နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ဖို့ သမ္မတထရမ့်က လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော်ပြော

မတ်လ (၂၀) ရက်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် ရေးသားထားသည့်သမ္မတအမိန့်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။

လက်မှတ်မရေးထိုးမီ ဒီမိုကရက်တစ်ထောက်ခံသည့် ပြည်နယ်ရှေ့နေချုပ်အုပ်စုက စိန်ခေါ်ခဲ့ပြီး အဆိုပါအမိန့်ကို ထရမ့်က ဖျက်သိမ်းရန်နှင့် ဝန်ကြီးဌာန၏ ဝန်ထမ်းထက်ဝက်နီးပါးကို အလုပ်ဖြုတ်ပစ်ခြင်းမှတားဆီးရန် ပြီးခဲ့သည့်သီတင်းပတ်က တရားစွဲဆိုထားသည်။

ထိပ်တန်းအရပ်ဘက်အခွင့်အရေးအဖွဲ့ NAACP ကလည်း ယင်းအမိန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဝေဖန်ခဲ့သည်။

“ ထရမ့်ကို မဲပေးခဲ့တဲ့ မိဘတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ရပ်ရွာက မိဘတွေ အပါအဝင် အရည်အသွေးရှိတဲ့ ပညာရေးအတွက် ဖက်ဒရယ်ရန်ပုံငွေကို မှီခိုနေရတဲ့ သန်းပေါင်းများစွာသော အမေရိကန်ကလေးငယ်တွေအတွက် ဒီနေ့ဟာ အမှောင်လွှမ်းတဲ့နေ့တစ်နေ့ပါ” ဟု NAACP ဥက္ကဋ္ဌ ဒဲရစ် ဂျွန်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ့်နှင့် သူ၏ ဘီလီယံနာ အကြံပေး အီလွန်မတ်စ်တို့သည် လွှတ်တော်၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကဲ့သို့သော အစိုးရဌာနကို ပိတ်ရန် ကြိုးပမ်းခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းခြင်းသည် အစိုးရဝန်ကြီးဌာနကို ပိတ်ပစ်ရန် ထရမ့်၏ ပထမဆုံးသော ကြိုးပမ်းမှု ဖြစ်လာမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် မရှိဘဲ ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် မဖြစ်နိုင်ပါ။ ထရန့်၏ ရီပတ်ဘလီကန်ပါတီသည် အထက်လွှတ်တော်တွင် ၅၃-၄၇ ဖြင့် အများစု ရရှိထားသော်လည်း အစိုးရဝန်ကြီးဌာနတစ်ခုကို ဖယ်ရှားရန် ဥပဒေကြမ်းကဲ့သို့ ဥပဒေကို အတည်ပြုရန် လိုအပ်ပြီး မဲအရေအတွက် ၆၀ လိုအပ်မည်ဖြစ်ကာ ဒီမိုကရက်ပါတီခုနစ်ဦး၏ ထောက်ခံမှုရရှိမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

ဒီမိုကရက်အထက်လွှတ်တော်အမတ်များက ပညာရေးဌာနကို ဖျက်သိမ်းရန် ထောက်ခံမည့်လက္ခဏာ မရှိဘူးဟု ယုံကြည်ရသည်။

“ ထရမ့်နဲ့ မတ်စ်တို့က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပြီး ဝန်ထမ်းတစ်ဝက်ကို အလုပ်ထုတ်လိုက်ပါတယ်” ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Patty Murray က “ ထရမ့်နဲ့ မတ်စ်တို့ရဲ့ လုပ်ဆောင်မှုတွေကို တိုက်ဖျက်သွားမယ်” ဟု ကတိပြုပြောဆိုခဲ့သည်။

အဆိုပါအမိန့်သည် ပညာရေးဝန်ကြီး လင်ဒါမက်က်မန် (Linda McMahon) အား တိုက်ရိုက်အမိန့်ပေးထားပြီး “ အမေရိကန်များ မှီခိုအားထားရသော ဝန်ဆောင်မှုများ၊ စီမံချက်များနှင့် အကျိုးခံစားခွင့်များကို ထိရောက်ပြီး အနှောင့်အယှက် မဖြစ်စေရန် ဆက်လက်လုပ်ဆောင်နေချိန်တွင် ပညာရေးဝန်ကြီးဌာနအား ပိတ်ပစ်ရန်နှင့် ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြည်နယ်များသို့ ပြန်လည်ပေးအပ်ရန် လိုအပ်သောလုပ်ငန်းအားလုံးကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်။” ဟု ဆိုသည်။

အိမ်ဖြူတော်၏ အနှစ်ချုပ်အရ ကျန်ရှိနေသော ပညာရေးဝန်ကြီးဌာနမှရန်ပုံငွေများ လက်ခံရရှိနေသည့် စီမံချက်များနှင့် လုပ်ငန်းများအားလုံးသည် DEI အစီအစဉ်နှင့် လိင်ခွဲခြားထားသည့်အစီအစဉ်များအတွက် မဖြစ်စေရဟု အမိန့်စာထဲတွင် ညွန်ကြားထားသည်။

ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ဖယ်ရှားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၎င်းသည် “ ကြီးမားသော အလုပ်တစ်ခု ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။ ၎င်း၏ သမ္မတ ပထမသက်တမ်းတွင် ပိတ်သိမ်းရန် အဆိုပြုခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်က ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်လက ထရမ့်က ပညာရေးဝန်ကြီးဌာနကို ချက်ချင်းပိတ်လိုသော်လည်း ကွန်ဂရက်နှင့် ဆရာများသမဂ္ဂများမှ သဘောတူ ထောက်ခံမှုများ လိုအပ်ကြောင်း ဝန်ခံခဲ့သည်။

“ ဖက်ဒရယ်အစိုးရ၏ ပညာရေးထိန်းချုပ်မှုကြောင့် ကျောင်းသားများ၊ မိဘများနှင့် ဆရာများကို ပျက်စီးစေခဲ့သည်” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ ပညာရေးဌာနသည် ကျောင်းသားများ အောင်မြင်တိုးတက်မှုမရှိသည့် စံပြုစာမေးပွဲရမှတ်များဖြင့် တိုင်းတာသည့်စနစ်အတွက် ဒေါ်လာ ၃ ထရီလီယံကျော်သုံးစွဲခဲ့သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနမတည်ထောင်မီက ပညာရေးသည် ၁၉၅၃ မှ ၁၉၇၉ ခုနှစ်အထိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

လင်ဒါမက်က်မန်က အင်္ဂါနေ့က SiriusXM ၏ “The David Webb Show” တွင် အစိုးရအဖွဲ့၏ ရည်မှန်းချက်မှာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ပြည်နယ်အဆင့် ပညာရေးတွင် အကောင်းဆုံးအလေ့အကျင့်များကို အားပေးရန်ဖြစ်သည်။

“ ပညာရေးဝန်ကြီးဌာနက ဘယ်သူ့ကိုမှ ပညာသင်မပေးဘူး။ ဆရာတွေ မငှားဘူး။ သင်ရိုးညွှန်းတမ်း မသတ်မှတ်ဘူး။ ကျောင်းဘုတ်အဖွဲ့နဲ့ ကြီးကြပ်ရေးမှူးတွေကို မငှားပါဘူး” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပညာရေးစံနှုန်းကို မြင့်မားအောင် ထိန်းထားရန် အရေးကြီးကြောင်းနှင့် အကျိုးအမြတ်အတွက် ပညာရေးကို တွန်းအားပေးရန် ရီပတ်ဘလီကန်များက ကြိုးပမ်းနေသည်ဟု ဝန်ကြီးဌာနကို ခုခံကာကွယ်သူများက ပြောသည်။ ဝန်ကြီးဌာနကို ချက်ခြင်း ပိတ်လိုက်ပါက K-12 ကျောင်းများနှင့် ကောလိပ်ကျောင်းသားများ၏ ကျောင်းလခ အထောက်အပံ့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

တနင်္လာနေ့တွင် အထက်လွှတ်တော်မှ အတည်ပြုခဲ့သော WWE ပရော်ဖက်ရှင်နယ်နပန်းပွဲ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ လင်ဒါမက်က်မန်က အေဂျင်စီအား ဖျက်သိမ်းရန် ထရမ့်၏ အစီအစဉ်များကို ခုခံကာကွယ်ခဲ့ပြီး ဝင်ငွေနည်းကျောင်းများနှင့် ကျောင်းသားများအား ကွန်ဂရက်လွှတ်တော်မှ သင့်လျော်သော ဖက်ဒရယ်ကျောင်းရန်ပုံငွေအတွက် ကတိပြုခဲ့သည်။

မသန်မစွမ်းကလေးများအတွက် ကျောင်းသားချေးငွေနှင့် ဝန်ဆောင်မှုများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအမိန့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုရှိ အစိုးရကျောင်းပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) နှင့် ပုဂ္ဂလိကကျောင်းပေါင်း ၃၄,၀၀၀ (သုံးသောင်းလေးထောင်) ခန့်ကို စီမံခန့်ခွဲနေသော်လည်း အစိုးရကျောင်းရန်ပုံငွေ၏ ၈၅% ကျော်သည် ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများဆီမှ လာခြင်းဖြစ်သည်။ ၎င်းသည် အထူးလိုအပ်နေသော ကလေးများ၏ ဆရာများကို ပေးဆောင်ရန် ငွေအပါအဝင်၊ ဆင်းရဲနွမ်းပါးသောကျောင်းများနှင့် ဝန်ဆောင်မှုများအတွက် ဖက်ဒရယ်ထောက်ပံ့ငွေများ ပံ့ပိုးပေးသည်၊

၎င်းဌာနသည် တက္ကသိုလ်တွင် ကျောင်းလခ လုံးလုံးလျားလျား ပေးချေရန် မတတ်နိုင်သော အမေရိကန်နိုင်ငံသားများအတွက် ကျောင်းသားချေးငွေ ဒေါ်လာ ၁.၆ ထရီလီယံကိုလည်း ကြီးကြပ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ