နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း-ရုရှားစစ်ပွဲကိုရပ်ရန်အမေရိကန်အစိုးရ၏တွန်းအားပေးနေသည့်မူချမှတ်ထားမှုသည်မဟာမိတ်နိုင်ငံများကို စိုးရိမ်တပ်လှန့်သွားစေခဲ့သည်။

ဧပြီလ (၂၅) ရက်။

ထရန့်အစိုးရ၏ မူဘောင်ချမှတ်ထားမှုတွင် ယူကရိန်းမှ များပြားသည့် လိုက်လျောမှုကို လုပ်ဆောင် ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ခရိုင်းမီးယားကို ရုရှား၏နယ်မြေအဖြစ် တရားဝင် အသိအမှတ်ပြုပေးရမည်ဖြစ်ပြီး နယ်မြေအများအပြားကိုလည်း ပေးအပ်လိုက်ရမည် ဖြစ်သည်ဟု သိရှိသောအရာရှိတဦးက ပြောခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ဒုသမတဂျေဒီဗန့်က “ဒီနေ့ ရုရှားထိန်းသိမ်းထားတဲ့ နယ်မြေအခြေအနေတိုင်း ထိန်းထားပြီး နယ်ခြားကို သတ်မှတ်ရမယ်” ဟု ပြောဆိုထားသည်။

ရုရှားက ဘာတွေပြန်ပြီးပေးရမလဲလို့ မေးတဲ့အခါ ထရန့်က “စစ်ကို ရပ်မယ်” လို့ ပြောပြီး “ဒါကနိုင်ငံတစ်ခုလုံးကို ရယူဖို့ လုပ်တာမဟုတ်ရင်တော့ အရမ်းကို ကြီးမားတဲ့လိုက်လျောမှုပဲ” ဟု မှတ်ချက်ပေးခဲ့သည်။

မဟာမိတ်အများအပြားသည် ထရန့်အစိုးရ၏အဆိုပြုချက်ကြောင့် တုန်လှုပ်ခြောက်ခြား သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဆိုပြုချက်သည် အလွန်အန္တရာယ်ရှိသော သတင်းစကားကို ပူတင်နှင့် ရှီကျင့်ဖျင့် အပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များအား ပေးလိုက်ခြင်းဖြစ်ပြီး တရားမဝင်သိမ်းပိုက်အုပ်စိုးခြင်းကို ဆုလာဒ်အဖြစ် ရမည်ဆိုသည့် သတင်းကို ပေးလိုက်ခြင်းဖြစ်သည်။

“ဒါဟာ နိုင်ငံတကာဥပဒေရဲ့အခြေခံကျတဲ့စည်းမျဥ်းဥပဒေတခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ အခြားနိုင်ငံများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရဲ့ ဘယ်အကာအကွယ်မျိုးကိုမဆို အားနည်းအောင် လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ တည်ရှိနေမှုကို ခြိမ်းခြောက်စေတဲ့ အကြောင်းဖြစ်ပါတယ်” ဟု အရှေ့ဥရောပသံတမန်တဦးက CNN ကို ပြောခဲ့ပါသည်။

ဥရောပရှိ နိုင်ငံတစ်ခုဟာ ဖိအားပေးခံရပြီးသူ့ တရားဝင်တည်ရှိနေတဲ့ နိုင်ငံပိုင်နက်နယ်မြေ တစိတ်တပိုင်းကို ပေးအပ်ခိုင်းစေမယ်။ အခုယူကရိန်းလို လုပ်ခိုင်းစေမယ်ဆိုရင် နေတိုးအဖွဲ့ဝင် ဖြစ်ဖြစ် မဖြစ်ဖြစ် ဥရောပမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လိုမှ လုံခြုံတယ်လို့ ခံစားရနိုင်လိမ့်မယ် မဟုတ်ပါဘူး” ဟု သံတမန်က ပြောကြားခဲ့ပါသည်။

ယူကရိန်းပိုင် ခရိုင်မီးယားကို ရုရှားက မတရားသိမ်းပိုက်ခဲ့သော်လည်း ရုရှားပိုင်အဖြစ် သတ်မှတ်ခြင်းကို လက်တွေ့ကျကျ အမေရိကန်က အသိအမှတ်ပြုပေးခြင်းသည် အမေရိကန်၏ နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် ရုရှားအပေါ်ထားရှိသည့်ပေါ်လစီ ပြောင်းလဲသွားကြောင်း အတည်ပြုချက် ဖြစ်သည်။ ဥရောပအရာရှိများက သူတို့အနေနှင့် အမေရိကန် အသိအမှတ်ပြုပေးမှုကို လက်မခံကြောင်း ပြောကြားခဲ့ကြပြီး အမေရိကန်ကို အထီးကျန် ဖြစ်စေခဲ့သည်။

အာရှရှိမဟာမိတ်များသည်လည်း သေကြေမှုများအများအပြားဖြစ်ခဲ့သည့် စစ်ကိုအဆုံး သတ်ရန် အတွက် ရုရှားကို မျက်နှာသာပေးသည့် သဘောတူညီကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ကြသည်။

အမေရိကန်မိတ်ဖက်များ၏သီးသန့်ဆွေးနွေးမှုများတွင် အာရှသံတမန်များက ယူကရိန်း နယ်နမိတ်ကို သတ်မှတ်၍ဖြေရှင်းပေးခြင်းသည် နိုင်ငံတကာစည်းမျဥ်းကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေမည့်အရေးကို သူတို့အနေနှင့် စိုးရိမ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်။

“တရုတ်က စောင့်ကြည့်နေတယ်လို့ ကျွန်တော်တို့က ထရန့်အစိုးရကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့စိုးရိမ်တာက စစ်ပြီးဆုံးသွားရင် သူတို့အနေနဲ့သွေးထွက် သံယိုမှုတွေကို ကျူးလွန်ခဲ့တဲ့ရုရှားကို စစ်ရပ်ဆိုင်းနိုင်ဖို့အတွက် အသာပေးပြီး ပိုင်ဆိုင်ခွင့်ပေးလိုက်ဟာ နောက်လူတွေကိုလည်း ဒီလိုလုပ်နိုင်တယ်ဆိုတဲ့အချက်ပေးလိုက်မှာကို စိုးရိမ်တာဖြစ်တယ်” ဟု အာရှသံတမန်တဦးကဆိုသည်။

မျက်လုံးများအားလုံးသည် ထရန့်အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဗ် (Steve Witkoff) နှင့် ပူတင်တို့ သောကြာနေ့တွင် တွေ့ဆုံမည့်အခြေအနေကို အာရုံစိုက်နေကြသည်။

ဥရောပနိုင်ငံများ

ယူကရိန်းနှင့် အမေရိကန်အရာရှိများ ဗုဒ္ဓဟူးနေ့က လန်ဒန်တွင် ဆွေးနွေးခဲ့မှုသည် တိုးတက်မှုရှိသည်ဟုဆိုသည်။ သို့ရာတွင် ဥရောပနိုင်ငံအများအပြားက တိုးတက်လာမှု အခြေအနေသည် ထရန့်၏ အမြန်ဆုံးစစ်ကို ရပ်ဆိုင်းချင်သည့် ရည်မှန်းချက်ကို ကျေနပ်လောက်အောင်ဖြစ်စေမည် မဟုတ်ကြောင်း စိုးရိမ်ခဲ့ကြသည်။

ပူတင်က အမေရိကန်၏ မျက်နှာသာရရှိရန် ဝတ်ကော့ဗ် (Witkoff) အား မည်သို့သော အပိုကတိများပေးမည်ကို စိုးရိမ်မှုများလည်း ရှိနေပြီး ရုရှားသမ္မတကို အယုံအကြည်မရှိရန် ဥရောပခေါင်းဆောင်များက သတိပေးထားခဲ့သည်။

ရုရှနိုင်ငံ ကိယက်ဗ်မြို့ကို အသေအပျောက်အပျက်အစီးများကို ဖြစ်စေသည့် ဒုံးကျည်ပစ်ခတ်မှုအပြီး ရုရှားခေါင်းဆောင်ကို မကျေနပ်ကြောင်း ကြာသပတေးနေ့ မနက်ပိုင်းမှာ ထရန့်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါဟာ မလိုအပ်ဘဲနဲ့ အလွန်ဆိုးရွားတဲ့အချိန် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါသည်။

“ဗလာဒီမာ၊ ရပ်လိုက်ပါတော့။ တစ်ပတ်မှာ စစ်သား ၅၀၀၀ သေဆုံးနေပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရရှိအောင် လုပ်ကြပါစို့” ဟု Truth Social တွင် ထရန့်က ရေးသားခဲ့သည်။

သို့သော် နာရီပိုင်းအကြာတွင် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကို လိုလားသည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက