နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ဖို့ သမ္မတထရမ့်က လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော်ပြော

မတ်လ (၂၀) ရက်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် ရေးသားထားသည့်သမ္မတအမိန့်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။

လက်မှတ်မရေးထိုးမီ ဒီမိုကရက်တစ်ထောက်ခံသည့် ပြည်နယ်ရှေ့နေချုပ်အုပ်စုက စိန်ခေါ်ခဲ့ပြီး အဆိုပါအမိန့်ကို ထရမ့်က ဖျက်သိမ်းရန်နှင့် ဝန်ကြီးဌာန၏ ဝန်ထမ်းထက်ဝက်နီးပါးကို အလုပ်ဖြုတ်ပစ်ခြင်းမှတားဆီးရန် ပြီးခဲ့သည့်သီတင်းပတ်က တရားစွဲဆိုထားသည်။

ထိပ်တန်းအရပ်ဘက်အခွင့်အရေးအဖွဲ့ NAACP ကလည်း ယင်းအမိန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဝေဖန်ခဲ့သည်။

“ ထရမ့်ကို မဲပေးခဲ့တဲ့ မိဘတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ရပ်ရွာက မိဘတွေ အပါအဝင် အရည်အသွေးရှိတဲ့ ပညာရေးအတွက် ဖက်ဒရယ်ရန်ပုံငွေကို မှီခိုနေရတဲ့ သန်းပေါင်းများစွာသော အမေရိကန်ကလေးငယ်တွေအတွက် ဒီနေ့ဟာ အမှောင်လွှမ်းတဲ့နေ့တစ်နေ့ပါ” ဟု NAACP ဥက္ကဋ္ဌ ဒဲရစ် ဂျွန်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ့်နှင့် သူ၏ ဘီလီယံနာ အကြံပေး အီလွန်မတ်စ်တို့သည် လွှတ်တော်၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကဲ့သို့သော အစိုးရဌာနကို ပိတ်ရန် ကြိုးပမ်းခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းခြင်းသည် အစိုးရဝန်ကြီးဌာနကို ပိတ်ပစ်ရန် ထရမ့်၏ ပထမဆုံးသော ကြိုးပမ်းမှု ဖြစ်လာမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် မရှိဘဲ ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် မဖြစ်နိုင်ပါ။ ထရန့်၏ ရီပတ်ဘလီကန်ပါတီသည် အထက်လွှတ်တော်တွင် ၅၃-၄၇ ဖြင့် အများစု ရရှိထားသော်လည်း အစိုးရဝန်ကြီးဌာနတစ်ခုကို ဖယ်ရှားရန် ဥပဒေကြမ်းကဲ့သို့ ဥပဒေကို အတည်ပြုရန် လိုအပ်ပြီး မဲအရေအတွက် ၆၀ လိုအပ်မည်ဖြစ်ကာ ဒီမိုကရက်ပါတီခုနစ်ဦး၏ ထောက်ခံမှုရရှိမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

ဒီမိုကရက်အထက်လွှတ်တော်အမတ်များက ပညာရေးဌာနကို ဖျက်သိမ်းရန် ထောက်ခံမည့်လက္ခဏာ မရှိဘူးဟု ယုံကြည်ရသည်။

“ ထရမ့်နဲ့ မတ်စ်တို့က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပြီး ဝန်ထမ်းတစ်ဝက်ကို အလုပ်ထုတ်လိုက်ပါတယ်” ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Patty Murray က “ ထရမ့်နဲ့ မတ်စ်တို့ရဲ့ လုပ်ဆောင်မှုတွေကို တိုက်ဖျက်သွားမယ်” ဟု ကတိပြုပြောဆိုခဲ့သည်။

အဆိုပါအမိန့်သည် ပညာရေးဝန်ကြီး လင်ဒါမက်က်မန် (Linda McMahon) အား တိုက်ရိုက်အမိန့်ပေးထားပြီး “ အမေရိကန်များ မှီခိုအားထားရသော ဝန်ဆောင်မှုများ၊ စီမံချက်များနှင့် အကျိုးခံစားခွင့်များကို ထိရောက်ပြီး အနှောင့်အယှက် မဖြစ်စေရန် ဆက်လက်လုပ်ဆောင်နေချိန်တွင် ပညာရေးဝန်ကြီးဌာနအား ပိတ်ပစ်ရန်နှင့် ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြည်နယ်များသို့ ပြန်လည်ပေးအပ်ရန် လိုအပ်သောလုပ်ငန်းအားလုံးကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်။” ဟု ဆိုသည်။

အိမ်ဖြူတော်၏ အနှစ်ချုပ်အရ ကျန်ရှိနေသော ပညာရေးဝန်ကြီးဌာနမှရန်ပုံငွေများ လက်ခံရရှိနေသည့် စီမံချက်များနှင့် လုပ်ငန်းများအားလုံးသည် DEI အစီအစဉ်နှင့် လိင်ခွဲခြားထားသည့်အစီအစဉ်များအတွက် မဖြစ်စေရဟု အမိန့်စာထဲတွင် ညွန်ကြားထားသည်။

ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ဖယ်ရှားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၎င်းသည် “ ကြီးမားသော အလုပ်တစ်ခု ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။ ၎င်း၏ သမ္မတ ပထမသက်တမ်းတွင် ပိတ်သိမ်းရန် အဆိုပြုခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်က ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်လက ထရမ့်က ပညာရေးဝန်ကြီးဌာနကို ချက်ချင်းပိတ်လိုသော်လည်း ကွန်ဂရက်နှင့် ဆရာများသမဂ္ဂများမှ သဘောတူ ထောက်ခံမှုများ လိုအပ်ကြောင်း ဝန်ခံခဲ့သည်။

“ ဖက်ဒရယ်အစိုးရ၏ ပညာရေးထိန်းချုပ်မှုကြောင့် ကျောင်းသားများ၊ မိဘများနှင့် ဆရာများကို ပျက်စီးစေခဲ့သည်” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ ပညာရေးဌာနသည် ကျောင်းသားများ အောင်မြင်တိုးတက်မှုမရှိသည့် စံပြုစာမေးပွဲရမှတ်များဖြင့် တိုင်းတာသည့်စနစ်အတွက် ဒေါ်လာ ၃ ထရီလီယံကျော်သုံးစွဲခဲ့သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနမတည်ထောင်မီက ပညာရေးသည် ၁၉၅၃ မှ ၁၉၇၉ ခုနှစ်အထိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

လင်ဒါမက်က်မန်က အင်္ဂါနေ့က SiriusXM ၏ “The David Webb Show” တွင် အစိုးရအဖွဲ့၏ ရည်မှန်းချက်မှာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ပြည်နယ်အဆင့် ပညာရေးတွင် အကောင်းဆုံးအလေ့အကျင့်များကို အားပေးရန်ဖြစ်သည်။

“ ပညာရေးဝန်ကြီးဌာနက ဘယ်သူ့ကိုမှ ပညာသင်မပေးဘူး။ ဆရာတွေ မငှားဘူး။ သင်ရိုးညွှန်းတမ်း မသတ်မှတ်ဘူး။ ကျောင်းဘုတ်အဖွဲ့နဲ့ ကြီးကြပ်ရေးမှူးတွေကို မငှားပါဘူး” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပညာရေးစံနှုန်းကို မြင့်မားအောင် ထိန်းထားရန် အရေးကြီးကြောင်းနှင့် အကျိုးအမြတ်အတွက် ပညာရေးကို တွန်းအားပေးရန် ရီပတ်ဘလီကန်များက ကြိုးပမ်းနေသည်ဟု ဝန်ကြီးဌာနကို ခုခံကာကွယ်သူများက ပြောသည်။ ဝန်ကြီးဌာနကို ချက်ခြင်း ပိတ်လိုက်ပါက K-12 ကျောင်းများနှင့် ကောလိပ်ကျောင်းသားများ၏ ကျောင်းလခ အထောက်အပံ့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

တနင်္လာနေ့တွင် အထက်လွှတ်တော်မှ အတည်ပြုခဲ့သော WWE ပရော်ဖက်ရှင်နယ်နပန်းပွဲ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ လင်ဒါမက်က်မန်က အေဂျင်စီအား ဖျက်သိမ်းရန် ထရမ့်၏ အစီအစဉ်များကို ခုခံကာကွယ်ခဲ့ပြီး ဝင်ငွေနည်းကျောင်းများနှင့် ကျောင်းသားများအား ကွန်ဂရက်လွှတ်တော်မှ သင့်လျော်သော ဖက်ဒရယ်ကျောင်းရန်ပုံငွေအတွက် ကတိပြုခဲ့သည်။

မသန်မစွမ်းကလေးများအတွက် ကျောင်းသားချေးငွေနှင့် ဝန်ဆောင်မှုများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအမိန့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုရှိ အစိုးရကျောင်းပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) နှင့် ပုဂ္ဂလိကကျောင်းပေါင်း ၃၄,၀၀၀ (သုံးသောင်းလေးထောင်) ခန့်ကို စီမံခန့်ခွဲနေသော်လည်း အစိုးရကျောင်းရန်ပုံငွေ၏ ၈၅% ကျော်သည် ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများဆီမှ လာခြင်းဖြစ်သည်။ ၎င်းသည် အထူးလိုအပ်နေသော ကလေးများ၏ ဆရာများကို ပေးဆောင်ရန် ငွေအပါအဝင်၊ ဆင်းရဲနွမ်းပါးသောကျောင်းများနှင့် ဝန်ဆောင်မှုများအတွက် ဖက်ဒရယ်ထောက်ပံ့ငွေများ ပံ့ပိုးပေးသည်၊

၎င်းဌာနသည် တက္ကသိုလ်တွင် ကျောင်းလခ လုံးလုံးလျားလျား ပေးချေရန် မတတ်နိုင်သော အမေရိကန်နိုင်ငံသားများအတွက် ကျောင်းသားချေးငွေ ဒေါ်လာ ၁.၆ ထရီလီယံကိုလည်း ကြီးကြပ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်သို့ ထရန့်၏တောင်းဆိုချက်တစ်ခုကို ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဝေဖန်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
+++++++++++++++++++++++ သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 12 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 12 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က
နိုင်ငံတကာသတင်း အမေရိကန်

ဗဟိုဘဏ်ဥက္ကဋ္ဌကို ထရန့် အလုပ်ဖြုတ်ရန် စဉ်းစားနေ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 4 Views
—————————– အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျေရွန်းပေါဝယ်လ် (Jerome Powell) ကို အလုပ်ဖြုတ်ရန် လအတော်ကြာ သီးသန့်ဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်က ၁၇ ရက်မှာ
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယားသည် အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့်အစိုးရကို တရားစွဲဆိုထား

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 10 Views
++++++++++++++++++++ ထရန့်၏ အခွန်အကောက်အစီအစဉ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးဖြစ်သည့် ၎င်း၏စီးပွားရေးကို ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအမိန့်ကို မြှင့်တင်ရာတွင် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ကာ ကယ်လီဖိုးနီးယား၏ စီးပွားရေးကို ပြင်၍မရနိုင်သောထိခိုက်မှု
နိုင်ငံတကာသတင်း အမေရိကန်

“ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ”

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 10 Views
အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီအဖွဲ့ဝင် ပေါ်လစီ ဒါရိုက်တာနေနာဂုပါ (Nayna Gupa) က အာဘရီဂို ဂါဆီယာ (Abrego Garcia) ကို အယ်ဆာဗေဒိုးနိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့်ထောင်သို့ တရားမဝင် ပို့ဆောင်မှုအပေါ် ဒီမိုကရေစီ (Democracy Today) သတင်းဌာနမှာ