နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဖမ်းဆီးခံထားရသော အစ္စတန်ဘူလ်မြို့တော်ဝန်အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ကြီးထွားလာနေခြင်းကို တူရကီအစိုးရ သတိပေး

မတ်လ (၂၁) ရက်။

တက္ကသိုလ်ကျောင်းများနှင့် အခြားနေရာများတွင် စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် လူ ၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာ (Ali Yerlikaya) က ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ရက်က အစ္စတန်ဘူလ်မြို့တော်ဝန် “ အီကရမ်အီမာမိုဂလူ” ကို ဖမ်းဆီးထိန်းသိမ်းခြင်းကြောင့် ထောင်နှင့်ချီသောလူများ ဆန္ဒပြခဲ့ကြပြီး အတိုက်အခံ ခေါင်းဆောင်များထံမှ လမ်းမပေါ်ထွက်ဆန္ဒပြကြရန် တောင်းဆိုမှုကို “တရားမ၀င်သော တောင်းဆိုမှု” ဖြစ်ကြောင်း သောကြာနေ့တွင် တူရကီအစိုးရက သတိပေးခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်းများ၊ အစ္စတန်ဘူလ် မြူနီစီပယ်ရုံးချုပ်နှင့် အခြားနေရာများတွင် ကြာသပတေးနေ့က စတင်ခဲ့သော ဆန္ဒပြမှုများတွင် လူ ၅၃ ဦးကို ထိန်းသိမ်းခဲ့ပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာက ပြောကြားခဲ့သည်။

သမ္မတ တာရစ်အာဒိုဂန် (Tayyip Erdogan) ၏ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး အချို့သော ရွေးကောက်ပွဲများတွင် ဦးဆောင်နေသည့် အီမာမိုဂလူကို အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့မှုတို့ အပါအဝင် စွဲချက်များဖြင့် ဗုဒ္ဓဟူးနေ့တွင် ထိန်းသိမ်းခဲ့သည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် မြို့တော်ဝန်၏ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) က အဆိုပါ ဖမ်းဆီးမှုကို နိုင်ငံရေးအရ ရည်ရွယ်လှုံ့ဆော်မှုအဖြစ် ရှုတ်ချခဲ့ပြီး လူများကို တရားဥပဒေအတိုင်း ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ ဥရောပခေါင်းဆောင်များက ထိုသို့ထိန်းသိမ်း လိုက်ခြင်းကို ဒီမိုကရေစီ နောက်ပြန်ဆုတ်မှုအဖြစ် ဝေဖန်ခဲ့သည်။

ယာလစ်ကာရာ (Yerlikaya) နှင့် တရားရေးဝန်ကြီး ရီလ်မာ့ဇ်တွန်စ် (Yilmaz Tunc) တို့က လေးရက်အတွင်း လူစုလူဝေး မလုပ်ရန် တားမြစ်ပိတ်ပင်ထားပြီး လမ်းပေါ်ထွက်ဆန္ဒပြခြင်းကို တရားမဝင်ဟု ဆိုထားသည်။ CHP ခေါင်းဆောင် အော့ဇ်ဂါ အိုဇယ် (Ozgur Ozel) ကကမူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရန် တောင်းဆိုထားမှုကို အစိုးရအဖွဲ့က ဝေဖန်အပြစ်တင်ခဲ့သည်။

“စုရုံးခြင်းနှင့် ချီတက်ဆန္ဒပြခြင်းများသည် အခြေခံအခွင့်အရေးများဖြစ်သည်။ သို့သော် ဆက်လက်လုပ်ဆောင်နေသည့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအပေါ် လမ်းမပေါ်ထွက် တောင်းဆိုခြင်းသည် တရားမ၀င်ဖြစ်ပြီး လက်မခံနိုင်ပါ” ဟု တွန်စ် က သောကြာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တွန်စ်က တရားခွင်သည် မည်သည့်တရားရေးလုပ်ငန်းစဉ်ကိုမဆို တုံ့ပြန်ရန်နေရာဖြစ်ပြီး တည်ငြိမ်မှုရှိရန် တောင်းဆိုခဲ့ပြီး “ လွတ်လပ်ပြီး ဘက်မလိုက်သောတရားစီရင်ရေး” ဖြင့် အမှုအား အကဲဖြတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမတ အာဒိုဂန်အား အီမာမိုဂလူ (Imamoglu) ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဆက်နွယ်ခြင်း မပြုရန် ၎င်းက သတိပေးထားသည်။

အန်ကာရာ၊ အစ်ဇ်မီအာ (Izmir) နှင့် အစ္စတန်ဘူလ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြား ပြည်နယ်များတွင် ကြာသပတေးနေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အဓိကလမ်းများပေါ်တွင် ရဲများက အတားအဆီးများ စိုက်ထူထားသည်။

‘လှည့်စားမှု’

အတိုက်အခံများက အစိုးရအတွင်း အမှားအယွင်းတွေကို အာရုံပြောင်းစေရန် “လှည့်စားမှုများ” နှင့် “ဝါဒဖြန့်မှုများ” ကို ပြုလုပ်နေသည်ဆိုသည့် ဝေဖန်မှုကို အာဒိုဂန်က ပယ်ချခဲ့သည်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် အဓိကအစ္စတန်ဘူလ်လူထုစုဝေးပွဲ၌ CHP ၏ အိုဇယ် (Ozel) က “ ဟေး အာဒိုဂန်၊ လမ်းတွေပေါ်မှာ လူတွေစုဝေးလာမှာကို ခင်ဗျား အကြောက်ဆုံးပဲ။ ငါတို့ အခုလမ်းတွေပေါ်မှာ၊ ရင်ပြင်တွေပေါ်မှာရှိနေပြီ။ ဆက်ပြီးကြောက်နေလိုက်ပါ။”

“ငါတို့ ရွေးကောက်ထားသူကို ဖမ်းထားတာ ငါတို့က အိမ်မှာ ထိုင်နေမှာ မဟုတ်ပါဘူး” ဟု ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့တွင် ၎င်းက ပြောကြားခဲ့သည်။

“ မစ္စတာတေရစ် (အာဒိုဂန်) ခင်ဗျား ကြောက်နေတယ်မလား၊ ခင်ဗျားက မေးတယ် ‘မင်းတို့က လူတွေကို လမ်းမပေါ်ကို ခေါ်နေတာလားလို့’ မင်းတို့က ရင်ပြင်ပေါ်ကို လူတွေ ခေါ်နေတာလားလို့’ ဟုတ်တယ်၊ ဒီရင်ပြင်တွေ၊ ဒီလမ်းတွေကို ငါတို့က လူတွေကို မခေါ်ခဲ့ဘူး။ အဲ့ဒီဖြစ်အောင် ခင်ဗျားက လုပ်ခဲ့တာ”

အီမာမိုဂလူ အဖမ်းခံရပြီးကတည်းက၊ ထောက်ခံသူအများအပြားသည် CHP မှ ပိုမိုခိုင်မာပြီး စနစ်တကျလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပြီး အိုဇယ် (Ozel) ၏တောင်းဆိုမှုသည် အစိုးရအပေါ် သိသိသာသာဖိအားများတိုးလာစေခဲ့သည်။

CHP သည် သက်တမ်းနှစ်ဆက် သက်တမ်းရှိ အသက် ၅၄ နှစ်အရွယ် မြို့တော်ဝန် အီမာမိုဂလူကို ၎င်း၏ သမ္မတလောင်းအဖြစ် တနင်္ဂနွေနေ့တွင် ကြေညာရန် စီစဉ်ထားခဲ့သည့်အချိန်တွင် အရေးယူမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ပါတီဝင်မဟုတ်သည့် ပါတီဝင်များကို နိုင်ငံတဝှမ်းရှိ မဲပုံးများတွင် မဲပေးကြဖို့ CHP လူထုက ခုခံသည့် လက္ခဏာတစ်ရပ်အနေနှင့် တောင်းဆိုထားပါသည်။

၂၀၂၈ ခုနှစ်အထိ သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း အသက် ၇၁ နှစ် အရွယ် အာဒိုဂန်သည် ထပ်မံအရွေးခံရန် ဆုံးဖြတ်ပါက နှစ်သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားမည်ဖြစ်သည်။

ဖြိုခွင်းခြင်း

+++++

အီမာမိုဂလူကို ထိန်းသိမ်းမှုသည် ၎င်းတို့၏ ရွေးကောက်ပွဲ အလားအလာကို ထိခိုက်စေရန် ကြိုးပမ်းမှုဖြစ်ကြောင်း အတိုက်အခံများက ပြောကြားခဲ့သည်။ အတိုက်အခံပုဂ္ဂိုလ်များကို တရားဝင် ဖြိုခွင်းမှုတစ်ခုဖြစ်ပြီး သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ခြင်းဖြစ်ကြောင်း စွပ်စွဲချက်ကို အာဒိုဂန်အစိုးရက ငြင်းဆိုထားသည်။

အာဒိုဂန်အစိုးရကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်မှုကို ပြင်းထန်သော ဖြိုခွင်းမှု ဖြစ်စေခဲ့သည့် ၂၀၁၃ ခုနှစ် နိုင်ငံတစ်ဝန်း ဂီဇီ ပန်းခြံ (Gezi Park) ဆန္ဒပြပွဲမှစ၍ အန်ကာရာသည် အာဏာဖီဆန်မှုများကို သိသာစွာ တားဆီးခဲ့သည်။

ကြာသပတေးနေ့ အင်တာဗျူးတစ်ခုတွင် အိုဇယ် (Ozel) က ၎င်း၏ပါတီသည် ခုခံဆန့်ကျင်သော်လည်း လူထုစည်းကမ်းညီညွတ်မှုကို မထိခိုက်စေကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

အီမာမိုဂလူ အထိန်းသိမ်းခံရပြီးကတည်းက ၎င်းတို့နေခဲ့သည့် မြူနီစပယ်ဌာနချုပ်မှ အာဏာပိုင်များနှင့် CHP အရာရှိများကို ဖယ်ရှားရန် အာဏာပိုင်များ၏ ဖြစ်နိုင်ချေရှိသော ကြိုးပမ်းမှုများကို တွန်းလှန်သွားမည်ဟု သူက ကတိပြုခဲ့သည်။ ပါတီသည် အီမာမိုဂလူနေရာကို မတရားသော အစားထိုးမှုမှန်သမျှကို ဆန့်ကျင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အီမာမိုဂလူသည် တူရကီနှင့် ၎င်း၏အနောက်တိုင်းမဟာမိတ်တို့မှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသော ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ကို အကူအညီပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး တရားစွဲခံရပါက အစိုးရခန့်အပ်ခံရသူနှင့် အီမာမိုဂလူကို အစားထိုးနိုင်မည်ဖြစ်သည်။

အီမာမိုဂလူ၏ တက္ကသိုလ်မှ ဘွဲ့ကိုဖျက်သိမ်းလိုက်ပြီးနောက် တစ်ရက်အကြာတွင် အီမာမိုဂလူ အထိန်းသိမ်းခံရခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစည်းမျဉ်းများအရ လေးနှစ်ကျောင်းတက်ပြီး ဘွဲ့ရထားသော ကိုယ်စားလှယ်လောင်းများကသာ သမ္မတအဖြစ် အရွေးခံခွင့် ရှိသဖြင့် အီမာမိုဂလူအနေနှင့် ဘွဲ့ဖျက်သိမ်းခံလိုက်ရသဖြင့် ဝင်ရောက်ရွေးချယ်ခွင့် ပိတ်ပင်ခံရမည့်သဘော ဖြစ်သည်။

သတင်းရင်းမြစ်။ ရိုက်တာ၊ NBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အန်နာ့စ် အယ် ရှာရစ်ဖ် (Anas Al-Sharif) သည် ဂါဇာတွင် သန်းပေါင်းများစွာသောလူများ၏ စစ်ပွဲအတွင်း မျက်နှာစာပြယုဂ် ဖြစ်လာခဲ့ပြီးနောက် အစ္စရေးတွေက သူ့ကို သတ်ပစ်လိုက်သည်

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 20 Views
CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၃ ရက် ဂါဇာကမ်းမြောင်ဒေသတွင် ဇန်န၀ါရီလက အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားစဉ်၊ အန်နာ့စ် အယ် ရှာရစ်ဖ်သည် ရုပ်မြင်သံကြားတွင်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ဒွန်ဘတ်စ် (Donbas) ကို ပေးအပ်ရန် ငြင်းဆိုခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပူတင်အား အနာဂတ်ထိုးစစ်များအတွက် “ကျော်လွှားလုပ်ဆောင်ခွင့်” ကို ပေးမည်ဟု ဆိုသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 18 Views
CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၃ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက အရှေ့ဖက်နယ်မြေ ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်ခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အလက်စကာတွင် ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲသည် ယူကရိန်းအတွက် တဖြည်းဖြည်း ရှုံးနိမ့်လာခြင်းနှင့်တူသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 23 Views
တည်နေရာသည် အရေးပါသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ သိပ်မကြာခင်မှာပဲ လွန်ခဲ့သည့် ၁၅၈ နှစ်က ရုရှားက အမေရိကန်ကို ဒေါ်လာ ၇.၂ သန်းနှင့် ရောင်းချခဲ့သည့် အာလာစကာပြည်နယ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရာစုနှစ်တစ်ခု၏ မြေယာသဘောတူညီချက်အဖြစ်
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန်

အဝလွန်ဝိတ်ချလိုသူများအတွက် သတင်းကောင်းတပုဒ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 10 ရက်
  • 34 Views
NBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၉)ရက် ဆေးထိုးအပ်ကိုမုန်းတဲ့သူတွေအတွက် ဒီနေ့ညမှာ ကိုယ်အလေးချိန်လျှော့ချတဲ့ တော်လှန်ရေးအတွက် သတင်းကောင်းတစ်ခုလို့ ဆေးဝါးကုမ္ပဏီ အယ်လီ လီလီEli Lilly က FDA ထောက်ခံချက်ရရှိပြီးဖြစ်တဲ့ ကိုယ်အလေးချိန်ကျဆေးကို နှစ်မကုန်ခင်မှာ အဆင့်သုံးဆင့် စမ်းသပ်မှု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးနေသည့်ကြားက အလာစကာတွင် ပူတင်နှင့် တွေ့ဆုံဖို့ စီစဉ်ထားသည်ဟု ထရန့် က ပြောလိုက်သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 32 Views
NBC News- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၉ရက် ခေါင်းဆောင်နှစ်ဦးသည် လာမည့်သောကြာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ထရမ့်က ပြောကြား ခဲ့သည်။ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး သည် လောင်းကြေးမြင့် ထိပ်သီး အစည်းအဝေးတွင် ပါဝင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
နိုင်ငံတကာသတင်း အမေရိကန် အာရှ အိန္ဒိယ

ရုရှားရေနံကို ဆက်လက်ဝယ်ယူနေပါက အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန်တိုး ကောက်မည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 40 Views
ရုရှားရေနံကို ဝယ်ယူနေဆဲဖြစ်သောကြောင့် အိန္ဒိယအပေါ် အခွန်တိုးကောက်မည်ဟု သမ္မတ ဒေါ်နယ် ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “အိန္ဒိယက ရုရှားရေနံအမြောက်အမြားကို ဝယ်ယူရုံတင်မကဘူး၊ သူတို့က ရေနံအများစုကို ဝယ်ပြီး အမြတ်အစွန်း ကြီးကြီးမားမားရဖို့အတွက် စျေးကွက်ဖွင့်ပြီး ရောင်းချတာဖြစ်တယ်” ဟု
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအားလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း နေတန်ယာဟုက လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၅ခုနှစ်၊သြဂုတ်လ၊ ၈ရက် ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ပြန်လည်သိမ်းပိုက်ရေးကို ဆုံးဖြတ်ရန် လုံခြုံရေး ၀န်ကြီးအဖွဲ့မှ အစည်းအဝေး ပြုလုပ်နေစဉ်တွင် အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် စစ်ပွဲများ အရှိန်မြှင့်လာမည့်အရေးကိုဆန့်ကျင်သည့် ကြီးမားသော အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အစ္စရေးစစ်တပ်နှင့် ပြည်တွင်းမှ
China တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ထောင်နှင့်ချီသောလူများ ဖျားနာမှုများကြောင့် ဒရုန်းများ၊ ဒဏ်ကြေး ငွေများနှင့် ပိုက်ကွန်များဖြင့် ခြင်မှပေါက်သော ချီကွန်ဂန်းယာဗိုင်းရပ်စ်(chikungunya virus)ကို တိုက်ထုတ်နေရ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 35 Views
တရုတ်အာဏာပိုင်များသည် ပိုက်ကွန်များအသုံးပြုကာ ပိုးသတ်ဆေးဖြန်းခြင်းနှင့် လူထောင်ပေါင်းများစွာကို ကူးစက်စေသည့် ခြင်မှပေါက်ဖွားသော ချီကွန်ဂန်ယာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ဒရုန်းများကိုပင် အသုံးပြုလျက်ရှိသည်။ အာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိပြီး အများစုမှာ ဟောင်ကောင်မှ ကီလိုမီတာ ၁၇၀ (၁၀၅