နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကြားမှ အမေရိကန်နှင့် အီရန် နျူကလီးယားဆွေးနွေးပွဲများ စတင်နေချိန်တွင် သဘောတူညီချက်တစ်ခု ရနိုင်ပါသလား။

+++++++++++++++++++

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဟု သီတင်းပတ်ကုန်တွင် ပြောကြားပြီးနောက် အိုမန်၌ ဆွေးနွေးမှုများကို ယခုသီတင်းပတ်အစောပိုင်းတွင် တိုက်ရိုက်မဟုတ်ဘဲ လုပ်ဆောင်မည်ဖြစ်ကြောင်း တီဟီရန်က ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် စနေနေ့တွင် တွေ့ဆုံခဲ့ပြီး နျူကလီးယားအရေးနှင့် ပိတ်ဆို့ထားမှုဆိုင်ရာ ဆွေးနွေးပွဲများကို ဖြေရှင်းညှိနှိုင်းရန် လာမည့်သီတင်းပတ်တွင် ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ အစောပိုင်းတွင် ပြီးဆုံးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်တွင် အိမ်ဖြူတော်က အဆိုပါ ဆွေးနွေးမှုများကို အပြုသဘောဆောင်သည့် သဘောထားအဖြစ် ထုတ်ပြန်ခဲ့ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အလားတူထုတ်ပြန်ခဲ့သည်။

အမေရိကန် အရှေ့အလယ်ပိုင်း အထူးသံတမန် စတီ့ဗ် ဝတ်ကော့ဖ်(Steve Witkoff) နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီ (Abbas Araghchi) တို့သည် စနေနေ့ ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် အိုမန် နိုင်ငံခြားရေးဝန်ကြီးထံ အတိုချုံး သဘောထား ဖလှယ်ခဲ့ကြကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံကို ကိုးကား၍ အေပီသတင်းက ဖော်ပြသည်။

“နှစ်ဖက်စလုံးက တရားမျှတပြီး သင့်လျော်တဲ့ သဘောတူညီချက်တစ်ခုရဖို့ ဆန္ဒရှိကြောင်း ပြသဖို့ အလေးအနက် ကြိုးပမ်းခဲ့ပါတယ်” ဟု အာရာဂ်ချီက ပြောကြားခဲ့သည်။

အီရန်ကို လက်ရှိတည်ရှိနေသော ခြိမ်းခြောက်မှုအဖြစ် အစ္စရေးက ရှုမြင်ထားပြီး အမေရိကန်တို့က အီရန်သည် ရန်လိုသောအစိုးရဟုမြင်ပြီး ၎င်း၏ ပြိုင်ဘက်များကို ရင်ဆိုင်ရန် လူအစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်နိုင်သည့် လက်နက်များကို ထုတ်လုပ်ရန် ကြံစည်နေသည်ဟု အမေရိကန်က မြင်သည်။

တစ်ချိန်တည်းတွင် အီရန်၏ခေါင်းဆောင်များက၎င်း၏နျူကလီးယားထုတ်လုပ်ခြင်းဆန္ဒကို စွန့်လွှတ်ခြင်းကြောင့် ၎င်းနိုင်ငံသည် ရေရှည်တွင် ပိုမိုထိခိုက်နိုင်ခြေရှိသော အင်အားချိ့နဲ့မှု ဖြစ်လာမလား။ သို့မဟုတ် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းပြီး အစ္စရေးနှင့် အမေရိကန်တို့ထံမှ တိုက်ခိုက်မှု အန္တရာယ်ကို သိသိသာသာ မြင့်တက်လာစေမည့် လမ်းကြောင်းကို ရွေးချယ်မလားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

အီရန်သည် နျူကလီယားလက်နက်များ တီထွင်ထုတ်လုပ်နေခြင်းမရှိဟု အမြဲပြောဆိုခဲ့သော်လည်း ထိပ်တန်းအရာရှိများက ၎င်းအား တိုက်ခိုက်ပါက ၎င်းအချက်သည် ပြောင်းလဲသွားမည် ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းအား နျူကလီယားဗုံး တည်ဆောက်ရေးဆီသို့ တွန်းပို့ လိမ့်မည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့သည်။

အီရန်၏ မဟာရန်သူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့်အတူ တနင်္လာနေ့က စေ့စပ်ညှိနှိုင်းမှုများကို သမ္မတ ဒေါ်နယ်ထရန့်က အံ့အားသင့်ဖွယ် ကြေညာချက်တွင် ထုတ်ဖော်ခဲ့သည်။

ထရန့်က တီဟီရန် နှင့်ဆွေးနွေးမှုများကို “ တိုက်ရိုက်” ဆွေးနွေးပွဲအဖြစ် ကြွေးကြော် နေချိန်တွင် အာရာဂ်ချီသည် ယခုအချိန်တွင် စေ့စပ်ညှိနှိုင်းမှုများကို တိုက်ရိုက်မဟုတ်သောနည်းဖြင့် ယခုလောလောဆယ်တွင် လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ ထိုကွာဟချက်နှင့် ပတ်သက်၍ အိမ်ဖြူတော်က ဖြေကြားခြင်း မရှိပေ။

စနေနေ့တွင် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီး (Esmail Baghaei) က “သွယ်ဝိုက်သော ဆွေးနွေးပွဲများ” စတင်နေပြီ ဖြစ်ကြောင်း လူမှုပလက်ဖောင်း X တွင် ရေးသားခဲ့သည်။

Chatham House ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကပရိုဂရမ်မှ တွဲဖက်လုပ်ဖော်ကိုင်ဖက် Aniseh Bassiri Tabrizi က သွယ်ဝိုက်သော ဆွေးနွေးပွဲများသည် ဆက်သွယ်ရေး တံတားခင်းခြင်း၏အစဦးဖြစ်ပြီး တဖက်နှင့်တဖက်နားလည်းမှု ရရှိနိုင်စေဖို့ကို အကူအညီ ပြုသည်ဟုဆိုသည်။

“ဒါဟာ အရင် စကားဝိုင်းတွေထက် ပိုဖြစ်နိုင်ချေ ရှိနိုင်ပါတယ်” ဟု သူမက ဆိုသည်။ “အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှု မရှိသေးတာ ကြာပြီဆိုတာ ကျွန်မတို့ သတိပြုရမှာ ဖြစ်ပါတယ်။”

အမေရိကန်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ခြင်းဖြင့် ယခုသီတင်းပတ်ကုန်ဆွေးနွေးပွဲများတွင် တင်းတင်းမာမာ ရပ်တည်ခဲ့သည်။

အိုမန်ပင်လယ်ကွေ့တွင် ဆွေးနွေးမှုများအပေါ် ဆိုင်းငံ့ထားခြင်း ဆွေးနွေးပွဲရလဒ်များ ပျက်ကွက်ပါက “အီရန်သည် ကြီးမားသော အန္တရာယ်ကိုရင်ဆိုင်ရလိမ့်မည်”။ ထိုအချက်သည် ထရန့်၏ ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်သည်။ ထရမ့်သည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူညီချက်ကို မရရှိပါက အီရန်ကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား