နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

ဆိုက်ဘေးရီးယား အကျဉ်းစခန်းတစ်ခုတွင် နာဗာလ်နီ သေဆုံးခဲ့ပြီး နှစ်နှစ်အကြာတွင်၊ ၎င်း၏ ရုပ်အလောင်းမှ တွေ့ရှိရသော ဓာတ်ခွဲနမူနာများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဗြိတိန်နှင့် ၎င်း၏ မဟာမိတ်များက ကရင်မလင် (Kremlin) ကို ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။

နာဗာလ်နီ၏ ရုပ်အလောင်းမှ ရရှိသော နမူနာများတွင် ‘epibatidine’ ဟုခေါ်သော အဆိပ် အတောက်ကို တွေ့ရှိရခြင်းထက်ပိုမို ခိုင်လုံသော ရှင်းလင်းချက် မရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) မှနေ၍ နိုင်ငံခြားရေးဝန်ကြီး အီဗတ် ကူးပါး (Yvette Cooper) က “ရုရှားမှာ ထောင်သွင်းအကျဉ်းချခံထားရစဉ်အတွင်း အလက်ဇီ နာဗာလ်နီကို ဒီလိုသေစေနိုင်တဲ့ အဆိပ်မျိုးနဲ့ လုပ်ကြံဖို့အတွက် နည်းလမ်း၊ အကြောင်းပြချက်နဲ့ အခွင့်အရေးဆိုတာ ရုရှားအစိုးရမှာပဲ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ကူးပါးသည် ယခုသီတင်းပတ်ကုန်တွင် ကျင်းပသည့် ညီလာခံ၌ နာဗာလ်နီ၏ ဇနီးဖြစ်သူ ယူလီယာ နာဗာနာယာ (Yulia Navalnaya) နှင့် တွေ့ဆုံခဲ့သည်။

“ရုရှားဟာ နာဗာလ်နီကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မြင်ခဲ့တယ်” ဟု ကူးပါးက အခမ်းအနား တွင် ပြောကြားခဲ့သည်။

“အခုလို အဆိပ်မျိုးကို အသုံးပြုခြင်းအားဖြင့် ရုရှားနိုင်ငံဟာ သူတို့လက်ထဲမှာရှိတဲ့ ယုတ်ညံ့တဲ့ လက်နက်ကိရိယာတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေအပေါ် သူတို့ထားရှိတဲ့ အလွန်အမင်း ကြောက်ရွံ့မှုကို ပြသလိုက်တာပဲဖြစ်တယ်” ဟု သူမက ဆက်လက်ပြောဆိုသည်။

ရုရှားကို အဆိပ်ခတ်မှုဖြင့် စွပ်စွဲရာတွင် ဗြိတိန်နှင့်အတူ ဆွီဒင်၊ ပြင်သစ်၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ရုရှား၏ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် (Chemical Weapons Convention) ချိုးဖောက်မှုဟု ယူဆရသည့် ကိစ္စရပ်အား ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ထံသို့ အသိပေး အကြောင်းကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခြစားမှုဆန့်ကျင်ရေး လှုပ်ရှားသူနှင့် ရုရှား၏ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်သူ နာဗာလ်နီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် အသက် ၄၇ နှစ်အရွယ်၌ အကျဉ်း ထောင် အတွင်း ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်တွင်လည်း သူသည် နိုဗီချော့ခ် (Novichok) အာရုံကြောထိခိုက်စေသည့် အဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရဖူးသည်။ သူသည် ဂျာမနီနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီး ရုရှားသို့အပြန် လေဆိပ်သို့ရောက်ရှိစဉ် ဖမ်းဆီးခံခဲ့ရသည်။

နာဗာလ်နီ၏ ဇနီး ယူလီယာ နာဗာနာယာသည် သူမ၏ ခင်ပွန်းကို ရုရှားက အဆိပ်ခတ်ခဲ့သည် ဟု အစဉ်တစိုက် ပြောဆိုခဲ့သည်

စနေနေ့က ကြေညာချက် မထွက်ပေါ်လာမီကပင် နာဗာလ်နီ၏ ဇနီး ယူလီယာ နာဗာနာယာသည် ၂၀၂၄ ခုနှစ်တွင် အာတိတ်စက်ဝိုင်းရှိ အကျဉ်းစခန်း၌ ပြစ်ဒဏ်ကျခံနေစဉ် သူမ၏ ခင်ပွန်းသည် အဆိပ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် နာဗာနာယာက နိုင်ငံနှစ်ခုရှိ ဓာတ်ခွဲခန်းများတွင် လျှို့ဝှက် သယ်ယူလာသည့် ဇီဝဗေဒဆိုင်ရာ နမူနာများကို စမ်းသပ်စစ်ဆေးချက်အရ သူမ၏ ခင်ပွန်းမှာ “လုပ်ကြံခံရခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသုံးပြုခဲ့သည်ဆိုသော အဆိပ်၊ နမူနာများ သို့မဟုတ် ခွဲခြမ်းစိတ်ဖြာချက်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သူမက ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဓာတ်ခွဲခန်းနှစ်ခုအား ၎င်းတို့၏ ရလဒ်များကို ထုတ်ပြန်ရန် တောင်းဆို ခေါ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အပေါ် နာဗာနာယာက “ကျွန်မရဲ့ ခင်ပွန်း အဆိပ်ခတ်ခံခဲ့ရတယ်ဆိုတာကို ပထမဆုံးနေ့ကတည်းက ကျွန်မ သေချာပေါက် သိခဲ့ပါတယ်၊ အခုတော့ သက်သေရှိသွားပါပြီ” ဟု တုံ့ပြန်ခဲ့သည်။

“နှစ်နှစ်တာကာလပတ်လုံး အမှန်တရားကို ဖော်ထုတ်ဖို့ စေ့စေ့စပ်စပ် ဆောင်ရွက်ပေးခဲ့ကြတဲ့ ဥရောပနိုင်ငံတွေကို ကျေးဇူးတင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားသည်။

ကရင်မလင် နန်းတော်ကမူ ယခုစွပ်စွဲချက်များအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

နာဗာလ်နီ သက်ရှိထင်ရှားရှိစဉ်အတွင်း ၎င်း၏အမည်ကိုပင် ထုတ်ဖော်ပြောဆိုရန် ရှောင်လွှဲ ခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ နာဗာလ်နီ သေဆုံးပြီး တစ်လအကြာတွင် လူတစ်ယောက် သေဆုံးခြင်းမှာ “အမြဲတမ်း စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း” အကျဉ်းရုံး ရည်ညွှန်းပြောဆိုခဲ့ဖူးသည်။

သေဆုံးချိန်တွင် နာဗာလ်နီသည် လုပ်ကြံဖန်တီးထားသော စွဲချက်များဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်ပြီး၊ အာတိတ်စက်ဝိုင်းရှိ အကျဉ်းစခန်းသို့ မကြာသေးမီကမှ ပြောင်းရွှေ့ခံခဲ့ ရခြင်းဖြစ်သည်။

ရုရှား၏ ထုတ်ပြန်ချက်များအရ အသက် ၄၇ နှစ်အရွယ် နာဗာလ်နီသည် ဆိုက်ဘေးရီးယား အကျဉ်းစခန်းတွင် လမ်းခေတ္တလျှောက်ပြီးနောက် နေမကောင်းဖြစ်ကာ လဲကျသွားပြီး သတိပြန်မရတော့ဘဲ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် နာဗာလ်နီ၏ မိသားစုက ၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

နာဗာလ်နီ (ပုံ)

နာဗာလ်နှီ ဇနီးယူလီယာ နာဗာနာယာ (Yulia Navalnaya) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက