နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်ရဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုဟာ မိမိတို့ရဲ့ သဘောထားအမြင်နဲ့ ကြီးမားစွာ ကိုက်ညီမှု ရှိတယ်လို့ ရုရှားအစိုးရပြော

မတ်လ (၃) ရက်။

အမေရိကန်ရဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုဟာ မိမိတို့ရဲ့ သဘောထားအမြင်နဲ့ ကြီးမားစွာ ကိုက်ညီမှု ရှိတယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

“အမေရိကန် အစိုးရအဖွဲ့သစ်က နိုင်ငံခြားရေးမူဝါဒတွေကို လျှင်မြန်စွာ ပြောင်းလဲနေပါတယ်။ အဲဒီမူဝါဒ အပြောင်းအလဲဟာ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ကိုက်ညီနေပါတယ်” လို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ရုရှားနိုင်ငံပိုင်ရုပ်သံရဲ့ သတင်းထောက်တစ်ဦးကို ပြောကြားခဲ့ပါတယ်။

“လမ်းရှည်ကြီးပါ လုပ်ရမှာတွေ အများကြီးပါ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရှုပ်ထွေးပြီး အများကြီး ထိခိုက်ထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတပူတင်နဲ့ သမ္မတ ထရမ့်တို့ နိုင်ငံရေး ဆန္ဒရှိမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီး အဲ့ဒီလမ်းကြောင်းကိုလည်း လျင်မြန်စွာနဲ့ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်” လို့ ပက်စ်ကော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလမှာ အာဏာရလာကတည်းက ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်ရိုက်ဆက်သွယ်ကပြီး ယူကရိန်းကို ရုရှားကျူးကျော်မှု တတိယနှစ်မြောက်နေ့မှာ ကုလသမဂ္ဂမှာလည်း မော်စကိုနှင့် ကပ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ ထရမ့်နဲ့ ဒုတိယသမ္မတဗန့်စ်တို့ဟာ သမ္မတရုံးမှာ မီဒီယာတွေရဲ့ အရှေ့မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြပြီး အမေရိကန်နဲ့ ယူကရိန်းကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ပါတယ်။

သတင်းရင်းမြစ်။ The Moscow Times/AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို