နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရမှ အမေရိကန်အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ကလေး ၃ ယောက် ဖခင်ဖြစ်သူကို မှားယွင်းဖမ်းဆီး ပြည်နှင်ဒဏ်ပေး

+++++++++++++++++++++++++++

အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ကီလ်မာ အက်ဘရီဂို ဂါစီယာ (Kilmar Abrego Garcia) ကို ပြည်နှင်ဒဏ်ပေးခြင်းမှာ အုပ်ချုပ်ရေးဆိုင်ရာ အမှားအယွင်းတစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ဝန်ခံခဲ့သော်လည်း ၎င်းအား အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်ရန် တရားသူကြီး၏အမိန့်ကို ဆန့်ကျင်ခဲ့သည်။

အယ်လ်ဆာဗေဒိုရှိ လုံခြုံရေးမြင့်မားသော အကျဉ်းထောင်သို့ မတော်တဆ ပြည်နှင်ဒဏ်ခံခဲ့ရသည့် မေရီလန်းပြည်နယ်မှ အမျိုးသားတစ်ဦးကို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ပို့ဆောင်ရန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္ဂနွေနေ့တွင် အမိန့်ပေးပြောဆိုခဲ့သည်။ တရားသူကြီးက ပြန်ခေါ်လာရန် အချိန်ဆွဲနေမှု ပယ်ချလိုက်ပြီး ထိုသူကိုတနင်္လာ နောက်ဆုံးထား ပြန်ခေါ်လာရန် အမိန့်ချခဲ့သည်။

ကီလ်မာအက်ဘရီဂိုဂါစီယာသည် အယ်လ်ဆာဗေးဒေါနိုင်ငံဇာတိဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်တွင် နေထိုင်ခဲ့သည့် အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ဖြစ်သည်။ မတ် ၁၅ ရက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသောထောင်သို့ ဗင်နီဇွဲလားအမျိုးသားများနှင့်အတူ ဂါစီယာသည် မှားယွင်းစွာ အပို့ခံခဲ့ရပြီး အပို့ခံရသူများကို ဂိုဏ်ဝင်းများဟု ထရမ့်အစိုးရအရာရှိများက စွပ်စွဲခဲ့သည်။

အာဏာပိုင်များက အက်ဘရီဂို ဂါစီယာ ကို မတ် ၁၂ ရက်တွင် Ikea ကားရပ်နားရာနေရာ၌ အသက် ၅ နှစ်အရွယ် အော်တစ်ဇင်ရောဂါဖြင့် မွေးဖွားသည့် သားဖြစ်သူက ကားနောက်ခန်းတွင် ရှိနေစဥ် ဂါစီယာကိုဖမ်းဆီးခံခဲ့ရသည်ဟု သူ၏ရှေ့နေက ဆိုသည်။

ထရန့်အစိုးရက သူ့အား ပြည်နှင်ဒဏ်ပေးခြင်းသည် စီမံခန့်ခွဲရေးဆိုင်ရာ အမှားဖြစ်ပေါ်မှုဟု ခေါ်ဆိုခဲ့သည်။

ပြည်နှင်ဒဏ်ပေးခြင်းသည် ဥပဒေနှင့်မညီကြောင်း အမေရိကန်ခရိုင်တရားသူကြီး ပေါ်လာ ဇီနစ် (Paula Xinis) က သောကြာနေ့တွင် ပြောကြားခဲ့ပြီး အက်ဘရီဂို ဂါစီယာအား အမေရိကန်သို့ တနင်္လာနေ့ ည ၁၁ နာရီ ၅၉ မိနစ်တွင် ပြန်လည်ပို့ဆောင်ရန် အစိုးရအား အမိန့်ပေးခဲ့သည်။

စနေနေ့တွင်၊ တရားရေးဌာနမှ ရှေ့နေများက အုပ်ချုပ်ရေးအဖွဲ့မှ သူမ၏အမိန့်ကို အယူခံဝင်နေစဉ် ဇီနစ် (Xinis) ကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သော်လည်း သူမက ငြင်းပယ်လိုက်သည်။

“တရားခံတွေက အက်ဘရီဂို ဂါစီယာကို တရားဝင် အခွင့်အာဏာမရှိဘဲ ထိန်းသိမ်းခဲ့ပြီး သူ့ကို တရားဝင်အခြေခံမရှိဘဲ သီးခြားပြည်တွင်း ထိန်းသိမ်းရေးစခန်း ၃ ခုမှာ ချုပ်နှောင်ထားခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေး တရားသူကြီး ဒါမှမဟုတ် ရုံးကိုတင်ပြဖို့ ပျက်ကွက်ခဲ့ပြီး သူ့ကို အယ်လ်ဆာဗေးဒေါကို အတင်းအကျပ် ပို့ဆောင်ခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့တွင် ရေးသားခဲ့သည်။ “အဲဒီမှာ ရောက်တာနဲ့ အမေရိကန် အရာရှိတွေက အကျဉ်းသားတွေကို လုံလောက်တဲ့ အစားအစာ၊ ရေနဲ့ အမိုးအကာတွေကို ဖယ်ထုတ်ပြီး ပုံမှန်အကြမ်းဖက်မှုကို အားပေးပြီး သူ့ကို နှိပ်စက်ညှဉ်းပန်းသူတွေနဲ့အတူ ထားရှိပေးမယ့် အဆောက်အဦတစ်ခုထဲမှာ သူ့ကို ချုပ်နှောင်ထားလိုက်တယ်။”

ဇီနစ်မှသတ်မှတ်ထားသောနောက်ဆုံးရက်ကို အုပ်ချုပ်ရေးပိုင်းမှလိုက်နာမည်လား သို့မဟုတ် နောက်ဆုံးရက်ကို ဆိုင်းငံ့ထားမည်လား ရှင်းရှင်းလင်းလင်း မသိရပါ။ အယူခံတရားရုံးသည် တနင်္ဂနွေညတွင် ဆုံးဖြတ်ချက်ကို အမြန်ဆုံးထုတ်ပေးနိုင်ဖွယ်ရှိသည်။

အက်ဘရီဂို ဂါစီယာသည် ဆယ်ဗာဒိုးတွင် ထိန်းသိမ်းခံထားရသောကြောင့် တရားရေးဌာနမှ ရှေ့နေများက ၎င်းတို့သည် အက်ဘရီဂိုဂါစီယာကို ပြန်ပို့မပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ထို့အပြင် အစိုးရက ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများကို တူညီသော ဆယ်ဗားဒိုး အကျဉ်းထောင်သို့ ပြန်မပို့ရန် တရားသူကြီး၏ အမိန့်ကို လုံးလုံးလျားလျား လျစ်လျူရှုခြင်းမရှိပါကလျစ်လျူရှုခြင်းဆိုင်ရာ နောက်ထပ်လူဝင်မှု ကြီးကြပ်ရေးကိစ္စတွင် နောက်ထပ်တမှုအဖြစ် စွပ်စွဲခံထားရမည် ဖြစ်သည်။

အက်ဘရီဂို ဂါစီယာကို တရားရုံးသို့ ပြန်လည်အပ်နှံရန် တောင်းဆိုသည့် အမိန့်အာဏာ တရားရုံးတွင် မရှိသလို သမ္မတ ‌ဒေါ်နယ်ထရန့် နိုင်ငံခြားရေးမူဝါဒကို ထိပါးလာသည်ဟု အစိုးရတရားရေးဌာနက ချေပပြောဆိုခဲ့သည်။

ဇီနစ်က တနင်္ဂနွေနေ့တွင်အစိုးရဖက်မှ ခုခံချေပချက်ကိုတုံ့ပြန်ပြောကြားရာတွင် “သူတို့သည် အမေရိကန်ပြင်ပရှိအကျဉ်းထောင်များသို့ ရွှေ့ပြောင်းအခြေချနေထိုင်သူနှင့် အမေရိကန်နိုင်ငံသား မည်သူ့ကိုမဆို အတင်းအကျပ် ပို့ပေးနိုင်သည်ဆိုသည့် အံ့မခန်းအတွေးအခေါ်ကို စွဲကိုင်ထားပြီး သူတို့အနေနှင့် ထို သူများကို ပြန်ခေါ်ယူရန် မဖြစ်နိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် သူတို့၏ ထိန်းသိမ်းထားမှုအောက်တွင် မရှိတော့၍ ဖြစ်သည်ဟု ပြောင်ပြောင်းတင်းတင်း ပြောဆိုလာခဲ့ကြသဖြင့် တရားရုံး၏ စီရင်ဆုံးဖြတ်ခွင့် ကင်းမဲ့နေကြောင်း ဝေဖန်လိုက်သည်။

“ဒီအကြောင်းကိုလက်တွေ့ကျကျပြောရရင် ဖြစ်ရပ်မှန်တွေနဲ့က တခြားစီပဲ” ဟု သူမက ရေးသားခဲ့သည်။

အက်ဘရီဂို ဂါစီယာ ၂၉ နှစ်သည်အယ်ဆာဗေဒိုး မှထွက်ပြေးပြီး ဆယ်ကျော်သက်အရွယ်တွင် အုပ်စုဖွဲ့အကြမ်းဖက်ဂိုဏ်းများမှ လွတ်မြောက်ရန် အမေရိကန်သို့လာရောက်ခဲ့ကြောင်း ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်ဝန်းကျင်မှ စတင်ကာ ဂိုဏ်းသားများသည် ၎င်း၏မိဘများကို ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းမှုဖြင့် ပြန်ပေးဆွဲကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံး၏ ရှေ့နေက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင်၊ အက်ဘရီဂို ဂါစီယာနှင့် အခြားနိုင်ငံသားမဟုတ်သူ သုံးဦးတို့သည် မေရီလင်း ပရင့်ဂျော့ကောင်တီရှိ Home Depot တစ်ခုရှေ့တွင် အလုပ်ရှာရန်ရောက်ရှိနေစဥ် ဖမ်းဆီးခံခဲ့ ရကြောင်း စာရွက်စာတမ်းများအရ သိရသည်။ ရဲတပ်ဖွဲ့က ဂါစီယာ သည် MS-13 ဂိုဏ်းတွင် ပါဝင်ပတ်သက်သည်ဟု လျှို့ဝှက်သတင်းပေးသူတစ်ဦးက တရားရုံးစာရွက်စာတမ်းများအရ ၎င်းတို့အား တက်ကြွသောအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲခဲ့သည်။

ထိုနှစ်တွင် သူအဖမ်းခံရစဉ်တွင် အက်ဘရီဂိုဂါစီယာသည် ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အယ်လ်ဆာဗေးဒေါသို့ ပြန်ပို့ခြင်းကို တားဆီးမည့်အမိန့်အတွက် လူဝင်မှုကြီးကြပ်ရေးတရားသူကြီးထံ တောင်းဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

အယ်လ်ဆာဗေးဒေါသို့ ပြန်သွားပါက ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်မည်ကို စိုးရိမ်သဖြင့် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက ၎င်း၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့သဖြင့်သူသည် အချုပ်အနှောင်မှ လွတ်မြောက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးဌာနက တရားသူကြီး၏ အမိန့်ကို အယူခံဝင်ကန့်ကွက်ခဲ့ခြင်း မရှိပေ။

သို့သော် ထရန့်အစိုးရက အက်ဘရီဂို ဂါစီယာသည် ဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဇီနစ်၏အမိန့်အသက်ဝင်ခြင်းမှ တားဆီးရန် ကြိုးပမ်းမှုတွင် အက်ဘရီဂို ဂါစီယာသည် MS-13 အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း အုပ်ချုပ်ရေးက သက်သေမပြနိုင်ဘဲ ငြင်းဆိုခဲ့သည်။

“သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင်ဖြစ်သည့် အက်ဘရီဂို ဂါစီယာအား အမေရိကန်သို့ ပြန်ပို့ရန်အမိန့်သည် အကျုံးမဝင်” ဟု တရားရေးဌာနမှ ရှေ့နေများက ရေးသားခဲ့သည်။

“ဒီလို အကြမ်းဖက် ရက်စက်တဲ့ အဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် တစ်စုံတစ်ဦးကို စွပ်စွဲခံရတဲ့အခါ တရားစီရင်ရေးမှာ စွဲချက်တင်ခြင်း သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ခြင်းပုံစံနဲ့ လုပ်ဆောင်ရတဲ့အတွက် အဖြစ်မှန်ကို အကဲဖြတ်နိုင်ပါတယ်” ဟု သူမက ဆိုသည်။ “ အဲဒါတွေ မတွေ့ရဘူး” ဟုထောက်ပြခဲ့သည်။

တရားရေးဌာနမှ ရှေ့နေ အီရက်ဇ် ရီဗင်နီ(Erez Reuveni) က ဇင်နစ်အား သောကြာနေ့ ကြားနာမှုတွင် “ သူ့ကို အယ်ဆာဗေဒိုသို့ မပို့သင့်ဘူးဆိုတာ ကျွန်ုပ်တို့ ဝန်ခံပါတယ်” ဟု ဆိုခဲ့ပြီး ဇင်နစ်က ဘာကြောင့်သူ့ကို ချုပ်နှောင်ထားခဲ့တာလဲဟု မေးမြန်းသောအခါ “ သူမသိဘူး” ဟု တုံ့ပြန်ခဲ့သည်။

ဇင်နစ်သည် ၎င်း၏ထင်မြင်ချက်ကို တနင်္ဂနွေနေ့တွင် ကိုးကားပြောကြားခဲ့သည်။

“တရားခံ (အစိုးရဖက်မှ ဝန်ခံထားတဲ့အတိုင်း၊ သူ့ကို ဖမ်းဆီးဖို့ တရားဝင် အခွင့်အာဏာ မရှိသလို သူ့ကို ဖမ်းဆီးဖို့ အကြောင်းပြချက်လည်း မရှိသလို အယ်လ်ဆာဗေးဒေါကို ပို့ဖို့ အကြောင်းပြချက်လည်း မရှိဘူး၊ သူ့ကို အနောက်ကမ္ဘာခြမ်းက အန္တရာယ် အရှိဆုံး အကျဉ်းထောင်တွေထဲကို ပို့ခဲ့တာ” ဟု သူမကဆိုသည်။ အစိုးရရှေ့နေ ရီဗင်နီအား သူတရားသူကြီးထံတွင် မှတ်ချက်ပေးခဲ့ခြင်းကြောင့် အစိုးရတရားရေးဌာနမှ သူ့အား အလုပ်မှထုတ်ကာ ခွင့်ရက်ရှည်ပေးခဲ့သည်။

“ကျွန်မရဲ့ လမ်းညွှန်ချက်အရ တရားရေးဌာနတိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စား ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်” ဟု ရှေ့နေချုပ်ပမ်းဘွန်ဒီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဤညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် ရှေ့နေတိုင်းသည် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်”

“ Fox News Sunday” တွင် ပြုလုပ်သောအင်တာဗျူးတစ်ခုတွင် ဘွန်ဒီသည် ရီဗင်နီ၏ မှတ်ချက်များကို “ တရားခံရှေ့နေက ရာဇ၀တ်မှုတစ်ခုအတွက် ဝန်ခံခဲ့သည်” ဟု မှတ်ချက်ပေးပြီး။ “ဒီနိုင်ငံမှာ ဒါမျိုးဘယ်တော့မှ ဖြစ်မလာစေရဘူး” ဟု သူမက ဆိုသည်။

ကီလ်မာ အက်ဘရီဂို ဂါစီယာတွင် အမေရိကန်နိုင်ငံသားဇနီးသည်နှင့်ကလေး၃ယောက်ရှိပြီး သူ့ဇနီးနှင့်ကလေးများသည် သူတို့၏ ဖခင်ဖြစ်သူကို အမြန်ဆုံးပြန်ရောက်စေချင်နေကြပြီး စိုးရိမ်ပူပန်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 5 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုများကို စိုးရိမ်သဖြင့် ကရင်မလင်က ပူတင်၏ လုံခြုံရေးကို တင်းကျပ်ထားကြောင်း ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် ရုရှားထိပ်တန်းစစ်ဘက်အရာရှိများ ဆက်တိုက်လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှု များ ဖြစ်လာနိုင်သည်ကို စိုးရိမ်သဖြင့် သမ္မတ ဗလာဒီမာ ပူတင်၏ ကိုယ်ရံတော်လုံခြုံရေးကို ကရင်မလင်က သိသိသာသာ
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု ကြောင့် ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်နေကြသလို၊ အိန္ဒိယ နိုင်ငံတွင်မူ အချို့သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ