နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

Sanctions လုပ်ပြီး ဖိအားပေးတာတွေက ဘယ်တော့မှ မအောင်မြင်ဘူးလို့ စစ်ခေါင်းဆောင်ပြော

မတ်လ (၈)ရက်။

Sanctions လုပ်ပြီး ဖိအားပေးတယ်ဆိုတာတွေက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနဲ့ မနေ့က ပူးတွဲထုတ်ပြန်ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဖြစ်တဲ့ အရာတခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ပဋိပက္ခသာ ပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ နှစ်ယောက် ပူးပေါင်းပြီးတော့မှ ဒါကို ရင်ဆိုင်ကျော်လွှားသွားမယ်”လို့ ဆိုပါတယ်။

Sanctions အဖွဲ့တွေ ဆန့်ကျင်ဘက်အဖွဲ့တွေက တိုက်ခိုက်တဲ့ software တွေဟာ အင်အားစုစည်းတာကနေ ရရှိပြီး ပြိုင်ဆိုင်တာတွေကို ပြင်းထန်လာမယ်ဆိုတာ သတိပြုဖို့ စစ်ခေါင်းဆောင်က သတိပေးထားပါသေးတယ်။

(မှတ်ချက်။ ဒီစာပိုဒ်မှာပါတဲ့ software ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ မသိပါဘူး။ အင်္ဂလိပ်စကားလုံးကို မှားပြီးသုံးတယ်လို့ ယူဆရပါတယ်။)

နောက်ပြီး ဘယ်လာရုစ်သမ္မတက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံသားတွေအတွက် ကောင်းမယ်ထင်တဲ့အရာတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ကို အကြံပြုပြောဆိုခဲ့ပါသေးတယ်။

“ဒီလိုအကောင်အထည်ဖော်တဲ့အချိန်မှာ တချို့ မကြိုက်တဲ့လူတွေ ရှိမှာပါ။ Sanctions တွေလဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာရော၊ အဆွေတော်မှာရော ရှိနေတဲ့ Sanctions တွေကလဲ ထပ်ပြီးတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်းကောင်းလို့ သတ်မှတ်တဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ပိုမိုစည်းလုံးပြီး အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ”လို့ ဘယ်လာရုစ်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ နိုင်ငံထဲ ရွေးကောက်ပွဲကို အခုနှစ်ကုန် ဒါမှမဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ အစောပိုင်းထဲ ပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီပေါင်း (၅၃)ခု စာရင်းသွင်းထားတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အဲ့ဒီရွေးကောက်ပွဲမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်မယ်လို့ သိရပြီး ဘယ်လာရုစ်ဘက်ကလဲ လေ့လာရေးအဖွဲ့တွေကို လွှတ်ပေးမယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို