နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

Sanctions လုပ်ပြီး ဖိအားပေးတာတွေက ဘယ်တော့မှ မအောင်မြင်ဘူးလို့ စစ်ခေါင်းဆောင်ပြော

မတ်လ (၈)ရက်။

Sanctions လုပ်ပြီး ဖိအားပေးတယ်ဆိုတာတွေက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနဲ့ မနေ့က ပူးတွဲထုတ်ပြန်ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ဖြစ်တဲ့ အရာတခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ပဋိပက္ခသာ ပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ နှစ်ယောက် ပူးပေါင်းပြီးတော့မှ ဒါကို ရင်ဆိုင်ကျော်လွှားသွားမယ်” လို့ ဆိုပါတယ်။

Sanctions အဖွဲ့တွေ ဆန့်ကျင်ဘက်အဖွဲ့တွေက တိုက်ခိုက်တဲ့ software တွေဟာ အင်အားစုစည်းတာကနေ ရရှိပြီး ပြိုင်ဆိုင်တာတွေကို ပြင်းထန်လာမယ်ဆိုတာ သတိပြုဖို့ စစ်ခေါင်းဆောင်က သတိပေးထားပါသေးတယ်။

(မှတ်ချက်။ ဒီစာပိုဒ်မှာပါတဲ့ software ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ မသိပါဘူး။ အင်္ဂလိပ်စကားလုံးကို မှားပြီးသုံးတယ်လို့ ယူဆရပါတယ်။)

နောက်ပြီး ဘယ်လာရုစ်သမ္မတက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံသားတွေအတွက် ကောင်းမယ်ထင်တဲ့အရာတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ကို အကြံပြုပြောဆိုခဲ့ပါသေးတယ်။

“ ဒီလိုအကောင်အထည်ဖော်တဲ့အချိန်မှာ တချို့ မကြိုက်တဲ့လူတွေ ရှိမှာပါ။ Sanctions တွေလဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာရော၊ အဆွေတော်မှာရော ရှိနေတဲ့ Sanctions တွေကလဲ ထပ်ပြီးတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်းကောင်းလို့ သတ်မှတ်တဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ပိုမိုစည်းလုံးပြီး အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ” လို့ ဘယ်လာရုစ်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ နိုင်ငံထဲ ရွေးကောက်ပွဲကို အခုနှစ်ကုန် ဒါမှမဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ အစောပိုင်းထဲ ပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီပေါင်း (၅၃)ခု စာရင်းသွင်းထားတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အဲ့ဒီရွေးကောက်ပွဲမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်မယ်လို့ သိရပြီး ဘယ်လာရုစ်ဘက်ကလဲ လေ့လာရေးအဖွဲ့တွေကို လွှတ်ပေးမယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 40 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 24 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့