နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အသက် ၁၃ နှစ်အရွယ်နဲ့ ထောင်ကျခဲ့တဲ့ ပါလက်စတိုင်း ကလေးငယ်ကို ၁၀ နှစ်အကြာမှာ အစ္စရေးပြန်လွှတ်

ဧပြီလ (၁၁) ရက်။

အဲ့ဒီ ပါလက်စတိုင်း ကလေးငယ်ကို ထောင်သွင်းအကျဉ်းချထားစဉ် တိုက်ပိတ်ပြီး ရက်စက်စွာ စစ်ကြောမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၃ နှစ်အရွယ်မှာ အစ္စရေးတို့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုနီးပါး အကျဉ်းကျခံခဲ့ရတဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးတို့က အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး သူ့ရဲ့မိသားစုနဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။

ရှေ့နေတွေရဲ့ ပြောပြချက်အရ လွတ်မြောက်လာသူမှာ အာမက် မာနာဆရာ (Ahmad Manasra) ဖြစ်တယ်လို့ သိရပါတယ်။ မိသားစုနဲ့ ပြန်လည်တွေ့ဆုံရာမှာ ပွဲကျင်းပတာ၊ မီဒီယာအင်တာဗျူးတွေ ပေးဆောင်မှုအပေါ် အစ္စရေးဘက်က ကန့်သတ်ချက်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။

မာနာဆရာကို သူ့ရဲ့ အစ်ကိုဝမ်းကွဲဟာဆန်က အရှေ့ဂျေရုဆလင်မှာ အစ္စရေးနှစ်ဦးကို ဓားဖြင့်ထိုးမှုနဲ့ ဆက်နွယ်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်မှာ အစ္စရေးတို့က ဖမ်းဆီးခဲ့ပါတယ်။

သူ့ရဲ့ အစ်ကိုဝမ်းကွဲဟာဆန်ကတော့ အခင်းဖြစ်ပွားရာနေရာမှာ ပစ်သတ်ခံခဲ့ရပြီး မာနာဆရာကိုတော့ ကားနဲ့ ဝင်တိုက်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

မာနာဆရာဟာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး မလှုပ်မရှားနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်ငိုကြွေးနေတာကို အစ္စရေးလူအုပ်ကြီးက အော်ဟစ်နေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့လာပြီးနောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ဖစ်ပါတယ်။

အစ္စရေး အာဏာပိုင်တွေက သူ့ကို စစ်ဆေးမေးမြန်းနေတယ်လို့ ယူဆရတဲ့ နောက်ထပ် ဗီဒီယိုတစ်ခုမှာ မာနာဆရာကို အစ္စရေးအာဏာပိုင်တွေက ရက်စက်ကြမ်းကြုတ်တဲ့ မေးခွန်းတွေကို အော်ကြီးဟစ်ကျယ် အသံနက်ကြီးနဲ့ မေးခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

မာနာဆရာဟာ ဓားနဲ့ တိုက်ခိုက်ရာမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အစ္စရေးတရားရုံးက အသိအမှတ်ပြု ခဲ့ပေမဲ့ လူသတ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။ အယူခံဝင်ပြီးနောက် ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ပြစ်ဒဏ်ကို ကိုးနှစ်ခွဲကို လျှော့ချခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက အစ္စရေးတို့ရဲ့ မာနာဆရာကို ကိုင်တွယ်ပုံအကို မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့ကို အချိန်အကြာကြီး တိုက်ပိတ်အကျဉ်းချထားမှုနဲ့ သူ့ရဲ့စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ စိတ်ရောဂါရှာဖွေစစ်ဆေးဖို့အအတွက် မာနာဆရာကို ပြန်လွှတ်ပေးဖို့ အစ္စရေးကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပါတယ်။

“ မန်နာဆာရာဟာ ဦးခေါင်းဒဏ်ရာတွေနဲ့ တိုက်ပိတ်အထီးကျန်အကျဉ်းချထားတာတွေကြောင့် ကလေးဘဝမှာ ပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် အလွန်ခက်ခဲတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ရှိနေတယ်” လို့ သူ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

အစ္စရေး အကျဉ်းထောင် အာဏာပိုင်တွေက မန်နာဆာရာကို ဧပြီလ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း အတည်ပြုခဲ့ပြီး “ အစ္စရေးအနေနဲ့ တရားဥပဒေစိုးမိုးတဲ့နိုင်ငံနဲ့အညီ ညှဉ်းပန်း နှိပ်စက်တာတွေ မရှိခဲ့ဘူး” လို့ ပြောကြားခဲ့တယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကြားနာပြီးနောက် တရားရုံးမှ ထွက်ခွာသွားခဲ့သည်အာမက် မာနာဆရာ (Ahmad Manasra) ကိုတွေ့ရစဉ်။

Ahmad Gharabli/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 27 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အလားတူစာရင်းတွင် ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 41 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 42 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN