်းဌာနမှာ