နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား တိုးမြှင့်သုံးစွဲမှုကို ထောက်ခံကြရန် ဥရောပ တစ်လွှားရှိ ပြည်သူများထံသို့ ရှားရှားပါးပါး လူသိရှင်ကြား ပန်ကြားချက်တစ်ရပ် ထုတ်ပြန် လိုက်သည်။

ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိကြီးများသည် ဗြိတိန်ရှိ The Guardian နှင့် ဂျာမနီရှိ Die Welt သတင်းစာတို့တွင် ပူးတွဲဖော်ပြခဲ့သည့် ဆောင်းပါးတစ်စောင် ၌ ဥရောပနိုင်ငံများသည် ယခုအခါ ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ “စိတ်မသက်သာစရာ အမှန်တရားများကို ရင်ဆိုင်ရမည်” ဖြစ်ပြီး အသုံးစရိတ်နှင့် ပတ်သက်၍ “ခက်ခဲသောရွေးချယ် မှုများ” ပြုလုပ်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

“ယူကရိန်းမှာ နာကျင်စွာ သက်သေပြနေခဲ့သလိုပဲ မော်စကိုရဲ့ စစ်အင်အား တည်ဆောက် မှုဟာ ကျွန်တော်တို့ တိုက်ကြီးပေါ်မှာ စစ်ခင်းဖို့ ဆန္ဒရှိနေတာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ၊ ကျွန်တော်တို့အားလုံး အထူးဂရုစိုက်ဖို့ လိုအပ်တဲ့ မြင့်မားတဲ့ ဘေးအန္တရာယ်တစ်ခုကို ကိုယ်စား ပြုနေပါတယ်” ဟု ဂျာမနီ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတင် ဘရူအာ (Gen. Carsten Breuer) နှင့် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆာ ရစ်ချက် နိုက်တန် (Air Marshal Sir Richard Knighton) တို့က ရေးသားခဲ့သည်။

“မော်စကိုရဲ့ ရည်ရွယ်ချက်တွေဟာ လက်ရှိ ပဋိပက္ခထက် ပိုပြီး ကျယ်ပြန့်ပါတယ်” ဟု ၎င်းတို့နှစ်ဦးက ဆက်လက်ပြောကြားခဲ့ပြီး၊ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းကြောင့် အခြားသော ပြည်သူ့ဝန်ဆောင်မှု အစီအစဉ်များ – ဆိုလိုသည်မှာ စစ်အေးတိုက်ပွဲအပြီး ရရှိခဲ့သော “ငြိမ်းချမ်းရေး အကျိုးအမြတ် (peace dividend)” များ – ထိခိုက်နိုင်သော်လည်း ပြည်သူများအနေဖြင့် ယင်းတိုးမြှင့်မှုကို ဝိုင်းဝန်းထောက်ခံကြရမည်ဟု တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ (ဗြိတိန်သည် အဖွဲ့ဝင်မဟုတ်ပါ) သည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးမြှင့်ခဲ့ပြီး ဖြစ်သော်လည်း၊ ပိုမိုသုံးစွဲရန် လိုအပ်နေသေးကြောင်း ကာကွယ်ရေးဦးစီးချုပ်များက ငြင်းခုံဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေဟာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ ရှင်း ပါတယ်။ လက်နက်ပြန်လည် တပ်ဆင်ခြင်းဟာ စစ်ကို လိုလားတာမဟုတ်ပါဘူး။ မိမိတို့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံတွေရဲ့ တာဝန်ယူမှုရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းတို့က ဆိုသည်။

ယင်းဆောင်းပါးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပခဲ့သော မြူးနစ်လုံခြုံရေး ညီလာခံအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုညီလာခံတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ဆယ်စုနှစ်ပေါင်းများစွာ ဝါရှင်တန်၏ အကူအညီကို လုံခြုံရေး၏ ကျောရိုးအဖြစ် အားကိုးလာခဲ့သော ဥရောပအား မိမိတို့၏ ကာကွယ်ရေးအတွက် တာဝန်ယူမှု ပိုမိုယူကြရန် တိုက်တွန်းခဲ့သည်။

နေတိုး (NATO) ခေါင်းဆောင်များသည် ၂၀၃၅ ခုနှစ်တွင် ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲရန် ကတိပြုထားပြီးဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်များ၏ ဆောင်းပါးတွင် မှတ်ချက်ပြုထားသည်။

“ဟန့်တားမှုစွမ်းအားကို အားကောင်းစေဖို့ အစိုးရတွေ လုပ်ဆောင်ရမယ့် ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ပြည်သူတွေ နားလည်ရပါမယ်” ဟု ၎င်းတို့က ရေးသားခဲ့သည်။

သို့သော် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံများတွင်ပင် ဤသတင်းစကားမှာ လက်ခံရရှိရန် ခက်ခဲနိုင်ပါသည်။

YouGov သုတေသနအဖွဲ့၏ ဇန်နဝါရီလ လူထုသဘောထားစစ်တမ်းအရ ဗြိတိန်နိုင်ငံသား ၂၅ ရာခိုင်နှုန်းခန့်ကသာ ကာကွယ်ရေးအသုံးစရိတ်အတွက် အခွန်တိုးမြှင့်ခြင်း သို့မဟုတ် အခြား ပြည်သူ့ဝန်ဆောင်မှုများကို လျှော့ချပြီး လက်နက်အတွက် ပိုမိုသုံးစွဲခြင်းကို ထောက်ခံ ကြသည်။

ဂျာမနီတွင်လည်း မကြာသေးမီက Politico ၏ စစ်တမ်းအရ ပြည်သူ ၂၄ ရာခိုင်နှုန်းကသာ အခြားအစီအစဉ်များ မထိခိုက်ပါက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းကို ထောက်ခံ ကြသည်။

သံသယရှိနေသော ထိုပြည်သူများကို စည်းရုံးနိုင်မှသာ ကာကွယ်ရေးဦးစီးချုပ်များ ချမှတ်ထား သည့် အဓိကပန်းတိုင်ဖြစ်သော ကာကွယ်ရေးအတွက် “တစ်လူမျိုးလုံး ပါဝင်သည့် ချဉ်းကပ်မှု (whole-of-society approach)” ကို အောင်မြင်နိုင်မည်ဖြစ်သည်။

“ကာကွယ်ရေးဆိုတာ ယူနီဖောင်းဝတ်ထားတဲ့ သူတွေချည်းပဲ လုပ်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ၎င်းတို့က ရေးသားခဲ့သည်။

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ကတိပြုထားသည့်အပြင်၊ ၎င်းတို့၏ နိုင်ငံများသည် အသင့်ဖြစ်မှုကို မြှင့်တင်ရန်နှင့် ဟန့်တားမှုစွမ်းအား တိုးတက်စေရန် လက်တွေ့ကျသော ခြေလှမ်းများကို လုပ်ဆောင်နေကြောင်း၊ ဗြိတိန်က ခဲယမ်းမီးကျောက် စက်ရုံအသစ် ၆ ရုံ တည်ဆောက်နေပြီး ဂျာမနီက ၎င်း၏ အရှေ့ဘက်နယ်စပ်အနီးတွင် တပ်ဖွဲ့များကို ပြန်လည် နေရာချထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း “ရုရှား၏ ရန်လိုမှုကို ဟန့်တားရန်နှင့် အရေးပါသော ရေအောက် အခြေခံအဆောက်အအုံများကို ကာကွယ်ရန်” အတွက် HMS Prince of Wales ဦးဆောင်သော လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို ယခုနှစ်အတွင်း မြောက်အတ္တ လန္တိတ် နှင့် အာတိတ်သမုဒ္ဒရာများသို့ စေလွှတ်မည်ဖြစ်ကြောင်း သီတင်းပတ်ကုန်တွင် ကြေညာခဲ့သည်။

အဆိုပါ တိုက်ခိုက်ရေးအုပ်စုတွင် လေယာဉ်တင်သင်္ဘောအခြေစိုက် F-35 တိုက်လေယာဉ်များ ပါဝင်မည်ဖြစ်ပြီး၊ တာဝန်ထမ်းဆောင်စဉ်အတွင်း အမေရိကန်၊ ဥရောပနှင့် ကနေဒါ တပ်ဖွဲ့များ နှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလို စေလွှတ်မှုဟာ ဗြိတိန်ကို စစ်ပွဲအတွက် အသင့်ဖြစ်စေမှာဖြစ်ပြီး နေတိုးမှာ ကျွန်တော် တို့ရဲ့ ပါဝင်မှုကို မြှင့်တင်ပေးသလို၊ အဓိကမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းစေပြီး ယူကေကို ပြည်တွင်းမှာ လုံခြုံစေကာ ပြည်ပမှာ အားကောင်းစေမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေ (John Healy) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

(ဝဲမှယာ) ဂျာမနီ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတင် ဘရူအာ နှင့် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆာ ရစ်ချက် နိုက်တန်။ (SIPA/Getty Images)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် (၆၂) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို မိန့်ခွန်းပြောကြားစဉ်။ (Thomar Kienzle/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက