နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲက သတိပေးပြောကြားလိုက်သည်။

အမေရိကန်သည် ဥရောပ၏ မိတ်ဖက်နှင့် မဟာမိတ်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သော် လည်း မည်သည့်အင်အားကြီးနိုင်ငံမျှ “မိမိတို့၏ ရှင်သန်ရပ်တည်ရေးကို အခြားသူထံ လွှဲအပ် ထားပြီးမှ ရှင်သန်ကျန်ရစ်ခဲ့ခြင်းမျိုး မရှိဖူးကြောင်း” ကာဂျာ ကာလပ်စ် (Kaja Kallas) က ကာကွယ်ရေးဆိုင်ရာ ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်း (Greenland) ကို သိမ်းယူရန် ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။

ဥရောပသား လွှတ်တော်အမတ်များအနေဖြင့် အမေရိကန်မပါဘဲ ဥရောပက မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည်ဟု ထင်နေပါက “ဆက်လက် အိပ်မက်မက်နေကြရန်” နေတိုးခေါင်းဆောင် မာ့ခ် ရုတေး (Mark Rutte) က ပြောဆိုခဲ့ပြီးနောက် ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာချိန်တွင် ကာလပ်စ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-နိုဝယ် ဘာရော့ (Jean-Noël Barrot) က အင်္ဂါနေ့တွင် နေတိုးအတွင်းရေးမှူးချုပ်၏ မှတ်ချက်များအပေါ် တုံ့ပြန်ရာ၌ “မဟုတ်ပါဘူး ချစ်လှစွာသော မာ့ခ် ရုတေး ခင်ဗျာ။ ဥရောပသားတွေဟာ သူတို့ရဲ့ လုံခြုံရေးကို သူတို့ကိုယ်တိုင် ထိန်းချုပ် နိုင်ရမယ်၊ ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကိုယ်တိုင်တောင် ဒါကို သဘောတူပါတယ်။ ဒါဟာ နေတိုးရဲ့ ဥရောပမဏ္ဍိုင်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထရန့်အစိုးရလက်ထက်တွင် ဥရောပသည် “ဝါရှင်တန်၏ အဓိကဗဟိုချက် မဟုတ်တော့ ကြောင်း” နှင့် ဥရောပတိုက်အနေဖြင့် နိုင်ငံတစ်ခုချင်းစီအလိုက် စဉ်းစားသော ယဉ်ကျေးမှုမှ ဥရောပသားများအဖြစ် စုပေါင်းဆောင်ရွက်သည့်ဘက်သို့ ပြောင်းလဲရန် လိုအပ်ကြောင်း ကာဂျာ ကာလပ်စ်က ဆိုသည်။

ဝါရှင်တန်သည် ဥရောပနှင့် ကင်းကွာလာခြင်းမှာ “အတန်ကြာကတည်းက ဖြစ်နေခြင်းဖြစ်ပြီး” ၎င်းမှာ ယာယီမဟုတ်ဘဲ အခြေခံကျသော အပြောင်းအလဲဖြစ်ကြောင်း အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲက ထပ်လောင်းပြောကြားခဲ့သည်။

အီးယူနှင့် နေတိုး နှစ်ဖွဲ့စလုံးတွင် အဖွဲ့ဝင်ဖြစ်နေသော ၂၃ နိုင်ငံအနေဖြင့် “နေတိုးနှင့်အတူ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဟန်ချက်ညီအောင် လုပ်ဆောင်ရန်” အထူးတာဝန် ရှိသည်။ ဘာရော့ကဲ့သို့ပင် သူမကလည်း “သီးခြားဖြစ်သော ဥရောပမဏ္ဍိုင်” တစ်ခုသည် မည်မျှအရေးပါကြောင်း ပြသရန် အရေးကြီးပုံကို အလေးပေး ပြောဆိုခဲ့သည်။

အာတိတ်ကျွန်း (ဂရင်းလန်း) ကို သိမ်းယူမည့် သူ၏အစီအစဉ်ကို ကန့်ကွက်ခဲ့သော အရင်းနှီးဆုံး ဥရောပမဟာမိတ်အချို့အပေါ် ထရန့်က အခွန်တိုးမြှင့်ကောက်ခံရန် ခြိမ်းခြောက် ခဲ့ပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သော ဂရင်းလန်းကိစ္စ အမေရိကန်-ဥရောပ အက်ကြောင်းသည် ကာလပ်စ် ရည်ညွှန်းခဲ့သည့် ဆက်ဆံရေးအတွင်းရှိ “ကြီးမားသော အပြောင်းအလဲ” ကို မီးမောင်းထိုးပြနေသည်။

ဒါဗို့စ် (Davos) အစည်းအဝေး၏ ဘေးထွက်ဆွေးနွေးပွဲများတွင် နေတိုးအကြီးအကဲနှင့် ဆွေးနွေးစဉ် အမေရိကန်သမ္မတက သူ၏ခြိမ်းခြောက်မှုကို ရုပ်သိမ်းခဲ့ပြီးနောက်၊ မာ့ခ် ရုတေးသည် ထရန့်နှင့် ဥရောပခေါင်းဆောင်များအကြား တင်းမာမှုများကို လျှော့ချ နိုင်ခဲ့သူ အဖြစ် ပြီးခဲ့သည့်အပတ်က အသိအမှတ်ပြုခံခဲ့ရသည်။ ဂရင်းလန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခုကို ရှာဖွေနေသည်ဟု ထရန့်က ပြောကြား ခဲ့သော်လည်း အသေးစိတ်အချက်အလက်များမူ ထွက်ပေါ်မလာသေးပေ။

ပြီးခဲ့သည့်နှစ်က ထရန့်၏ ဖိအားပေးမှုအောက်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၂၀၃၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ အမျိုးသားအဆင့် အခြေခံ အဆောက်အအုံများအတွက် ဖြစ်နိုင်သည်။

ရုတေးက တနင်္လာနေ့တွင် ဥရောပပါလီမန်၌ ပြောကြားရာတွင် ဥရောပအနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် “တစ်ကိုယ်တော် ရပ်တည်လိုပါက” စီးပွားရေးအထွက်နှုန်း (GDP) ၏ ၁၀ ရာခိုင်နှုန်းကို သုံးစွဲရမည်ဖြစ်ပြီး ကိုယ်ပိုင်နျူကလီးယားစွမ်းရည်ကိုလည်း တည်ဆောက် ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရုတေး၏ အမြင်အရ အမေရိကန်နှင့် ကင်းကွာသွားခြင်းသည် “ကျွန်ုပ်တို့၏ လွတ်လပ်မှုကို အဆုံးစွန် အာမခံချက်ပေးထားသည့် အမေရိကန်၏ နျူကလီးယားအကာအကွယ်ကို ဆုံးရှုံး စေလိမ့်မည်” ဟု ဆိုသည်။

ဘရပ်ဆဲလ်ရှိ ကာဂျာ ကာလပ်စ် တက်ရောက်သည့် ညီလာခံ၌ပင် အီးယူ ကာကွယ်ရေး ကော်မရှင်နာ အန်ဒရီးယပ်စ် ကူဘီလီယပ်စ် (Andrius Kubilius) က ဗုဒ္ဓဟူးနေ့တွင် ပြောကြား ရာ၌ အမေရိကန်များသည် “ဥရောပတိုက်ပေါ်ရှိ ၎င်းတို့၏တည်ရှိမှုကို လျှော့ချတော့မည်” ဖြစ်သောကြောင့် ဥရောပသားများအနေဖြင့် မိမိတို့၏ကာကွယ်ရေးအတွက် တာဝန်ယူရန် အမေရိကန်က ယခုအခါ မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ဥရောပသည် “ဘီလူးကြီးတစ်ကောင် ဖြစ်သော်လည်း အိပ်မောကျနေသည့် ဘီလူးကြီး” ဖြစ်ပြီး နှိုးရန်လိုအပ်နေကြောင်း၊ “ကျွန်ုပ်တို့၏ လွတ်လပ်မှုကို အလျင်အမြန် တည်ဆောက် ရမည်။ ကာကွယ်ရေးကဏ္ဍတွင် လွတ်လပ်စွာ ရပ်တည်နိုင်ရေးကို နှောင့်နှေးမှုမရှိဘဲ၊ ဆင်ခြေများ မရှိဘဲ လုပ်ဆောင်ရမည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၁၉၄၉ ခုနှစ်တွင် ဝါရှင်တန်၌ နေတိုးအဖွဲ့ကို စတင်တည်ထောင်စဉ်က အဓိကရည်ရွယ်ချက်မှာ ရန်လိုသော ဆိုဗီယက်ယူနီယံ (၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည့် ရုရှားက လွှမ်းမိုးထားသော ကွန်မြူနစ်အင်ပါယာ) ကို ရင်ဆိုင်ရာတွင် အဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် လွတ်လပ်မှုကို အာမခံချက် ပေးရန်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နေတိုးသည် အရှေ့ဘက်သို့ နယ်ချဲ့လာပြီး မော်စကိုအတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖန်တီးနေသည်ဟု ကာလရှည်ကြာ စွပ်စွဲလာခဲ့ကာ၊ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခြင်းမှာ ယင်းအချက်ကို တုံ့ပြန်ခြင်း ဖြစ်သည် ဟု ပုံဖော်ခဲ့သည်။

သို့သော်လည်း ပိုမိုရန်လိုလာသော ရုရှားနိုင်ငံကြောင့် အီးယူအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သည့် ဆွီဒင် နှင့် ဖင်လန်တို့မှာ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း နေတိုးမဟာမိတ်အဖွဲ့သို့ ဝင်ရောက် လာခဲ့ ကြသည်။

အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်အရ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ခြင်းမှ တားမြစ်ရမည်ဟု ကရင်မလင်က တောင်းဆိုထားသည်။

ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အီးယူနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ပါရှိ သော်လည်း ၊ ကိယက်ဗ် (Kyiv) အနေဖြင့် မကြာမီကာလအတွင်း နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်ခြေမှာမူ အလှမ်းဝေးနေဆဲဖြစ်သည်ဟု ယူဆရပါသည်။

“ဥရောပသည် ဝါရှင်တန်၏ အဓိကဗဟိုချက် (သို့မဟုတ် အလေးသာရာအချက်) မဟုတ်တော့ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကာလပ်စ် (Kaja Kallas) က ပြောကြားခဲ့သည်။”(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက